ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၆ စာ. ၁
  • ကိုယ်ပိုင်လေ့လာမှု—အလေးထားရမည့်ကိစ္စ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်ပိုင်လေ့လာမှု—အလေးထားရမည့်ကိစ္စ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၈/၀၆ စာ. ၁

ကိုယ်ပိုင်လေ့လာမှု—အလေးထားရမည့်ကိစ္စ

၁ အဘယ်ကိစ္စများကို အထူးအလေးထားရမည်နည်း။ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေး ပြုစုပျိုးထောင်ပြီး ထိန်းသိမ်းထားခြင်းတို့ကို ဖြစ်သည်။ ထိုရင်းနှီးမှု တိုးတက်လာစေရန် ကိုယ်ပိုင်လေ့လာမှုက များစွာအကျိုးပြုသည်။ ယနေ့အချိန်တွင် တွေးတောဆင်ခြင်ရန်နှင့် ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်များများပေးနိုင်သူ အလွန်နည်းသည်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့မှန်မှန်မဖတ်လျှင် လောကစိတ်ဓာတ်နှင့် ကိုယ်ကာယတပ်မက်ခြင်းတို့ကို ငြင်းဆန်ဖို့ ခွန်အားမရှိသည်အထိ အားနည်းသွားနိုင်ပါသည်။

၂ နှုတ်ကပါဌ်တရားကို အလွန်လိုချင်သောစိတ်ရှိပါ– ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်း ကျွန်ုပ်တို့စသိလာချိန်က ပိုသိချင်စိတ် ပြင်းပြခဲ့ကြသည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ဝိညာဏအစာကို ငတ်မွတ်ဆာလောင်စိတ် လျော့နည်းခဲ့ပေမည်။ ဝိညာဉ်အစာကို “အလွန်လိုချင်သောစိတ်ရှိ” စေရန် ပြုစုပေးဖို့ လိုအပ်နေပေမည်။ (၁ ပေ. ၂:၃) ထိုသို့အလွန်လိုချင်စိတ်ကို မည်သို့ ပြုစုပျိုးထောင်နိုင်မည်နည်း။

၃ မြိန်ရေရှက်ရေစားခဲ့ဖူးသည့် အနှစ်သက်ဆုံးအစားအစာ၏ရနံ့ကို ရသည်နှင့် စားချင်စိတ်ပေါ်လာပေမည်။ အချိန်တို ကိုယ်ပိုင်လေ့လာမှု ပြုလုပ်ရုံဖြင့် ဝိညာဉ်ရေးအရ ထပ်တူပင် ဖြစ်လာနိုင်သည်။ အရသာရှိ ဝိညာဏအစာ တစ်လုတ်နှစ်လုတ်စားရုံဖြင့် နက်နဲသော သမ္မာတရားကိုသုံးဆောင်ရန် ခံတွင်းလိုက်လာလိမ့်မည်။ သင်ယူလေ့လာခြင်းမှ ရရှိသည့်ကျေနပ်မှုက ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို ပိုမိုစူးစမ်းရှာဖွေရန် အားပေးမှု ဖြစ်စေပေမည်။

၄ သင့်အတွက် အကျိုးအရှိဆုံးလုပ်ရိုးလုပ်စဉ်တစ်ခု ထားပါ– အချို့က ကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့ တစ်ညနေလုံးကို သတ်မှတ်ထား၏။ အခြားသူများမူကား ထိုမျှအချိန်မကြာသော်လည်း အကြိမ်ကြိမ်ပြုလုပ်လိုကြမည်။ နံနက်စောစောတွင် ပိုအာရုံစူးစိုက်နိုင်မည်ဆိုလျှင် နံနက်စာမစားမီ လေ့လာရန် စိတ်ဆုံးဖြတ်ပေမည်။ ညနေချိန်တွင် ပိုမိုနိုးကြားမည်ဆိုလျှင် ညအိပ်ရာမဝင်မီ လေ့လာမှုပြုလုပ်လိုပေမည်။ မည်သို့ဆိုစေ၊ အရေးကြီးသည်ကား သင့်အတွက် အကောင်းဆုံးအချိန်တွင် မှန်မှန်လေ့လာမှုပြုလုပ်ရန်ဖြစ်သည်။

၅ ကိုယ်ပိုင်လေ့လာမှု များများပြုလုပ်ကြရန် အားပေးခံရသည့်အခါ အလုပ်များသည်ဟု ချက်ချင်းဆင်ခြေပေးပေမည်။ သို့ရာတွင် ကျွန်ုပ်တို့အားလုံး မိမိတို့အချိန်ကို မည်သို့အသုံးပြုကြောင်း ရိုးသားစွာအကဲဖြတ်ဖို့လိုသည်။ နေ့စဉ် ရုပ်မြင်သံကြားရှေ့တွင် အချိန်ဖြုန်းနေပါသလော။ ကျွန်ုပ်တို့စိတ်ဝင်စားရာအချို့ကို စွန့်လွှတ်ရန်အသင့်ရှိပါသလော။ အချိန်ကို မည်သို့အသုံးပြုနေကြောင်း အရှိအတိုင်း စစ်ဆေးကြည့်ခြင်းအားဖြင့် ကိုယ်ပိုင်လေ့လာမှုအတွက် နေ့စဉ် အချိန်အနည်းငယ် အသုံးပြုနိုင်ကြောင်း တွေ့ရှိလာပေမည်။—ဧ. ၅:၁၅၊ ၁၆။

၆ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လုံးဝအာရုံစူးစိုက် လေ့လာသင့်သည်။ လေ့လာမှုပြုနေရင်း အခြားအလုပ်တစ်ခုကို လုပ်ကိုင်ခြင်းသည် အကျိုးအနည်းငယ်သာရစေသည်။ အစာစားစဉ်၊ ရေဒီယိုနားထောင်စဉ်၊ ရုပ်မြင်သံကြားကြည့်စဉ် လေ့လာမှုပြုလုပ်မည်ဆိုလျှင် အာရုံစိုက်နိုင်မည်မဟုတ်ပေ။ (၁ တိ. ၄:၁၅) ထိုကြောင့် အာရုံပျံ့လွင့်စေမည့်အရာများကို ရှောင်ကြဉ်ရန်လိုသည်။—ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၂၇-၈ ရှု။

၇ ကျမ်းစာသြဝါဒကို နေ့စဉ်လေ့လာပြီး ကျင့်သုံးခြင်းသည် အရေးကြီးသည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းဖြင့် ယေဟောဝါထံမှ လမ်းပြညွှန်ကြားမှုကို ကျွန်ုပ်တို့ရရှိသောကြောင့်ဖြစ်သည်။ ပုံနှိပ်စာမျက်နှာပေါ်မှ သမ္မာတရားကို သင့်နှလုံးထဲရောက်စေရန် ပန်းတိုင်ထားပါ။ အချိန်မည်မျှပင် တိုတောင်းစေကာမူ အခွင့်အရေးရသရွေ့ ဝိညာဏရေးရာများကို ဖတ်ရှုလေ့လာ၊ ပြန်လည်သုံးသပ်၍ တွေးတောဆင်ခြင်ပါ။—တရား. ၆:၆-၈; ကော. ၁:၉-၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ