ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၆ စာ. ၁
  • ဌာနခွဲမှစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဌာနခွဲမှစာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ဘုရားသခင်၏အိမ်တော်” ကို တန်ဖိုးထား လေးစားစွာ ရှုမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မေ့လျော့မခံရတဲ့ အလုပ်မွန်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၉/၀၆ စာ. ၁

ဌာနခွဲမှစာ

ချစ်လှစွာသော နိုင်ငံတော်ကြေညာသူများ–

ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် ကြိုးစားလုပ်ဆောင်နေကြသော အသင် ညီအစ်ကို၊ ညီအစ်မအားလုံးကို ဗေသလအိမ်မှ ကျွန်ုပ်တို့က ကျေးဇူးတင်လေးမြတ်ကြောင်း ပြောလိုပါသည်။ ကြေညာသူ ၈၀၀ နီးပါးသည် ရွှင်လန်းမှုဖြစ်စေသည့် ကျမ်းစာသင်အံမှုကျင်းပခြင်းတွင် ပါဝင်နေကြကြောင်း မကြာသေးမီကရရှိသောမှတ်တမ်းများက ဖော်ပြသည်။ ဗေသလမိသားစုဝင်အားလုံးသည်လည်း ကျမ်းစာသင်အံမှုများ ပို၍ကျင်းပရန်နှင့် သင်သားများကို အစည်းအဝေးများသို့ ဖိတ်ခေါ်ရန် ကြိုးစားနေကြသည်။—မ. ၂၈:၁၉။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ယေဟောဝါသည် မြန်မာနိုင်ငံကို နိုင်ငံတော်ခန်းမအသစ်များစွာဖြင့် ကောင်းချီးပေးခဲ့သည်။ ယင်းနိုင်ငံတော်ခန်းမများသည် ရပ်ကွက်တွင် စံနမူနာကောင်းဖြစ်သောကြောင့် ယင်းအတွက် ကျွန်ုပ်တို့ဂုဏ်ယူကြသည်။ ယခု ကျွန်ုပ်တို့သည် နိုင်ငံတော်ခန်းမများကို သန့်ရှင်းစွာထားခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို ကျေးဇူးတင်ကြောင်း တင်ပြကြရမည်။

ဤသည်မှာ ကျွန်ုပ်တို့တိုးတက်နိုင်သည့်ကဏ္ဍဖြစ်နိုင်မည်လော။ အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းခြင်းဟူသည် မပြတ်လုပ်ဆောင်နေရမည့်အလုပ်ဖြစ်ပြီး အားလုံးပါဝင်လုပ်ဆောင်ကြမည်ဆိုလျှင် အလုပ်ကြိုးစားသော ညီအစ်ကိုတစ်ဦးနှစ်ဦးအပေါ် အလုပ်ဝန်ပိစေမည်မဟုတ်ပါ။

ခန်းမကို သန့်သန့်ရှင်းရှင်းထားခြင်းက ပြုပြင်ထိန်းသိမ်းရန်လိုအပ်ချက်ကို လျှော့နည်းစေသည်။ ဥပမာ၊ ခန်းမနံရံများကို သန့်ရှင်းစွာထားမည်ဆိုလျှင် ယင်းတို့ကို ဆေးသုတ်ရန်အကြိမ်လျှော့နည်းစေမည်။ နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အထွေထွေတာဝန်ထမ်းဆောင်ရန် ညီအစ်ကိုတစ်ဦးကို တာဝန်ပေးထားမည်ဖြစ်သည့်တိုင် ကလေးများအပါအဝင် အားလုံး ပါဝင်ကူညီနိုင်သည်။

ဤနိုင်ငံရှိ စစ်မှန်သောဝတ်ပြုရေးကို ထောက်မကူညီပေးရာတွင် ကျွန်ုပ်တို့၏တလိုတလားစိတ်ထားကို ယေဟောဝါကောင်းချီးပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါလေ။—ဟေဗြဲ ၆:၁၀။

သင်တို့၏ညီအစ်ကိုများ၊

မြန်မာနိုင်ငံဌာနခွဲ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ