ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၅ စာ. ၁
  • ယေဟောဝါအား အစဉ်မပြတ်ချီးမွမ်းထောမနာပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါအား အစဉ်မပြတ်ချီးမွမ်းထောမနာပြု
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးထားခြင်း—နှုတ်ခမ်းအသီး ချီးမွမ်းခြင်းယဇ်ကို အမြဲပူဇော်ခြင်းအားဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းလော့
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၀/၉၅ စာ. ၁

ယေဟောဝါအား အစဉ်မပြတ်ချီးမွမ်းထောမနာပြု

၁ ကျွန်ုပ်တို့ အစဉ်မပြတ်ဂရုစိုက်နေရသည်အထိ အရေးကြီးသောလုပ်ငန်း အနည်းငယ်ရှိသည်။ ယင်းတို့တွင် အစာစားခြင်း၊ အသက်ရှူခြင်းနှင့် အိပ်စက်ခြင်းတို့ကို ကျွန်ုပ်တို့ထည့်သွင်းကြသည်။ ကျန်းမာရေးကောင်းနေဖို့ရန် ယင်းတို့ကိုပြုလုပ်ဖို့လိုအပ်သည်။ ၎င်းတို့နှင့် ဟောပြောခြင်းလုပ်ငန်းကို တစ်တန်းတစ်စားတည်းထားပြီး တမန်တော်ပေါလုက ဤသို့တိုက်တွန်းသည်– “ချီးမွမ်းခြင်းယဇ်ကို . . . ဘုရားသခင်ထံ အစဉ်မပြတ် ပူဇော်ဆက်ကပ်ကြကုန်အံ့။”(ဟေဗြဲ ၁၃:၁၅၊ ကဘ) ထို့ကြောင့်၊ ယေဟောဝါအား ချီးမွမ်းထောမနာပြုခြင်းကိုလည်း အမြဲဂရုစိုက်နေသင့်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်ခမည်းတော်ကို နေ့စဉ်နေ့တိုင်း အစဉ်မပြတ်ချီးမွမ်းထောမနာပြုနေသင့်သည်။

၂ ယေရှုကို စိတ်အာရုံပြောင်းလွဲသွားစေရန် အခြားသူတို့က ကြိုးစားသောအခါ ကိုယ်တော်ဤသို့တုံ့ပြန်ခဲ့သည်– “ငါသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာရမည်။” (လု. ၄:၄၃၊ ကဘ) ကိုယ်တော် ဓမ္မအမှုဆောင်ရွက်တော်မူချိန် သုံးနှစ်ခွဲအတွင်း နေ့စဉ်နေ့တိုင်း ပြုသမျှအမှုများသည် တစ်နည်းနည်းဖြင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှားရေးနှင့် တိုက်ရိုက်ဆက်နွှယ်သည်။ ထိုသို့ပေါလုယူမှတ်ကြောင်း ၁ ကောရိန္သု ၉:၁၆ ပါအချက်က ကျွန်ုပ်တို့အားသိရှိစေသည်– “ငါသည်ဧဝံဂေလိတရား [“သတင်းကောင်း၊” ကဘ] ကို . . . မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။” အခြားသစ္စာရှိ ခရစ်ယာန်များလည်း သူတို့၌ရှိသော မျှော်လင့်ခြင်းအကြောင်းကို အခြားသူများအားချေပပြောဆိုဖို့အစဉ်အသင့်ရှိရန် တိုက်တွန်းခံရသည်။ (၁ ပေ. ၃:၁၅) ယနေ့ စိတ်ဇောထက်သန်သော ရှေ့ဆောင်ထောင်ပေါင်းများစွာနှင့် အသင်းတော်ကြေညာသူ သန်းပေါင်းများစွာတို့သည် ထိုပုံသက်သေကောင်းများကို တုပရန် ကြိုးစားအားထုတ်နေကြသည်။

၃ ကျွန်ုပ်တို့၏စံပြ ယေရှုခရစ်ဖော်ပြခဲ့သော စိတ်အားထက်သန်မှုကို ပြန်သုံးသပ်ကြည့်မည်ဆိုလျှင် ကိုယ်တော်၏ခြေတော်ရာကိုအနီးကပ်လိုက်လျှောက်ရန် လှုံ့ဆော်ခံရသည်။ (၁ ပေ. ၂:၂၁) နေ့စဉ်ဘဝအသက်တာ၏ အခက်အခဲပြဿနာများကို ရင်ဆိုင်ရသည့်အခါ တစ်ခါတစ်ရံစိတ်ဓာတ်ကျပေမည်။ အချိန်ပြည့်ဝမ်းစာရှာလုပ်ငန်း လုပ်ကိုင်နေရမည်ဆိုလျှင် အခွင့်အရေးရှာယူပြီး ယေဟောဝါကို နေ့စဉ် မည်သို့ချီးမွမ်းနိုင်မည်နည်း။ အချိန်ကုန်သော မိသားစုတာဝန်များကိုလည်း ကျွန်ုပ်တို့ပစ်ပယ်မထားနိုင်ပေ။ လူငယ်များစွာတို့သည် နေ့စဉ်ပင် ကျောင်းစာနှင့် အလုပ်များနေကြရသည်။ ယင်းကြောင့် ယေဟောဝါကို လူသူရှေ့နေ့စဉ် ချီးမွမ်းထောမနာ မပြုနိုင်ဟု အချို့ယူမှတ်ပေမည်။ တစ်ခါတစ်ရံ အချို့သူများသည် တစ်လလုံးလုံး သတင်းကောင်းကို တစ်နည်းနည်းဖြင့် မဟောပြောဘဲနေပေမည်။

၄ ယေရမိသည် မဟောဘဲမနေနိုင်သူတစ်ဦးဖြစ်သည်။ ယေဟောဝါ၏နာမတော်ကို အမှီပြု၍ တစ်ခဏမဟောဘဲနေမိသောအခါ သူ၏အထဲတွင် အောင့်အည်းမနေနိုင်လောက်အောင် မီးလောင်သကဲ့သို့ သူခံစားခဲ့ရသည်။ (ယေ. ၂၀:၉) အတိုက်အခံ အပြင်းအထန်ခံရသည့်ကြားတွင်ပင် ယေရမိသည် သူတစ်ပါးအား ယေဟောဝါ၏ နှုတ်ကပါဌ်တရားတော်ကို တစ်နည်းနည်းဖြင့် အမြဲ ရှာကြံ ဟောပြောခဲ့သည်။ ကျွန်ုပ်တို့လည်း သူ၏သတ္တိရှိပုံသက်သေကိုတုပပြီး ဖန်ဆင်းရှင်ကို နေ့စဉ်ချီးမွမ်းထောမနာပြုရန် အခွင့်အရေးများ အမြဲရှာယူမည်လော။

၅ အသင်းတော်ရပ်ကွက်၌ အခြားကြေညာသူများနှင့်အတူ သက်သေခံကြဖို့ ကြိုတင်စီစဉ်ထားချိန်တွင်သာ ယေဟောဝါအကြောင်း ပြောဆိုရန် မကန့်သတ်ထားသင့်ပါ။ နားထောင်မည့်သူရှိဖို့သာလိုပါသည်။ ကျွန်ုပ်တို့သည် လူများနှင့် နေ့စဉ်အမြဲတွေ့ဆုံတတ်သည့်—အိမ်သို့ရောက်လာသူ၊ အလုပ်ခွင်တွင် အတူတူအလုပ်လုပ်သူ၊ ဈေးတွင် ဆုံတွေ့သူ၊ သို့မဟုတ် ဘတ်စကား အတူတူစီးသူတို့ရှိသည်။ အပြန်အလှန်စကားပြောဆိုဖို့ရန် ခင်မင်ရင်းနှီးစွာနှုတ်ဆက်ပြီး စဉ်းစားစရာမေးခွန်း သို့မဟုတ် စကားတစ်ခွန်း ပြောလိုက်ရုံသာလိုသည်။ ဤနည်းသည် အကျိုးအဖြစ်ထွန်းဆုံး သက်သေခံနည်းဖြစ်ကြောင်း များသောအားဖြင့် တွေ့ရှိခဲ့ကြပြီ။ အခြားသူများကို သတင်းကောင်းပြောဆိုခွင့် များစွာရှိလျက်နှင့် တစ်လလုံးလုံး နိုင်ငံတော်အကြောင်း သက်သေမခံဘဲနေခြင်းကို စဉ်းစားရခက်သည်။

၆ ယေဟောဝါအား ချီးမွမ်းထောမနာပြုခွင့်သည် ဘယ်သောအခါမျှ ရပ်စဲသွားမည်မဟုတ်ပါ။ ဆာလံဆရာပြောသည့်အတိုင်းပင် သက်ရှိအားလုံးသည် ယေဟောဝါကို ချီးမွမ်းသင့်သည်။ ထိုသူတို့တွင် ကျွန်ုပ်တို့လည်း အမှန်ပါဝင်လိုပေမည်။ (ဆာ. ၁၅၀:၆) ထိုသို့အစဉ်မပြတ်ပြုလုပ်ရန် လှုံ့ဆော်ခံရမည်ဆိုလျှင် ယေဟောဝါနှင့် ကိုယ်တော်၏နှုတ်ကပါဌ်တရားတော်အကြောင်းကို ပြောဆိုရန် အခွင့်အရေးများ နေ့စဉ်နေ့တိုင်း ရှာကြံကြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ