ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၅ စာ. ၁
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းလော့
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • သင် အလွတ်သဘောသက်သေခံနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • နှိုးဆော်သံကို နေ့စဉ်ထုတ်ဆင့်ပါ—တစ်နေ့ ပြီးတစ်နေ့ ယေဟောဝါကို ဝမ်းမြောက်စွာ ချီးမွမ်းလော့!
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၂/၉၅ စာ. ၁

ယေဟောဝါကို နေ့စဉ်ချီးမွမ်းလော့

၁ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါသည် အံ့ချီးဖွယ်မေတ္တာရှင်၊ ဖန်ဆင်းတော်မူသောသခင်၊ အသက်နှင့် ပျော်ရွှင်မှုရှိရှိသမျှတို့၏ ပင်ရင်းအမြစ် ဖြစ်တော်မူသည်။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ထောက်ထားပြီး ကိုယ်တော်၏ဖန်ဆင်းခြင်းအပေါင်းထံမှ ချီးမွမ်းထောမနာပြုမှုကို အမှန်ခံထိုက်တော်မူသည်။ ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် ဆာလံဆရာနည်းတူ ဤသို့ပြောဆိုလိုကြ၏– “အကျွန်ုပ်မူကား အစဉ်မျှော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ချီးမွမ်းပါမည်။ ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြားပါမည်။” (ဆာ. ၇၁:၁၄၊ ၁၅) ယင်းသို့ပြုရန် ယေဟောဝါကိုနေ့စဉ်နေ့တိုင်းချီးမွမ်းရန် နည်းလမ်းများရှာကြံ၍ ကိုယ်တော်၏ကောင်းမှုအပြင် ကိုယ်တော်၏ဖြောင့်မတ်ခြင်း၊ ကယ်တင်ခြင်းအတွက် ပြင်ဆင်တော်မူချက်များအကြောင်းကို ပြောဆိုရန် လှုံ့ဆော်ခံထိုက်သည်။

၂ အစောပိုင်းခရစ်ယာန်များသည် ယေဟောဝါကိုချီးမွမ်းထောမနာပြုရေးတွင် ပုံသက်သေဖြစ်ခဲ့သည်။ ပင်တေကုတ္တေပွဲနေ့တွင် နှစ်ခြင်းခံသူ ၃,၀၀၀ နှင့်ပတ်သက်၍ တမန်တော် ၂:၄၆၊ ၄၇ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍ . . . ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်းအခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရား [“ယေဟောဝါ၊” ကဘ] သည် သင်းဝင်စေတော်မူ၏။” သူတို့သည် ယေဟောဝါနှင့် ကိုယ်တော်၏မေရှိယသခင်အကြောင်း အံ့ချီးဖွယ်သမ္မာတရားများကို တိုးသိနားလည်လာနေကြသည်။ သူတို့၏ပျော်ရွှင်မှုသည် ကူးစက်သွားသဖြင့် ထပ်ဆင့်၍ အခြားသူတို့ကိုပါ ကြားနာသမျှမှသင်ယူစေပြီး ယေဟောဝါအားချီးမွမ်းထောမနာပြုစေကြသည်။

၃ အခွင့်အရေးများနေ့စဉ်ရှိ– ယနေ့ အလွတ်သဘောသက်သေခံကြခြင်းအားဖြင့် ယေဟောဝါကို နေ့စဉ်ချီးမွမ်းနိုင်ကြောင်း များစွာသောသူတို့ တွေ့ရှိနေကြသည်။ ကြိုတင်စီစဉ်မှုရှိခြင်းက သူတို့အား သာ၍တိုးတက်စေသည်။ အလွတ်သဘောသက်သေခံရန် စိတ်ဆုံးဖြတ်ထားသောညီအစ်မတစ်ဦးသည် မိမိ၏ကားပြတင်းပေါက်နှစ်ချပ်ကွဲနေပြီး ဖောက်ထွင်းထားကြောင်း တွေ့ရှိခဲ့ရာ သူမသည် ကားပြုပြင်ရေးဌာနကိုအကြောင်းကြားလိုက်၍ စက်ပြင်ရောက်လာသည့်အခါ သူ့အားသက်သေခံရန် ပြင်ဆင်သည်။ သူမ၏ပြင်ဆင်မှုတွင် ယေဟောဝါ၏လမ်းပြမှုအတွက် ဆုတောင်းခြင်းလည်း ပါဝင်သည်။ အခြေအနေအရ သူမသည် စက်ပြင်အား တစ်နာရီကြာသက်သေခံခွင့်ရပြီး သူနှင့်ထာဝစဉ်အသက်ရှင်စာအုပ် ဝေငှနိုင်ခဲ့သည်။

၄ အခြားညီအစ်မတစ်ဦးသည် မိမိ၏ခွေးကို လမ်းထွက်လျှောက်ပေးစဉ် ထပ်တူပြုသော အိမ်နီးချင်းတစ်ဦးနှင့် တွေ့ဆုံလေ့ရှိသည်။ တစ်ချိန်တွင် ဤအမျိုးသမီးနှစ်ဦးသည် ဘဝပြဿနာများအကြောင်း အလေးအနက်ဆွေးနွေးခွင့်ရကြသည်။ ထိုအချိန်မှစတင်ပြီး အကြိမ်ကြိမ်စကားပြောဆိုဆွေးနွေးခဲ့၏။ အတန်ကြာလေသော် သူမနှင့် ကျမ်းစာသင်အံမှု စတင်ကျင်းပသည်။ စိတ်ဝင်စားစရာမှာ အိမ်နီးချင်းသည် ဘုရားကိုလည်းကောင်း၊ ကျမ်းစာကိုလည်းကောင်း မယုံသူဖြစ်သဖြင့် ယေဟောဝါသက်သေများသာ သူမ၏အိမ်သို့ ရောက်လာမည်ဆိုလျှင် သူမသည် နားထောင်လိမ့်မည်မဟုတ်ဟု နောက်ပိုင်းတွင် ဝန်ခံပြောဆိုသည်။

၅ အချို့သူများက မိမိတို့၏အိမ်သို့ ဈေးသည်များ သို့မဟုတ် အခြားသူများ ရောက်ရှိလာသည့်အခါ သက်သေခံခွင့်ရကြသည်။ အိုင်ယာလန်နိုင်ငံရှိ ညီအစ်မတစ်ဦးအိမ်သို့ အသက်အာမခံအရောင်းစာရေးတစ်ဦး ရောက်လာသည်။ ညီအစ်မဖြစ်သူက မိမိသည် ထာဝရစံစားရန် မျှော်လင့်ချက်ရှိကြောင်း ရှင်းပြသည်။ ယင်းခံယူချက်သည် ရိုမန်ကက်သလစ်တစ်ဦးဖြစ်သော ထိုသူအတွက် အထူးအဆန်းဖြစ်နေသည်။ သူသည် ထာဝစဉ်အသက်ရှင်စာအုပ်ကိုလက်ခံယူပြီး နောက်တစ်ပတ်တွင် အစည်းအဝေးတက်၍ ကျမ်းစာသင်အံမှုပြုလုပ်ရန်လည်း သဘောတူခဲ့သည်။ ယခု ဤအရောင်းစာရေးသည် နှစ်ခြင်းခံပြီးသော ညီအစ်ကိုတစ်ဦးဖြစ်ချေပြီ။

၆ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါအား နေ့စဉ်ချီးမွမ်းရန် အခွင့်အရေးများကို ရှာကြံယူသင့်သည်။ ဧည့်သည်လာသည့်အခါ လွယ်လွယ်နှင့်ပေးနိုင်ရန် မဂ္ဂဇင်းများ၊ သို့မဟုတ် ဝေစာများကို မြင်သာသောနေရာတွင်ထားလျှင် အထောက်အကူဖြစ်ပေမည်။ အချို့ဒေသတွင် ပန်းခြံထိုင်ခုံ၌ ခေတ္တအပန်းဖြေသူများကို သက်သေခံခွင့်ရရှိပေမည်။ ကျောင်းတွင်ရှိ သက်သေခံလူငယ်အနည်းငယ်သည် သူတို့၏စားပွဲပေါ်တွင် ကျမ်းစာစာပေများကိုတင်ထားကြပြီး ယင်းကိုသတိပြု၍ မေးခွန်းများမေးမြန်းသူတို့အား စကားပြောဆိုခွင့်ရရှိကြသည်။ သင်အသုံးပြုနိုင်မည့် ကျမ်းချက်တစ်ချက်နှစ်ချက်ကို စိတ်စွဲမှတ်ထားပါ။ ယေဟောဝါ၏အကူအညီကို တောင်းဆိုပါ။ ဤသို့ပြုခြင်းအားဖြင့် သင်ကောင်းချီးရပါလိမ့်မည်။—၁ ယော. ၅:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ