ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၆ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁/၉၆ စာ. ၇

ကြေညာချက်များ

▪ ဇန်နဝါရီအတွင်းအသုံးပြုရန်စာပေ– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း၊ “ငြိမ်းချမ်းရေးမင်းသား” လက်အောက် ကမ္ဘာ့လုံခြုံမှု [လိပ်] သို့မဟုတ် စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံရေး—ယင်းကို သင်ရနိုင်မည်လော [လိပ်]။ ၁၉၈၂ မတိုင်မီက ထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိမည်သည့်စာအုပ်ကိုမဆို ဦးဆုံးဝေငှသင့်သည်။ ဖေဖော်ဝါရီ– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း သို့မဟုတ် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] မတ်– ထာဝရအသက်ရစေသော အသိပညာ [လိပ်] သို့မဟုတ် မြန်မာ သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း။ ဧပြီ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ ထပ်ခါတလဲအမှုဆောင်သောရပ်ကွက်များတွင် (ပညာရေးနှင့် ကျောင်းဘရိုရှာများမှအပ) မည်သည့်ဘရိုရှာကိုအဆို အသုံးပြုနိုင်ပါသည်။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားသူတွေ့ရှိပါက နှစ်စဉ်ကြေးများကမ်းလှမ်းနိုင်သည်။

▪ အသင်းတော်များတွင် သတိရအောက်မေ့ပွဲကို ဤနှစ် အင်္ဂါနေ့၊ ဧပြီ ၂ ရက်နေ့၊ နေဝင်ပြီးချိန်တွင်ကျင်းပရန် အဆင်ပြေစွာစီစဉ်သင့်သည်။ စိတ်ဝင်စားခါစ လူသစ်များတက်ရောက်ရန် အဆင်မပြေသည်အထိ သတိရအောက်မေ့ပွဲကျင်းပချိန်သည် နောက်မကျလွန်းသင့်ပါ။ ထို့ ပြင် အစီအစဉ်သည် ပွဲတော်ကျင်းပပြီးနောက် ဧည့်သည်များကိုနှုတ်ဆက်ခြင်း၊ အချို့သူများကို ဝိညာဉ်ရေးဘက် ဆက်အကူအညီပေးရန် အစီအစဉ်များ ပြုလုပ်ခြင်း၊ သို့မဟုတ် တစ်ဦးကိုတစ်ဦး အပြန်အလှန်အားပေးမှု မပြုလုပ်နိုင်သည့်တိုင် မဖြစ်သင့်ပါ။ အရာခပ်သိမ်းကို ဆင်ခြင်သုံးသပ်ပြီးနောက် သတိရအောက်မေ့ပွဲတက်ခြင်းအားဖြင့် အကျိုးအပြည့်အဝခံစားရရန် အကောင်းဆုံးအစီအစဉ်များကို အကြီးအကဲများ ဆုံးဖြတ်စီစဉ်ပေးပါမည်။

▪ ၁၉၉၆ သတိရအောက်မေ့ပွဲအချိန်အတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၂၁ ရက် တနင်္ဂနွေနေ့တွင် ဟောပြောပါမည်။ ဟောပြောချက်ခေါင်းစဉ်မှာ “ဖောက်ပြန်သောလူမျိုးအကြား အပြစ်ကင်းလျက်နေခြင်း” ဖြစ်သည်။ အောက်လိုင်းပို့ပေးပါမည်။ ထိုစနေ၊ တနင်္ဂနွေအပတ်သည် တိုက်နယ်အပတ်၊ တိုက်နယ်စည်းဝေး သို့မဟုတ် အထူးအစည်းအဝေးနေ့ကျင်းပသည့်ချိန်ဖြစ်နေပါက နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ အထူးဟောပြောချက်ကို ဧပြီ ၂၁ ရက်နေ့မတိုင်မီ မပေးရပါ။

▪ ဖေဖော်ဝါရီ လမှစတင်၍ မတ် ၃ ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများ၏ လူထုဟောပြောချက်အသစ်မှာ “ခရစ်တော်၏ဦးစီးမှုအောက် သစ္စာရှိ အသင်းတော်” ဖြစ်ပါမည်။

▪ ရရှိနိုင်သော ဗီဒီယိုခွေများ–

To the Ends of the Earth, Bible—Part 1, Bible—Part 2, Divine Teaching, Purple Triangle, Jehovah’s Witnesses—The Organization Behind The Name.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ