ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၆ စာ. ၈
  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇန်နဝါရီ ၁ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၈ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၁၅ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၂၂ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၂၉ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁/၉၆ စာ. ၈

ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဇန်နဝါရီ ၁ တွင် စမည့်အပတ်

သီချင်း ၁၃၃

၇  မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၃  မိ– “ထိုးထွင်းဉာဏ်ဖြင့် ဟောပြောခြင်း။” အဓိကအချက်များကို ဆွေးနွေး။ တင်ဆက်ပုံ တစ်ခုနှစ်ခုကို သရုပ်ပြပါ။ အသင်းတော်တွင် ထုတ်ဝေထားသည်မှာ ကြာပြီဖြစ်သောအဘယ်စာအုပ်များရှိကြောင်း အသိပေးပါ။ စာအုပ်စာတမ်းများမရှိလျှင် ကိုယ်ပိုင်တင်ဆက်ပုံကို ကျေးဇူးပြု၍အသုံးပြုပါ။

၂၅ မိ– တိုက်နယ်နှင့် အထူးအစည်းအဝေးနေ့။ ဟောပြောရန်။ ယင်းတို့ကို သင်တက်မည်လော။ တက်ရောက်ရန် စီစဉ်ထားပြီလော။ ယခင်စည်းဝေးများမှ အချက်အလက်အချို့ကို အသုံးပြုပါ။ မည်သို့အကျိုးခံစားနိုင်ကြောင်းနှင့် ကုန်ကျစရိတ်အတွက် မည်သို့လှူဒါန်းနိုင်ကြောင်း ရှင်းပြပါ။

သီချင်း ၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၈ တွင် စမည့်အပတ်

သီချင်း ၁၃၈

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဒေသခံနှင့် ကမ္ဘာချီ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းအတွက် ငွေရေးကြေးရေးထောက်ပံ့မှုကို သင့်တော်သလိုချီးမွမ်းပြောဆိုပါ။

၁၅ မိ– ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်၏ အကာအကွယ်ဖြစ်သောတန်ဖိုး။ ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်ကို မှန်ကန်စွာဖြည့်စွက်ပြီး အချိန်အခါမရွေး ယင်းကိုဆောင်ထားရန်လည်းကောင်း၊ ကလေးများသည်လည်း မှတ်ပုံတင်ကတ်များကို အမြဲဆောင်ထားရန်လည်းကောင်း မည်မျှအရေးကြီးကြောင်းကို အသင်းတော်အား အကြီးအကဲဆွေးနွေးတင်ပြရန်။ ထိုကတ်၏ခေါင်းစဉ်က ဖော်ပြသည့်အတိုင်း ဆေးဘက်ဆိုင်ရာ ကုသမှုနှင့်ပတ်သက်၍ အဘယ်အရာအလိုရှိကြောင်း (သို့မဟုတ် အလိုမရှိကြောင်း) ယင်းကတ်က ကြိုတင် အသိပေးပါသည်။ ဤသို့နှစ်စဉ်အဘယ်ကြောင့်ပြုလုပ်ရသနည်း။ နှစ်လွန်နေသည် သို့မဟုတ် တစ်ဦးတစ်ယောက်၏ လောလောဆယ်ဆယ် ခံယူချက်ကို တင်ပြခြင်းမဟုတ်ဟု ယူမှတ်ခံရမည့်ကတ်ထက် ယခုနှစ် ရက်စွဲပါကတ်က ပိုတရားဝင်ပါလိမ့်မည်။ သင်ကိုယ်တိုင် စကားမပြောမဆိုနိုင်သောအခြေအနေမျိုးတွင်ရှိနေပါက ဤကတ်ပြားက သင့်ခံယူချက်ကို ထောက်ပြပါမည်။ ဤညနေချိန်တွင် ကတ်များကို ထုတ်ဝေပေးပါမည်။ အိမ်ကိုပြန်ယူသွားပြီး အသေအချာဖြည့်စွက်သင့်သည်။ သို့သော် လက်မှတ်မထိုးကြပါနှင့်။ လွန်ခဲ့သောနှစ်နှစ်ကနည်းတူ လက်မှတ်ထိုးခြင်းနှင့် သက်သေလိုက်ပေးခြင်းသည် အသင်းတော်စာအုပ်ကြီးသင်တန်း ကျင်းပသောနေရာများတွင် စာအုပ်ကြီးသင်တန်းမှူးများ၏ ကွပ်ကဲမှုအောက် ပြုလုပ်ကြမည်။ သက်သေအဖြစ် လက်မှတ်ထိုးပေးသူသည် ကတ်ပိုင်ရှင်လက်မှတ်ရေးထိုးခြင်းကို ကိုယ်တိုင်တွေ့မြင်သင့်သည်။ ယင်းကို ဇန်နဝါရီ ၁၅ အပတ်အတွင်း စာအုပ်ကြီးသင်တန်းကျင်းပစဉ် ပြုလုပ်ပါမည်။ (အသေးစိတ်အချက်အလက်များအတွက် ၁၉၉၄ ဇန်နဝါရီ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၂ ကိုရှု။ ၁၉၉၁ အောက်တိုဘာ ၁၅ ရက်စွဲပါစာကိုလည်းရှု။) နှစ်ခြင်းခံပြီးသောကြေညာသူအားလုံး ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်ကို ဖြည့်စွက်နိုင်ပါသည်။ နှစ်ခြင်းမခံရသေးသောကြေညာသူများသည် ဤကတ်ပါစကားများကို မိမိတို့အခြေအနေနှင့် ခံယူချက်များအရ ပြုပြင်၍ ကိုယ်ပိုင်ညွှန်ကြားချက်များကို ရေးချလိုပေမည်။

၂၀ မိ– “နာရုံမျှနာသူများသာမဟုတ်—ကျင့်သူများဖြစ်ကြလော့။” မေးဖြေရန်။ ထိုးထွင်းသိမြင်ခြင်းစာအုပ် အတွဲ ၂၊ စာမျက်နှာ ၅၂၁ အပိုဒ် ၁၊ ၂ ကိုအခြေခံ၍ နာခံခြင်း၏အရေးကြီးမှုကို အချိန်ရသ၍ ဆွေးနွေးပါ။

သီချင်း ၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၅ တွင် စမည့်အပတ်

သီချင်း ၇၇

၁၂ မိ– ဒေသကြေညာချက်များ။ အိမ်တွင်လူမရှိခြင်းပြဿနာ တိုးများလာခြင်းကို အကျဉ်းချုပ်ဆွေးနွေး။ အချိန်အချည်းနှီးမကုန်စေရန် လူသွားလူလာ၊ လမ်းဘေးတွင်ရပ်နေသူ သို့မဟုတ် ကားတွင်ထိုင်နေသူများထံ ချဉ်းကပ်ဟောပြောဖို့ ကြေညာသူများကို အားပေးပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။ (သို့မဟုတ် ၁၉၉၅ အောက်တိုဘာ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၈ ရှိ “အရေးတကြီးလုပ်ဆောင်တတ်သော သင့်သဘောကို စောင့်ထိန်းပါလေ” အကြောင်းကိုဟောရန်။)

၁၈ မိ– “အချို့ကိုကယ်တင်ရန် ပြန်လည်ပတ်ခြင်း။” အကြံပြုထားသော တင်ဆက်ပုံများကို ပြန်လည်သုံးသပ်ပါ။ ထာဝရအသက်ရစေသော အသိပညာစာအုပ်အသစ်နှင့် ကျမ်းစာသင်အံမှုများစရန် ပန်းတိုင်ထားကြဖို့ အားပေးပါ။ ဤစာအုပ်မရှိလျှင် ကိုယ်ပိုင်တင်ဆက်ပုံကိုအသုံးပြုပါ။

သီချင်း ၁၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၂ တွင် စမည့်အပတ်

သီချင်း ၂၀၀

၅ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးခံစား—အပိုင်း ၁။” ကျောင်းကြီးကြပ်မှူးဟောပြောရန်။ ၁၉၉၅ အောက်တိုဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင်ပါသည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်း ညွှန်ကြားချက်များပါ ကျောင်းသားတာဝန်များအတွက် အစီအစဉ်များကို ပြန်သုံးသပ်ပါ။

၂၀ မိ– “ရဲရင့်စွာဟောပြောလော့။” အကြီးအကဲတစ်ဦးဟောပြော၍ ဆွေးနွေးရန်။ ဒေသခံ တနင်္ဂနွေလုပ်ငန်းတော်အစီအစဉ်များကို ပြန်သုံးသပ်ပါ။ ကောင်းစွာ အားပေးထောက်ခံသည့်အတွက် ချီးမွမ်းပါ။ တိုးတက်စရာလိုသည့်နေရာအတွက် အကြံပြုချက်များ တင်ပြပါ။

သီချင်း ၉၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၉ တွင် စမည့်အပတ်

သီချင်း ၃၁

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– မိသားစုဘဝစာအုပ်ကိုအသုံးပြုပြီး ကျမ်းစာသင်အံမှုအသစ်များစရန် အားလုံးကို လုပ်ငန်းတော်ကြီးကြပ်မှူး အားပေးခြင်းဖြင့် ဟောပြောရန်။ ယင်းစာအုပ်ကို တစ်ဦးတစ်ယောက်၏မိသားစုနှင့် သင်အံမှုပြုသည့်သရုပ်ပြခန်းကို တင်ဆက်ပါ။

၂၀ မိ– ဖေဖော်ဝါရီလအတွင်း မိသားစုစာအုပ်ကို ဝေငှပါ။ ယင်းစာအုပ်သည် လူငယ်များ၊ မြီးကောင်ပေါက်အရွယ်များ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများ အားလုံးအတွက် အဘယ်ကြောင့်အရေးကြီးကြောင်းရှင်းပြ။ လူငယ်များသည် အခန်း ၁၂၊ မိဘများသည် အခန်း ၈-၁၀ တို့မှ မည်သို့အကျိုးခံစားနိုင်ကြောင်း ရှင်းပြပါ။

သီချင်း ၁၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ