နွေရာသီအတွက် သင့်အစီအစဉ်များကား အဘယ်နည်း
နွေရာသီအကြောင်း စဉ်းစားလိုက်မည်ဆိုလျှင် ပူနွေးသည့်ရာသီဥတု၊ အထူးနှင့် တိုက်နယ်စည်းဝေးတက်ဖို့ အစီအစဉ်နှင့် စိတ်ပြေလက်ပျောက် အားလပ်ခွင့်ယူမည့်အစီအစဉ် သို့မဟုတ် ဆွေမျိုးများ၊ မိတ်ဆွေများနှင့်အတူ ပျော်ရွှင်စရာအလည်အပတ်အစီအစဉ်များကို ကျွန်ုပ်တို့ စဉ်းစားမိကြသည်။ သင်၏နွေရာသီအစီအစဉ်များကို ဆွဲသည့်အခါ နိုင်ငံတော်အကျိုးစီးပွားကို ဆက်၍ရှေးဦးထားရန် သင့်အားထောက်ကူတန်ကောင်းသည့် သတိပေးချက်အချို့ကို ဤတွင်ဖော်ပြလိုက်သည်–
▪ အထူးနှင့် တိုက်နယ်စည်းဝေးတက်ရောက်ဖို့ အသေအချာ အစီအစဉ်ဆွဲပါ။ မည်သည့်ပြဿနာများကိုမဆို ရှောင်နိုင်ရန်အလို့ငှာ သွားရေးလာရေးနှင့် တည်းခိုရေးအတွက် ကြိုကြိုတင်တင် အစီအစဉ်လုပ်ပါ။
▪ အားလပ်ချိန်ယူကာ အဝေးသို့သင်သွားမည်ဆိုလျှင် ဒေသခံအသင်းတော်၏အစည်းအဝေးများကို တက်ရောက်ဖို့နှင့် ဓမ္မအမှုတွင် ပါဝင်ဖို့ စီစဉ်ပါ။ သင့်လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကို ပြန်ပို့ပေးရန် အသေအချာစီစဉ်ပါ; လိုအပ်ပါက ယင်းတို့ကို သင့်အသင်းတော်အတွင်းရေးမှူးထံသို့ စာတိုက်ဖြင့်ပို့ပေးပါ။
▪ သမ္မာတရားထဲတွင်မရှိသော ဆွေမျိုးများနှင့်လည်ပတ်ခြင်းဖြစ်ပါက အကျိုးဖြစ်ထွန်းသော အလွတ်သဘောသက်သေခံမှုအတော်အတန်လုပ်ဖို့ အခွင့်အရေးပေါ်နိုင်သည်။ သင့်ကျမ်းစာနှင့် အထောက်အပံ့စာပေများ အသေအချာယူသွားပါ။
▪ ရပ်ကွက်များကို ပြီးစီးစေဖို့ အထောက်အကူလိုနေသည့် အနီးအနားအသင်းတော်ကို ကူညီရေးနှင့်ပတ်သက်၍ သင်စဉ်းစားထားသလော။ သင့်ဒေသ လိုအပ်ရာများနှင့်ပတ်သက်၍ အချက်အလက် ရရှိရန် အကြီးအကဲများ၊ တိုက်နယ်ကြီးကြပ်မှူးများနှင့် စကားပြောပါ။
▪ ကျောင်းအားရက်များသည် လူငယ်မောင်မယ်များအတွက် သူတို့၏အမှုဆောင်လုပ်ငန်းကို တိုးချဲ့ရန် အလွန်ကောင်းသောအခွင့်အရေးတစ်ခုကို ရရှိစေသည်။ လူငယ်မောင်မယ်တို့၊ အရန်ရှေ့ဆောင်အဖြစ် စာရင်းသွင်းနိုင်ကြမည်လော။
▪ ရာသီဥတုသာသာယာယာရှိပြီး နေ့တာသာ၍ရှည်သောကြောင့် လူများစွာအိမ်တွင်ရှိနေတတ်ကြသည့် ညနေပိုင်းအချိန်သက်သေခံခြင်းကို ပို၍လုပ်ဆောင်ခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းတွင် အလွန်ကောင်းသောအကျိုးရလဒ်များကို ရရှိနိုင်ပါသည်။
▪ အကြီးအကဲများသည် အသင်းတော်လုပ်ဆောင်မှုများကို ကောင်းကောင်းဖွဲ့စည်းရန် ဆက်၍နိုးကြားနေသင့်သည်။ ခရီးဝေးထွက်သွားမည့်သူအား ပေးထားသည့် တာဝန်များအတွက် တစ်ဦးတစ်ယောက်က လုပ်ဆောင်ဖို့စီစဉ်ပါ။
“လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်း” ကိုဖြစ်စေကြောင်း သတိရပါလေ။ (သု. ၂၁:၅) နွေရာသီ သီအိုကရက်တစ်အခွင့်အရေးများကို အတတ်နိုင်ဆုံးလုပ်ဆောင်ရန် စီစဉ်ပါလေ။