ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၆ စာ. ၁
  • ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယုံကြည်ခြင်း—ခွန်အားရှိစေတဲ့ အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “ယုံကြည်ခြင်းလိုနေသည့်နေရာတွင် ကျွန်ုပ်အားကူညီပေးတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၉/၉၆ စာ. ၁

ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းပါ

၁ သန်းပေါင်းများစွာသောလူတို့သည် မိမိတို့၏အသက်တာကို ရုပ်ပစ္စည်းများတွင်ဝန်းရံတည်ဆောက်ထားကြပြီး လှည့်စားတတ်သော စည်းစိမ်ဥစ္စာ၏အစွမ်းကို မိုက်မဲစွာယုံကြည်အားထားနေကြသည်။ (မ. ၁၃:၂၂) သူတို့၏စည်းစိမ်ဥစ္စာများ ဆုံးရှုံးသွားသည့်အခါ သို့မဟုတ် အခိုးခံရသည့်အခါ သို့မဟုတ် အကျိုးအမြတ်အနည်းအကျဉ်းသာဖြစ်ထွန်းသည့်အခါ အထိနာသောသင်ခန်းစာကိုရရှိကြသည်။ ကျွန်ုပ်တို့သည် ပညာရှိလမ်းစဉ်ကို လိုက်လျှောက်ကာ ဝိညာဏဘဏ္ဍာအတွက် ကြိုးစားအားထုတ်ရန် တိုက်တွန်းခံရကြသည်။ (မ. ၆:၁၉၊ ၂၀) ယင်းတွင် “ယုံကြည်ခြင်းအားဖြင့် လိုက်လျှောက်ခြင်း” ပါဝင်သည်။—၂ ကော. ၅:၇၊ သမ။

၂ “ယုံကြည်ခြင်း” ဟူသည့်စကားလုံးသည် စိတ်ချခြင်း၊ အားထားခြင်း၊ ခိုင်မြဲသောလက်ခံယုံကြည်ခြင်း ဟူ၍သဘောသက်ရောက်သည့် ဂရိစကားလုံးမှဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းခြင်းဆိုသည်မှာ ဘုရားသခင်ကိုယုံကြည်စိတ်ချမှုဖြင့် ခက်ခဲသည့်အခြေအနေများကို ရင်ဆိုင်ခြင်း၊ ကျွန်ုပ်တို့၏ခြေလှမ်းကို လမ်းညွှန်ပေးနိုင်သည့်ကိုယ်တော့်အစွမ်းနှင့် ကျွန်ုပ်တို့လိုအပ်ရာများကို စောင့်ရှောက်ရန် ကိုယ်တော်၏တလိုတလားရှိခြင်း၌ ယုံကြည်အားထားခြင်းဖြစ်သည်။ ယေရှုသည် စုံလင်သောပုံသက်သေကို ထားခဲ့ပါသည်; ကိုယ်တော်သည် အမှန်တကယ်အရေးကြီးရာများအပေါ်တွင် အာရုံစိုက်တော်မူခဲ့သည်။ (ဟေဗြဲ ၁၂:၂) ထပ်တူပင် ကျွန်ုပ်တို့လည်း မိမိတို့၏နှလုံးကို မမြင်ရသောဝိညာဏရေးရာများအပေါ်တွင်ထားကာ အာရုံစိုက်ဖို့လိုသည်။ (၂ ကော. ၄:၁၈) ကျွန်ုပ်တို့၏ လက်ရှိအသက်တာသည် ရေရာသေချာမှုမရှိကြောင်း စိတ်တွင်အစဉ်စွဲမှတ်ထားပြီး ယေဟောဝါအပေါ်၌ လုံးလုံးမှီခိုကြောင်းကို အသိအမှတ်ပြုရမည်။

၃ ယေဟောဝါသည် ကျွန်ုပ်တို့အား “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏ညွှန်ကြားမှုအောက်ရှိ မိမိ၏ မျက်မြင်ရအဖွဲ့အစည်းအားဖြင့် ဦးဆောင်နေတော်မူကြောင်းကိုလည်း ခိုင်မြဲစွာယုံကြည်လက်ခံထားရမည်။ (မ. ၂၄:၄၅-၄၇၊ သမ) အသင်းတော်၌ “ဦးဆောင်သောသူတို့ကိုနာခံ” သောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တင်ပြကြသည်။ (ဟေဗြဲ ၁၃:၁၇) သီအိုကရက်တစ်အစီအစဉ်နှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် နှိမ့်ချစွာလုပ်ဆောင်ခြင်းက ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်အားထားကြောင်း ထင်ရှားစေပါသည်။ (၁ ပေ. ၅:၆) ကျွန်ုပ်တို့သည် အဖွဲ့အစည်း လုပ်ဆောင်လျက်ရှိသောလုပ်ငန်းများကို စိတ်နှလုံးအကြွင်းမဲ့ထောက်ခံရန် လှုံ့ဆော်ခံရသင့်သည်။ ယင်းက ခိုင်မြဲသောမေတ္တာနှင့်စည်းလုံးမှုအနှောင်အဖွဲ့တွင် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ပိုမိုရင်းနှီးစေပါမည်။—၁ ကော. ၁:၁၀။

၄ ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပုံ- ကျွန်ုပ်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို မလှုပ်မရှားဖြစ်လာရန် ခွင့်မပြုရပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း တိုးပွားနေရန် ကြိုးစားတိုက်လှန်ဖို့လိုသည်။ မှန်မှန်ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းနှင့် စည်းဝေးတက်ခြင်းတို့က ကျွန်ုပ်တို့၏ယုံကြည်ခြင်းခိုင်ခံ့စေရန် အကူအညီဖြစ်စေမည်ဖြစ်ပြီး ယင်းက မည်သည့်စမ်းသပ်မှုကိုမဆို ယေဟောဝါ၏အကူအညီဖြင့် ခံရပ်နိုင်စေသည်။ (ဧ. ၆:၁၆) သင်၌ ကျမ်းစာဖတ်ရှုခြင်းနှင့် စည်းဝေးများအတွက်ပြင်ဆင်ရန် နေ့စဉ်လုပ်ရိုးလုပ်စဉ်ကောင်းတစ်ခု ရှိပါသလော။ သင်လေ့လာသည့်အကြောင်းကို ဆင်ခြင်တွေးတောကာ ဆုတောင်းခြင်းဖြင့် ယေဟောဝါထံ သင်ချဉ်းကပ်လေ့ရှိသလော။ အခွင့်အရေးရတိုင်း စည်းဝေးအားလုံးကို တက်ရောက်ခြင်းနှင့် ပါဝင်ဖြေဆိုခြင်း အလေ့အထရှိသလော။—ဟေဗြဲ ၁၀:၂၃-၂၅။

၅ ကောင်းမွန်သောအကျင့်များက ခိုင်မြဲသောယုံကြည်ခြင်းရှိကြောင်း သက်သေထူသည်။ (ယာ. ၂:၂၆) ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တင်ပြနိုင်သည့်အကောင်းဆုံးနည်းတစ်ခုမှာ အခြားသူများအား ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ကြေညာခြင်းအားဖြင့်ဖြစ်သည်။ သတင်းကောင်းကိုမျှဝေရန် အခွင့်အရေးကို သင်ရှာကြံပါသလော။ ဓမ္မအမှုတွင် ပို၍ပါဝင်နိုင်ရန် သင့်အခြေအနေများကို ပြုပြင်ပြောင်းလဲပေးနိုင်သလော။ ကျွန်ုပ်တို့ဓမ္မအမှုတွင် အရည်အချင်းတိုးတက်ရန်နှင့် ထိရောက်မှုရှိရန် ရရှိသည့်အကြံပြုချက်များကို သင်ကျင့်သုံးပါသလော။ ကိုယ်ပိုင်ဝိညာဏပန်းတိုင်များထားပြီး ယင်းတို့ကိုလိုက်မီရန် သင်ကြိုးစားအားထုတ်ပါသလော။

၆ ယေရှုက အသက်တာ၏နေ့စဉ်အရေးကိစ္စများတွင် အလွန်အမင်းအလုပ်များနေခြင်းနှင့် ကျွန်ုပ်တို့၏ ဝိညာဏအမြင်ကို မှေးမှိန်သွားစေမည့် ရုပ်ပစ္စည်းတပ်မက်ခြင်း သို့မဟုတ် ကိုယ်ကျိုးရှာခြင်းတို့ကို ခွင့်ပြုခြင်းနှင့်ပတ်သက်ပြီး သတိပေးခဲ့သည်။ (လု. ၂၁:၃၄- ၃၆) ကျွန်ုပ်တို့၏ယုံကြည်ခြင်းသင်္ဘောပျက်ခြင်းကိုရှောင်ရန် ကျွန်ုပ်တို့၏ လျှောက်လှမ်းပုံကို သတိပြုရမည်။ (ဧ. ၅:၁၅; ၁ တိ. ၁:၁၉) နောက်ဆုံးတွင် ကျွန်ုပ်တို့အားလုံးသည် ‘ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ၊ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ’ ဟုကြေညာနိုင်လိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ပါသည်။—၂ တိ. ၄:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ