ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၆ စာ. ၁-၆
  • ပြောဆိုကျင့်ကြံပြုမူရာတွင် စံနမူနာဖြစ်ပါလေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြောဆိုကျင့်ကြံပြုမူရာတွင် စံနမူနာဖြစ်ပါလေ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမူအကျင့်ကောင်းများ—ဘုရားတရားကိုင်းရှိုင်းသူများ၏စရိုက်တစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဘုရားသခင်၏အမှုတော်ဆောင်များအနေဖြင့် အမူအကျင့်ကောင်းများတင်ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အမူအကျင့်ကောင်း ဘာကြောင့် ရှိသင့်သလဲ
    လူငယ်များအမေး
  • ရိုသေလေးစားမှုရှိအောင် သင့်ကလေးတွေကို သင်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၉/၉၆ စာ. ၁-၆

ပြောဆိုကျင့်ကြံပြုမူရာတွင် စံနမူနာဖြစ်ပါလေ

၁ တမန်တော်ပေါလုက တိမောသေအား ပြောဆိုကျင့်ကြံပြုမူရာတွင် စံနမူနာဖြစ်ရန် တိုက်တွန်းခဲ့သည်။ (၁ တိ. ၄:၁၂) ကျွန်ုပ်တို့သည်လည်း အထူးသဖြင့် ဓမ္မအမှု၌ပါဝင်ချိန်တွင် စံနမူနာယူအပ်သော အပြောအဆိုနှင့် ကျင့်ကြံပြုမူခြင်းကို တင်ပြသင့်သည်၊ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့နှင့်ကြုံတွေ့ရသည့် သူများ၏နှလုံးကို ထိမိမှုရှိမရှိ ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့်တည်း။

၂ ဖော်ရွေပျူငှာခြင်း၊ ထောက်ထားညှာတာမှုရှိခြင်း၊ ကြင်နာမှုရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့မှုရှိခြင်းနှင့် လိမ္မာပါးနပ်မှုရှိခြင်းအပါအဝင် ကောင်းမွန်သောအမူအကျင့်မှန်သမျှကို တင်ပြရန်လိုပါသည်။ ဤအရည်အသွေးများကို ထင်ဟပ်နေခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြုအမူများသည် အခြားသူများ၏ခံစားချက်များအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပုံကို ကျွန်ုပ်တို့သိထားကြောင်း ပြသသည်။ ဓမ္မအမှုတွင် ကောင်းမွန်သောအမူအကျင့်များကို အစားအစာ၏အရသာကို ပိုကောင်းရန်အသုံးပြုသည့် ဟင်းခတ်ပစ္စည်းနှင့် နှိုင်းယှဉ်နိုင်သည်။ ၎င်းတို့ကိုမထည့်ပါက အာဟာရရှိသောအစားအစာသည် အရသာပေါ့ပြီး စားချင်စဖွယ်မဖြစ်တော့ပေ။ အခြားသူများနှင့်ဆက်ဆံရာတွင် ကောင်းမွန်သောအမူအကျင့်များတင်ပြဖို့ ပျက်ကွက်ခြင်းသည် အလားတူ အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။—ကော. ၄:၆။

၃ ပြောဆိုရာတွင် စံနမူနာဖြစ်ပါ– ဖော်ရွေသောအပြုံးနှင့် လှိုက်လှိုက်လှဲလှဲရှိသောနှုတ်ခွန်းဆက်စကားတို့သည် သတင်းကောင်းတင်ဆက်ရာတွင် မရှိမဖြစ်လိုအပ်သည်။ ကျွန်ုပ်တို့၏ နွေးထွေးမှုနှင့်အရင်းခံသဘောဖြင့် မိတ်ဆက်သောစကားသည် အိမ်ရှင်အား ကျွန်ုပ်တို့ အမှန်တကယ်စိတ်ဝင်စားကြောင်း သိရှိစေပါသည်။ သူစကားပြောသည့်အခါ ဂရုတစိုက်နားထောင်ပြီး သူ၏ထင်မြင်ချက်ကို ထိုက်သင့်စွာလေးစားကြောင်း ပြပါ။ သင်ပြောသည့်အခါ လိမ္မာပါးနပ်မှုနှင့် ရည်မွန်စွာဖြင့်ပြောပါ။—တမန်တော် ၆:၈ နှိုင်းယှဉ်။

၄ အခါအားလျော်စွာ ကျွန်ုပ်တို့သည် ဖော်ရွေမှုမရှိဘဲ ရန်လိုသူတစ်ဦးနှင့် ကြုံတွေ့ရတတ်သည်။ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ “နူးညံ့သိမ်မွေ့စွာနှင့် ရိုသေလေးစားစွာ” ဖြင့်ပြန်ပြောရန် ပေတရုက ကျွန်ုပ်တို့အားတိုက်တွန်းထားပါသည်။ (၁ ပေ. ၃:၁၅; ရော. ၁၂:၁၇၊ ၁၈) အိမ်ရှင်သည် နိုင်ငံတော်သတင်းတရားကို ရိုင်းရိုင်းစိုင်းစိုင်းငြင်းပယ်ပါက ‘ကျွန်ုပ်တို့၏ခြေဖဝါးမှ မြေမှုန့်ကိုခါလိုက်’ ရုံမျှသာပြုသင့်သည်ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။ (မ. ၁၀:၁၄) ထိုသို့သောအခြေအနေမျိုးအောက် ကျွန်ုပ်တို့တင်ပြသော အတုယူအပ်သည့် အမူအကျင့်များသည် အတိုက်အခံပြုသူ၏နှလုံးကို အဆုံး၌ နူးညံ့ပျော့ပျောင်းလာစေနိုင်ပါသည်။

၅ ကျင့်ကြံပြုမူရာတွင် စံနမူနာဖြစ်ပါ– အလုပ်များနေသောလမ်းများပေါ်နှင့် လူအများရှိသည့်နေရာများတွင် သတင်းကောင်းကြေညာရာ၌ ထောက်စာမှုရှိရန်၊ အသံကျယ်ကျယ် သို့မဟုတ် အတင်းအကျပ်မပြောရန်၊ ဖြတ်သွားဖြတ်လာသူများကို အနှောင့်အယှက်မဖြစ်စေရန်လိုသည်။ စိတ်ဝင်စားသူများ၏အိမ်တွင်ဟောသောအခါ သင့်လျော်သည့်ယဉ်ကျေးသိမ်မွေ့သောအပြုအမူကို တင်ပြသင့်ပြီး ကျွန်ုပ်တို့ကိုယ်ကို ရည်မွန်သောဧည့်သည်များအဖြစ် ပြုမူသင့်ကာ သူတို့၏ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်လေးမြတ်မှုပြသင့်သည်။ ကျွန်ုပ်တို့နှင့်အတူလိုက်ပါလာသည့် မည်သည့်ကလေးမဆို အိမ်ရှင်နှင့် သူ၏ပစ္စည်းဥစ္စာတို့ကို ရိုသေလေးစားကြောင်းပြရမည်ဖြစ်ပြီး စကားပြောနေစဉ် ယဉ်ယဉ်ကျေးကျေးနှင့် အာရုံစိုက်နေသင့်သည်။ ကလေးသည်ဆုံးမ၍မရပါက အထင်အမြင်သေးစရာဖြစ်သွားပါမည်။—သု. ၂၉:၁၅။

၆ ကျွန်ုပ်တို့၏ဆင်ယင်ပုံသည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဓမ္မအမှုဆောင်များဖြစ်ကြောင်း အခြားသူများရှေ့ ထင်ရှားစေသင့်သည်။ ကျွန်ုပ်တို့ဝတ်စားဆင်ယင်ရာတွင် ဖြစ်ကတတ်ဆန်းနှင့် သန့်ရှင်းသပ်ရပ်မှုမရှိသော သို့မဟုတ် ပြောင်လက်တောက်ပပြီး တန်ဖိုးကြီးလွန်းသောအဝတ်အစားများမဖြစ်သင့်ပါ။ ကျွန်ုပ်တို့၏ဆင်ယင်ပုံသည် အစဉ်ပင် သတင်းကောင်းနှင့်အထိုက်အလျောက်ဖြစ်သင့်သည်။ (ဖိလိပ္ပိ ၁:၂၇၊ ကဘ နှိုင်းယှဉ်။) ကျွန်ုပ်တို့၏ဆင်ယင်ပုံနှင့် အသုံးအဆောင်တို့ကို ဂရုစိုက်ပေးခြင်းဖြင့် ထိမိ၍လဲစရာနှင့် အပြစ်တင်ခြင်းတို့မှ ကင်းလွတ်စေမည်ဖြစ်သည်။ (၂ ကော. ၆:၃၊ ၄) နိုင်ငံတော်သတင်းတရားကို ကျွန်ုပ်တို့၏အတုယူအပ်သော အပြောအဆို၊ ကျင့်ကြံပြုမူပုံနှင့် နှစ်သက်ဖွယ်အရည်အသွေးတို့ဖြင့် ထပ်လောင်းဖြည့်စွက်ခြင်းသည် ယေဟောဝါအားဂုဏ်တင်ရာရောက်ပါသည်။—၁ ပေ. ၂:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ