သီအိုကရက်တစ်ဓမ္မအမှုကျောင်းစာရင်းသွင်းခြင်း
၁ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် သတင်းကောင်း၏ဓမ္မအမှုဆောင်များအဖြစ် သန်းနှင့်ချီသောယေဟောဝါသက်သေတို့ကို လေ့ကျင့်ပေးရာတွင် အသုံးတော်ခံလျက်ရှိသည်။ ကျွန်ုပ်တို့မှများစွာသည် ဤကျောင်းတွင်စတင်စာရင်းသွင်းခဲ့စဉ်က စိုးရိမ်ကာအရည်အချင်းမပြည့်မီဟုခံစားခဲ့ရပုံကိုသတိရကြပြီး ယခုအခါတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဟောပြောသွန်သင်သူများအဖြစ် ဝိညာဏတိုးတက်မှုတွင် ယင်း၏ကဏ္ဍကို ကျေးဇူးတင်စွာဖြင့်အသိအမှတ်ပြုကြသည်။ (တမန်တော် ၄:၁၃ နှိုင်းယှဉ်။) ဤထူးခြားမှတ်သားဖွယ်ကျောင်းတွင် သင်စာရင်းသွင်းပြီးပြီလော။
၂ မည်သူများစာရင်းသွင်းနိုင်သနည်း။ ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် အဖွဲ့အစည်းစာအုပ်စာမျက်နှာ ၇၃ ကအဖြေပေးသည်– “အသင်းတော်နှင့် တက်ကြွစွာလှုပ်ရှားပေါင်းသင်းနေသူတိုင်းပါဝင်နိုင်သည်။ မိမိတို့ဘဝအသက်တာသည် ခရစ်ယာန်စည်းမျဉ်းမူများနှင့် မဆန့်ကျင်ပါက စည်းဝေးတက်ရောက်စလူသစ်များလည်း ပါဝင်လိုလျှင်ပါဝင်နိုင်သည်။” အရည်အချင်းပြည့်မီသူအားလုံး—ယောက်ျား၊ မိန်းမနှင့်ကလေးများ—တို့ကို ကျောင်းကြီးကြပ်မှူးထံချဉ်းကပ်ပြီး စာရင်းသွင်းပေးဖို့တောင်းဆိုရန်ဖိတ်ခေါ်ပါသည်။
၃ ၁၉၉၇ ခုနှစ်အတွက်ကျောင်းအစီအစဉ်– ၁၉၉၇ ခုနှစ်ကျောင်းအစီအစဉ်တွင် အမျိုးမျိုးသောကျမ်းစာသွန်သင်ချက်ကို အကျယ်တဝင့်သုံးသပ်ထားသည်။ ကျွန်ုပ်တို့၏ဟောပြောသွန်သင်ခြင်းစွမ်းရည် တိုးတက်စေသည့်အပြင် ပတ်စဉ်သင်ရိုးညွှန်းတမ်းတွင်တွေ့ရသော ဝိညာဏရတနာများကို လေ့လာသိရှိစေသည်။ (သု. ၉:၉) ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအပါအဝင် ကျောင်းအတွက်ပြင်ဆင်ပြီး မှန်မှန်တက်ရောက်ပါက အစီအစဉ်မှ ကြီးမားသောဝိညာဏအကျိုးများရယူနိုင်သည်။
၄ ၁၉၉၇ ခုနှစ်တွင် တာဝန်နံပါတ် ၂ အတွက် ကျမ်းစာဖတ်ရှုခြင်းအများစုသည် ယခင်နှစ်ထက်ပို၍တိုပါသည်။ ဤတာဝန်ကိုပြင်ဆင်သောအခါ ကျောင်းသားသည် အချိန်ကိုဂရုစိုက်သင့်ပြီး မိမိ၏အပိုင်းအတွက်ခွင့်ပြုချိန် ၅ မိနစ်တွင် နိဒါန်းနှင့်နိဂုံးအတွက် အချိန်မည်မျှအသုံးပြုနိုင်သည်ကိုသတ်မှတ်ထားသင့်သည်။ ယင်းက သင်သားအား မိမိ၏အချိန်ကိုအပြည့်အဝအသုံးချစေနိုင်ပြီး ကျမ်းစာဖတ်ရှုခြင်းစွမ်းရည်နှင့် လက်တန်းဟောပြောခြင်းအရည်အချင်း နှစ်ခုစလုံးကိုတိုးတက်စေမည်ဖြစ်သည်။
၅ အသိပညာစာအုပ်ကိုအခြေခံထားသည့်တာဝန်နံပါတ် ၃ တွင် တင်ဆက်ပုံများအတွက် အလွတ်သဘောသက်သေခံခြင်းကို လက်တွေ့ကျသောဇာတ်အိမ်တစ်ခုအဖြစ် ဖြည့်စွက်ထားသည်။ ထို့ကြောင့် ညီအစ်မတစ်ဦးသည် ပြန်လည်ပတ်မှု၊ အိမ်တွင်းကျမ်းစာသင်အံမှု သို့မဟုတ် အလွတ်သဘောသက်သေခံခြင်းတစ်ခုခုကို ဤတာဝန်အတွက်ဇာတ်အိမ်အဖြစ် ရွေးချယ်နိုင်သည်။ မှန်ပါသည်၊ ဇာတ်အိမ်ကိုမဟုတ်ဘဲ ထိရောက်သောသွန်သင်ခြင်းအပေါ် ဆက်၍အဓိကထားသင့်သည်။
၆ သင်သည် သွန်သင်ခြင်းဟောပြောချက်၊ ကျမ်းစာပေါ်လွင်ချက်များ သို့မဟုတ် ကျောင်းသားတာဝန်မှ မည်သည့်အခွင့်ထူးကိုမဆို ကောင်းစွာပြင်ဆင်ပြီးကြိုတိုက်ထားခြင်း၊ ပြတ်သားမှုနှင့်အားတက်သရောဖြင့်တင်ဆက်ခြင်း၊ အချိန်မကျော်ခြင်း၊ ကျောင်းကြီးကြပ်မှူး၏သွန်သင်ချက်ကိုနားထောင်ပြီးကျင့်သုံးခြင်းနှင့် သင့်တာဝန်ကို တာဝန်သိစွာဖြင့်ကျေပွန်ရန်အစဉ်ကြိုးစားခြင်းအားဖြင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို တန်ဖိုးထားကြောင်းတင်ပြနိုင်သည်။ ဤသို့ဖြင့် ကျောင်းတွင်စာရင်းသွင်းခြင်းသည် သင်နှင့်တက်ရောက်သူအားလုံးအတွက် ကောင်းချီးခံစားရသည်ကိုတွေ့ရပေမည်။