ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၇ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၈/၉၇ စာ. ၇

ကြေညာချက်များ

▪ ဩဂုတ်တွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော! [လိပ်]၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ စက်တင်ဘာ– မိသားစုစာအုပ် သို့မဟုတ် ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့! တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတွေ့ရသောအခါ နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ လ၏နောက်ပိုင်းမှစ၍ နိုင်ငံတော်သတင်း နံပါတ် ၃၅ ကိုဖြန့်ချိမည်ဖြစ်သည်။ နိုဝင်ဘာ– နိုင်ငံတော်သတင်း နံပါတ် ၃၅ ကိုဆက်ဖြန့်ချိမည်ဖြစ်သည်။ အိမ်တိုင်းရှိအိမ်ရှင်များထံ နိုင်ငံတော်သတင်း နံပါတ် ၃၅ တစ်စောင်စီရောက်ရှိခြင်းဖြင့် ရပ်ကွက်ပြီးဆုံးသွားသောအသင်းတော်များသည် အသိပညာစာအုပ်ကို ဝေငှကြမည်။

▪ ဤနှစ်အတွင်း လူထုအဖွဲ့အစည်းတိုင်း၌ လောကီအားလပ်ရက်များအကြိမ်များစွာရှိနေခြင်းသည် ကလေးများအား ကျောင်းတက်ရခြင်းမှကင်းလွတ်ခွင့်ရစေပြီး လောကီအလုပ်မှအားလပ်ချိန်ရရှိစေသည်။ ယင်းက အသင်းတော်အတွက် လယ်ကွင်းဓမ္မအမှုတွင် တိုး၍ပါဝင်ရန် အခွင့်အခါကောင်းများရရှိစေသည်။ အကြီးအကဲများသည် ဤအခါသမယများပေါ်ပေါက်လာမည့်အချိန်ကို ကြိုမျှော်လင့်ထားသင့်ပြီး အားလပ်ရက်များအတွင်း အုပ်စုလိုက်သက်သေခံရန်အစီအစဉ်များကို အသင်းတော်အားကြိုကြေညာသင့်သည်။

▪ အသင်းတော်တိုင်းထံသို့ ၁၉၉၈ လုပ်ငန်းတော်နှစ်အတွင်းအသုံးပြုရန် ပုံစံစာရွက်အလုံအလောက် ပို့ပေးနေပါသည်။ ကျေးဇူးပြု၍ ဤပုံစံစာရွက်များကို အမြော်အမြင်ရှိရှိသုံးပါ။ ၎င်းတို့ကို ရည်ရွယ်ထားသည့်အတွက်သာ အသုံးပြုသင့်သည်။

▪ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းစာရင်းပုံစံ (အက်စ် (ဒီ)-၁၈) စာရွက်သုံးခု ရလိမ့်မည်။ အသင်းတော်အတွင်းရေးမှူးသည် စာအုပ်စာတမ်းအမှုထမ်းနှင့် ဩဂုတ်လအစောပိုင်းတွင်တွေ့ဆုံကာ လကုန်တွင် အသင်းတော်၏လက်ကျန်စာအုပ်စာတမ်းစာရင်းကိုယူဖို့ နေ့ရက်သတ်မှတ်ထားသင့်သည်။ လက်ကျန်စာအုပ်စာတမ်းစာရင်းမှန်ကိုပြုလုပ်ပြီး စုစုပေါင်းအရေအတွက်များကို စာအုပ်စာတမ်းစာရင်းပုံစံတွင် ရေးသွင်းရန်ဖြစ်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်းမှရယူနိုင်သည်။ မူရင်းကို စက်တင်ဘာ ၆ ရက်နေ့မတိုင်မီ အသင်းမထံသို့ပေးပို့သင့်သည်။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင်သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။ စာရင်းကို အတွင်းရေးမှူးစစ်ဆေးရမည်။ ထို့နောက် အပြည့်အစုံဖြည့်စွက်ပြီးပုံစံစာရွက်ကို ဦးစီးကြီးကြပ်မှူးစစ်ဆေးသင့်သည်။ အတွင်းရေးမှူးနှင့်ဦးစီးကြီးကြပ်မှူးသည် ပုံစံစာရွက်ကို လက်မှတ်ရေးထိုးကြမည်။

▪ အသင်းတော်များသည် စက်တင်ဘာစာအုပ်စာတမ်းမှာယူရာတွင် ယေဟောဝါသက်သေများ၏ ၁၉၉၈ ပြက္ခဒိန်ကိုစတင်မှာယူနိုင်သည်။

▪ ၁၉၉၇၊ ဩဂုတ် ၂၈ မှ ၁၉၉၈၊ ဩဂုတ် ၃၀ အထိအသင်းမသည် ဌာနခွဲမှလက်ရှိစာအုပ်စာတမ်းစာရင်းကိုယူမည်ဖြစ်သည်။ ဤစာရင်းယူလုပ်ဆောင်မှုကြောင့် မည်သည့်အသင်းတော်၏စာအုပ်စာတမ်းမှာယူခြင်းကိုမဆို ထိုနေ့များအတွင်း ထုပ်ပိုးသယ်ပို့ပေးခြင်းကို စီမံဆောင်ရွက်ပေးနိုင်မည်မဟုတ်ပေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ