ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၈ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၈/၉၈ စာ. ၇

ကြေညာချက်များ

▪ ဩဂုတ်တွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ!၊ သုံးပါးပေါင်းတစ်ဆူကိုသင်ယုံကြည်သင့်သလော [လိပ်]၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော။ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာများကို သင့်လျော်သလိုဝေငှနိုင်သည်။ စက်တင်ဘာ– ထာဝရအသက်ရစေသောအသိပညာ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတွေ့ရလျှင် နှစ်စဉ်ကြေးကမ်းလှမ်းကြမည်။ နိုဝင်ဘာ– ထာဝရအသက်ရစေသောအသိပညာ။

▪ အသင်းတော်တိုင်းထံသို့ ၁၉၉၉ လုပ်ငန်းတော်နှစ်အတွင်းအသုံးပြုရန် ပုံစံစာရွက်အလုံအလောက် ပို့ပေးနေပါသည်။ ကျေးဇူးပြု၍ ဤပုံစံစာရွက်များကို အမြော်အမြင်ရှိရှိသုံးပါ။ ၎င်းတို့ကို ရည်ရွယ်ထားသည့်အတွက်သာ အသုံးပြုသင့်သည်။

▪ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းစာရင်းပုံစံ (အက်စ်(ဒီ)-၁၈) စာရွက်သုံးခု ရလိမ့်မည်။ အသင်းတော်အတွင်းရေးမှူးသည် စာအုပ်စာတမ်းအမှုထမ်းနှင့် ဩဂုတ်လအစောပိုင်းတွင်တွေ့ဆုံကာ လကုန်တွင် အသင်းတော်၏လက်ကျန်စာအုပ်စာတမ်းစာရင်းကိုယူဖို့ နေ့ရက်သတ်မှတ်ထားသင့်သည်။ လက်ကျန်စာအုပ်စာတမ်းစာရင်းမှန်ကိုပြုလုပ်ပြီး စုစုပေါင်းအရေအတွက်များကို စာအုပ်စာတမ်းစာရင်းပုံစံတွင် ရေးသွင်းရန်ဖြစ်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်းမှရယူနိုင်သည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်နေ့မတိုင်မီ အသင်းမထံသို့ပေးပို့ပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင်သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။ စာရင်းကို အတွင်းရေးမှူးစစ်ဆေးရမည်။ ထို့နောက် အပြည့်အစုံဖြည့်စွက်ပြီးပုံစံစာရွက်ကို ဦးစီးကြီးကြပ်မှူးစစ်ဆေးသင့်သည်။ အတွင်းရေးမှူးနှင့်ဦးစီးကြီးကြပ်မှူးသည် ပုံစံစာရွက်ကို လက်မှတ်ရေးထိုးကြမည်။

▪ အသင်းတော်များသည် စက်တင်ဘာစာအုပ်စာတမ်းမှာယူရာတွင် ယေဟောဝါသက်သေများ၏ ၁၉၉၉ ပြက္ခဒိန်ကိုစတင်မှာယူနိုင်သည်။

▪ ၁၉၉၈၊ ဩဂုတ် ၂၈ မှ ၁၉၉၈၊ ဩဂုတ် ၃၁ အထိအသင်းမသည် ဌာနခွဲမှလက်ရှိစာအုပ်စာတမ်းစာရင်းကိုယူမည်ဖြစ်သည်။ ဤစာရင်းယူလုပ်ဆောင်မှုကြောင့် မည်သည့်အသင်းတော်၏စာအုပ်စာတမ်းမှာယူခြင်းကိုမဆို ထိုနေ့များအတွင်း ထုပ်ပိုးသယ်ပို့ပေးခြင်းကို စီမံဆောင်ရွက်ပေးနိုင်မည်မဟုတ်ပေ။

▪ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် မှန်မှန်ရှေ့ဆောင်လျှောက်လွှာအားလုံးကို ချက်ချင်းအာရုံစိုက်သင့်သည်။ လျှောက်ထားသူသည် တောင်းဆိုထားသောနာရီကိုပြည့်မီနိုင်၊ မပြည့်မီနိုင်သိရှိရန် လုပ်ငန်းတော်ကော်မတီသည် လျှောက်လွှာကို အချိန်ဆွဲမထားသင့်ပေ။ တောင်းဆိုထားသောနေ့စွဲထက် နောက်ကျ၍ရရှိသည့်လျှောက်လွှာများတွင် ခန့်အပ်သည့်နေ့စွဲသည် အလိုလိုပြောင်းသွားမည်ဖြစ်သည်။ အထူးထောက်ထားစရာအခြေအနေမျိုးမရှိလျှင် လွန်ပြီးသည့်နေ့စွဲကို ပြန်၍ခန့်အပ်မည်မဟုတ်ပါ။ ထိုသို့သောအခြေအနေရှိပါက လျှောက်လွှာနှင့်ပူးတွဲ၍ စာတစ်စောင်ပို့သင့်သည်။—ဩဂုတ် ၁၉၈၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၂၄-၆ [လိပ်] ကိုရှုပါ။

▪ သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းစာအုပ်ပြီးသွားလျှင် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ဘရိုရှာများကိုသုံးသပ်မည်ဖြစ်သည်။ စက်တင်ဘာ ၂၁ ရက်အပတ်မှစ၍ တောင်းဆိုဘရိုရှာကိုအသုံးပြုမည်ဖြစ်ကြောင်း ၁၉၉၈၊ မေလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါကြေညာချက်က ဖော်ပြခဲ့သည်။ ၎င်းဘရိုရှာပြီးလျှင် ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလောဘရိုရှာကို ဆက်၍သုံးသပ်မည်ဖြစ်သည်။

▪ ရရှိနိုင်သောစာအုပ်စာတမ်းများ– လူငယ်များအမေး— တရုတ်၊ အင်္ဂလိပ်၊ မြန်မာ

အသိပညာ— တရုတ်၊ မြန်မာ

ကျမ်းစာပုံပြင်— တရုတ်၊ အင်္ဂလိပ်၊ တီးတိန်၊ ဟားခါး

အကြီးမြတ်ဆုံးလူသား— အင်္ဂလိပ်

ကျိုးကြောင်းဆင်ခြင်— အင်္ဂလိပ်

မိသားစုပျော်ရွှင်မှု— တရုတ်

မိသားစုဘဝ— မြန်မာ

ထာဝစဉ်အသက်ရှင်— (အကြီး) မြန်မာ

လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်— (ဘရိုရှာ) မြန်မာ

တောင်းဆို— ကူကီး၊ ဟားခါး

ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော— စကောကရင်

ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— ဟားခါး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ