ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၉ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁/၉၉ စာ. ၇

ကြေညာချက်များ

▪ ဇန်နဝါရီတွင်ဝေငှရန်စာပေ– အသင်းတော်တွင်ရှိမည့် ၁၉၈၅ ခုနှစ်မတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်မဆို။ ထိုသို့သောစာအုပ်များမရှိသည့်အသင်းတော်များသည် စစ်မှန်သောငြိမ်းချမ်းမှုနှင့်လုံခြုံမှု—သင်မည်သို့တွေ့ရှိနိုင် [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည်ကိုဝေငှမည်။ ဖေဖော်ဝါရီ– မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်[လိပ်]။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ ဧပြီ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ စိတ်ဝင်စားသူများအတွက် တောင်းဆိုဘရိုရှာကို ရရှိစေကာ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားပါ။

▪ ၁၉၉၉ ခုနှစ် ခရိုင်စည်းဝေးကြီးနှင့်စပ်လျဉ်းသည့် ဤလထုတ်ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကို ၁၉၉၈၊ ဒီဇင်ဘာ ၂၈ အပတ်လုပ်ငန်းတော်စည်းဝေးတွင် သုံးသပ်မည်ဖြစ်သည်။

▪ ဇန်နဝါရီ ၄ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတက်ရောက်ကြသည့် နှစ်ခြင်းခံပြီးသောကြေညာသူအားလုံးသည် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်နှင့် မိမိတို့၏ကလေးများအတွက် မှတ်ပုံတင်ကတ်ကို ရရှိကြမည်ဖြစ်သည်။

▪ ဖေဖော်ဝါရီလမှစ၍ မတ် ၁ ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများ၏ လူထုဟောပြောချက်အသစ်မှာ “ဘုရားသခင်သည် သင့်အတွက် မည်မျှအမှန်တကယ်ဖြစ်သနည်း” ဖြစ်ပါမည်။

▪ အသင်းတော်များသည် သတိရအောက်မေ့ပွဲကို ဤနှစ် ဧပြီ ၁ ရက်၊ ကြာသပတေးနေ့နေဝင်ပြီးချိန်တွင် ကျင်းပရန်စီစဉ်သင့်သည်။ ဟောပြောချက်ကိုစောစောစနိုင်သော်လည်း အောက်မေ့ရာအထိမ်းအမှတ်များလက်ဆင့်ကမ်းခြင်းကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာစတင်သင့်သည်။ သင့်အရပ်ဒေသ၌ အဘယ်အချိန်နေဝင်သည်ကို ဒေသခံတို့ထံတွင် စုံစမ်းကြည့်ပါ။

▪ ၁၉၉၉ သတိရအောက်မေ့ပွဲအချိန်အခါအတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၁၈ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ ဟောပြောချက်၏အကြောင်းအရာမှာ “ဘုရားသခင်၊ အိမ်နီးချင်းတို့နှင့် စစ်မှန်သောရင်းနှီးမှု” ဖြစ်ပါမည်။ အောက်လိုင်းပို့ပေးပါမည်။ ထိုစနေ၊ တနင်္ဂနွေအပတ်သည် တိုက်နယ်အပတ်၊ တိုက်နယ်အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးနေ့ကျင်းပချိန်ဖြစ်နေပါက နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို ၁၉၉၉၊ ဧပြီ ၁၈ ရက်နေ့မတိုင်မီမပေးရပါ။

▪ ရရှိနိုင်သောစာအုပ်စာတမ်းများ–

အသိပညာ— အင်္ဂလိပ်၊ မြန်မာ၊ တရုတ်

လူငယ်များအမေး— အင်္ဂလိပ်

ကျမ်းစာပုံပြင်— အင်္ဂလိပ်၊ ကချင်၊ ဟားခါး

ထာဝစဉ်အသက်ရှင်— (အကြီး) တီးတိန်

အကြီးမြတ်ဆုံးလူသား— မြန်မာ၊ ဟင်ဒီ

သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော— အင်္ဂလိပ်

တောင်းဆို— အင်္ဂလိပ်၊ ဟားခါး၊ ကူကီး၊ စကောကရင်

ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— ဟားခါး၊ တရုတ်၊ ဟင်ဒီ

တည်မြဲသောငြိမ်သက်မှုနှင့်ပျော်ရွှင်မှု—ယင်းတို့ကိုရှာတွေ့နိုင်ပုံ— တရုတ်

ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်— ဟားခါး၊ ဟင်ဒီ

ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော— စကောကရင်

ယေဟောဝါသက်သေများနှင့်ပညာရေး— အင်္ဂလိပ်

ကင်းမျှော်စင်နှစ်ချုပ်အတွဲ (၁၉၉၇)— အင်္ဂလိပ်

နိုးလော့! နှစ်ချုပ်အတွဲ (၁၉၉၅၊ ၁၉၉၆)— အင်္ဂလိပ်

ကင်းမျှော်စင်စာပေအညွှန်း (၁၉၃၀-၁၉၈၅; ၁၉၈၆-၁၉၉၀)— အင်္ဂလိပ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ