ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဇန်နဝါရီ ၄ တွင်စမည့်အပတ်
၁၀ မိ– ဒသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “စာအုပ်အဟောင်းများကို ကောင်းစွာအသုံးချပါ။” မေးဖြေရန်။ ဒေသခံတွင်ရှိသည့်စာအုပ်အဟောင်းများကို ဖော်ပြပါ။ ၎င်းတို့၏စိတ်ဝင်စားဖွယ်လက္ခဏာအချို့ကို ညွှန်ပြကာ ယင်းတို့ကို အခြားသူများအား မည်သို့တင်ဆက်နိုင်ကြောင်း ရှင်းပြပါ။ ဇန်နဝါရီအတွင်း လယ်ကွင်းလုပ်ငန်းနှင့် အလွတ်သဘောသက်သေခံခြင်းတွင် ယင်းစာအုပ်များကိုဝေငှရန် အားလုံးကိုတိုက်တွန်းပါ။ တိုတုတ်ပြီး ရိုးရိုးကလေးတင်ဆက်သော သရုပ်ပြခန်းတစ်ခုကို ပါဝင်စေပါ။
၂၀ မိ– သွေးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်ပညတ်တော်ကို အတည်ပြုထောက်ခံရန် ယခုပြင်ဆင်ပါ။ အရည်အချင်းရှိအကြီးအကဲသည် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်ကို ဖြည့်စွက်ခြင်း၏အရေးကြီးမှုကို ဆွေးနွေးပါ။ (တမန်တော် ၁၅:၂၈၊ ၂၉) ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်– ဤအစည်းအဝေးပြီးနောက် နှစ်ခြင်းခံပြီးသောသက်သေခံများသည် ကတ်ပြားအသစ်တစ်ခုစီရမည်ဖြစ်ပြီး နှစ်ခြင်းမခံရသေးသောကလေးများသည် စိစစ်ရေးကတ်ကို တစ်ခုစီရမည်ဖြစ်သည်။ ဤကတ်ပြားများကို ချက်ချင်းဖြည့်စွက်ရန်မဟုတ်ပါ။ အိမ်တွင် စေ့စပ်သေချာစွာဖြည့်သင့်သည်။ သို့သော် လက်မှတ်မထိုးပါနှင့်ဦး။ ကတ်ပြားအားလုံးကို လက်မှတ်ထိုးခြင်း၊ သက်သေနှင့်နေ့စွဲတပ်ခြင်းတို့ကို နောက်ကျင်းပမည့်စာအုပ်ကြီးသင်တန်းတွင် စာအုပ်ကြီးသင်တန်းမှူး၏ကြီးကြပ်မှုအောက် ပြုလုပ်ရပါမည်။ လက်မှတ်မထိုးမီ ကတ်ပြားများကို ပြည့်စုံစွာဖြည့်စွက်ရန် သေချာစေပါ။ သက်သေအဖြစ်လက်မှတ်ထိုးသူများသည် ကတ်ပြားကိုင်ဆောင်သူ ကတ်ပြားပေါ်လက်မှတ်ထိုးသည်ကို အမှန်တကယ်တွေ့ မြင်သင့်သည်။ မိမိတို့နှင့် မိမိတို့၏ကလေးများအတွက်အသုံးပြုရန် ဤကတ်ပြားပါစကားများကို မိမိတို့အခြေအနေနှင့်ခံယူချက်များအရ ပြုပြင်ခြင်းအားဖြင့် နှစ်ခြင်းမခံရသေးသောကြေညာသူများသည် ကိုယ်ပိုင်ညွှန်ကြားချက်များကို ရေးချနိုင်ပေသည်။ စာအုပ်ကြီးသင်တန်းမှူးများသည် မိမိ၏အုပ်စုတွင်တက်ရောက်သူအားလုံး ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်ကို ဖြည့်စွက်ရန် လိုအပ်သည့်အကူအညီရရှိဖို့ သေချာစေရန် စစ်ဆေးသင့်သည်။
သီချင်း ၆၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၂၀ မိ– “ကျွန်ုပ်တို့၏အဓိဋ္ဌာန်—ယေဟောဝါနှစ်သက်ရာဘဝလမ်းစဉ်ကို လိုက်လျှောက်ရန်။” ဟောပြောရန်။ အသင်းတော်ပတ်စဉ်စည်းဝေးငါးခုကို အားလုံး မှန်မှန်တက်ရောက်ကြရန် အားပေးချက်ပါဝင်စေပါ။
၁၅ မိ– “သည်းခံခြင်းတင်ပြပါ။” မိသားစုဝင်အချင်းချင်းဆွေးနွေးရန်။ သူတို့သည် ဓမ္မအမှုတွင် ပို၍သည်းခံမှုတင်ပြနိုင်သည့်နည်းလမ်းများကို သုံးသပ်ကြသည်။ ဇွန် ၁၅၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂ မှသင့်လျော်သောမှတ်ချက်များပါဝင်စေပါ။
သီချင်း ၁၃၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၈ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၅ မိ– “ဦးဆောင်နေသောကြီးကြပ်မှူးများ—အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများ။” မိမိ၏တာဝန်များကိုသုံးသပ်သည့် ပုံသက်သေကောင်းသော စာအုပ်ကြီးသင်တန်းမှူးတစ်ဦးဟောရန်။ ထိုသို့သောလုပ်ဆောင်မှုသည် အသင်းတော်၏တိုးတက်မှုနှင့် ဝိညာဏအကျိုးကို မည်သို့ဖြစ်မြောက်စေကြောင်း သူတင်ပြသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၄၄-၅၊ ၇၅-၇ မှအဓိကအချက်များကိုပါဝင်စေပါ။
၁၅ မိ– “တောင်းဆိုဘရိုရှာဖြင့် သင်အံမှုများစခြင်း။” မေးဖြေသုံးသပ်ရန်။
သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “ရှေ့ဆောင်များအတွက် တောင်းဆိုထားသည့်နာရီကို ပြုပြင်ခြင်း။” အကြီးအကဲဟောရန်။ အသင်းတော်ရှိရှေ့ဆောင်များကို ချီးမွမ်းကာ မတ်၊ ဧပြီနှင့် မေလအတွင်း အထူးလုပ်ဆောင်မှုကို စိတ်ထဲတွင်ထားလျက် အရန်နှင့်မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင် နောက်ထပ်ကြေညာသူများပါဝင်ကြဖို့ အားပေးပါ။ ဖေဖော်ဝါရီ ၁၉၉၇ နှင့် ဇူလိုင် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်များမှ အချက်အလက်များကိုပါဝင်စေပါ။
၂၀ မိ– သင်သည် ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုနေပါသလော။ ဟောပြော၍ပရိသတ်နှင့်ဆွေးနွေးရန်။ အသင်းမသည် ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်ငယ်ကို နှစ်စဉ်စီမံပေးထားပါသည်။ သင်သည် ဤစာအုပ်ငယ်ကို တစ်ဦးချင်းစီသော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း ကောင်းစွာအသုံးချပါသလော။ ကျမ်းချက်ကို ကျွန်ုပ်တို့နေ့စဉ်သုံးသပ်သင့်သည့် အကျိုးဖြစ်ထွန်းသောအကြောင်းရင်းများကို ရှင်းပြပါ။ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၁၉၉၉၊ စာမျက်နှာ ၃-၄ ၏ကျမ်းဦးစကားမှ မှတ်ချက်များကိုဆွေးနွေးပါ။ တစ်ဦးချင်းစီနှင့် မိသားစုလိုက် နေ့စဉ်ကျမ်းချက်နှင့်မှတ်ချက်များကို သစ္စာရှိစွာသုံးသပ်ရန် သူတို့ပြုလုပ်နေကြသည့် အထူးကြိုးစားအားထုတ်မှုကို ပြောပြရန် ကြေညာသူများအား ဖိတ်ခေါ်ပါ။
သီချင်း ၂၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။