ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၉ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၂/၉၉ စာ. ၃

ကြေညာချက်များ

▪ ဖေဖော်ဝါရီတွင်ဝေငှရန်စာပေ– ၁၉၂-မျက်နှာရှိမည်သည့်စာအုပ်ကိုမဆို။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ ဧပြီနှင့် မေ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ စိတ်ဝင်စားသူများအတွက် တောင်းဆိုဘရိုရှာကိုရရှိစေကာ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားပါ။

▪ ၁၉၉၉၊ မတ် ၂၂ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်း၌ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသားစာအုပ်ကို သုံးသပ်မည်ဖြစ်သည်။ ဤလထုတ်ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် သင်တန်းအစီအစဉ်အစအဆုံးပါရှိသည်။ သင်သည် ယင်းကို မိတ္တူကူးပြီး အလွယ်တကူကိုးကားကြည့်ရှုရန် သင့်ကိုယ်ပိုင်စာအုပ်တွင် ညှပ်ထားနိုင်သည်။ စာအုပ်၏နိဒါန်းကို မည်သို့သုံးသပ်မည်နှင့်စပ်လျဉ်းသည့်ညွှန်ကြားချက်ကို စက်တင်ဘာ ၁၉၉၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာမျက်နှာ ၁ ရှိ “အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသားကို လေ့လာခြင်း” ၏အပိုဒ် ၅ တွင်ရှင်းပြထားသည်။

▪ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏လုပ်ငန်းကို ပြန်သုံးသပ်သင့်သည်။ တစ်ဦးတစ်ယောက်သည် တောင်းဆိုထားသောနာရီကိုပြည့်မီရန် အခက်တွေ့နေပါက အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။ အကြံပြုချက်များအတွက် အောက်တိုဘာ ၁ ရက်နေ့စွဲပါ အသင်းမ၏နှစ်စဉ် S-201 စာကိုပြန်သုံးသပ်ပါ။ ဩဂုတ် ၁၉၈၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ် အပိုဒ် ၁၂-၂၀ [လိပ်] ကိုလည်းကြည့်ပါ။

▪ ၁၉၉၉၊ မေ ၁၅၊ စနေနေ့တွင် ဌာနခွဲရုံးကို မိုးဦးရာသီသန့်ရှင်းရေးအတွက် ပိတ်ထားပါမည်။ ယင်းကြောင့် ထိုနေ့တွင် အသင်းတော်များမှ အလည်အပတ်လာခြင်း၊ စာအုပ်စာတမ်းများလာထုတ်ယူခြင်း အစီအစဉ်များမရှိပါ။

▪ လာမည့်လများတွင် မခန့်အပ်သေးသောရပ်ကွက်ကို အမှုဆောင်ရာတွင်ပါဝင်ဖို့ အစီအစဉ်များပြုလုပ်ထားသောကြေညာသူအုပ်စုများသည် မိမိတို့၏လယ်ကွင်းလုပ်ငန်းတော်တွင် တောင်းဆိုဘရိုရှာ သို့မဟုတ် အသိပညာစာအုပ်ကိုဝေငှရန် စီစဉ်သင့်သည်။

▪ ရရှိနိုင်သောစာအုပ်စာတမ်းများ–

ထာဝစဉ်အသက်ရှင်— (အကြီး) မြန်မာ

အကြီးမြတ်ဆုံးလူသား— မြန်မာ

ကျမ်းစာပုံပြင်— လူရှိုင်း

လူငယ်များအမေး— အင်္ဂလိပ်

မိသားစုပျော်ရွှင်မှု— တရုတ်

အသိပညာ— တရုတ်

တောင်းဆို (ဘရိုရှာ)— ကူကီး

သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ— အင်္ဂလိပ်

ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်— မြန်မာ၊ တရုတ်

ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— တရုတ်

တည်မြဲသောငြိမ်သက်မှုနှင့် ပျော်ရွှင်မှု—ယင်းတို့ကိုရှာတွေ့နိုင်ပုံ— တရုတ်

ကမ္ဘာသားဘဝ— တရုတ်

ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော— တရုတ်

▪ ၁၉၉၉၊ ဇန်နဝါရီ ၁၅ ရက်ထုတ်မှစ၍ အူရ်ဒူဘာသာစကားဖြင့် တစ်လလျှင်နှစ်ကြိမ်ထုတ်ကင်းမျှော်စင်ကို ရရှိမည်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ