ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖေဖော်ဝါရီ ၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ ဇန်နဝါရီလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် အားလုံးကိုနှိုးဆော်ပါ။
၁၇ မိ– “မိသားစုပျော်ရွှင်မှုစာအုပ်ကို အသက်အရွယ်မရွေး လူတိုင်းအား ဝေငှပါ။” ဤစာအုပ်ကိုမရရှိနိုင်ပါက ကျေးဇူးပြု၍ ရရှိနိုင်သည့် ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို ဝေငှပါ။ အကြီးအကဲသည် အရည်အချင်းရှိကြေညာသူနှစ်ဦးသုံးဦးနှင့် ဆောင်းပါးကိုဆွေးနွေးသည်။ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်သည် ကျမ်းစာသြဝါဒကိုလိုက်လျှောက်ခြင်းအပေါ် အခြေပြုသည်ကို သဘောပေါက်ရန် အခြားသူများအား ကူညီပေးရသည့်ပန်းတိုင်အပေါ် အာရုံစိုက်ပါ။ (မိသားစုပျော်ရွှင်မှု၊ စာမျက်နှာ ၉-၁၂ ရှု။) အကြံပြုထားသည့် တင်ဆက်ပုံများမှတစ်ခုကို သရုပ်ပြပါ။ ပြန်လည်ပတ်ရန်စီစဉ်ပုံကို ပြပါ။
၁၈ မိ– “ဥပဓိရုပ်သစ်ကိုယူတင်ဝတ်ဆောင်လော့။” ဧဖက် ၄:၂၀-၂၄ ကိုဆန်းစစ်သုံးသပ်ခြင်းဖြင့်ဟောရန်။ (မတ် ၁၊ ၁၉၉၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၈၊ အပိုဒ် ၄-၁၇ ရှု။) ဥပဓိရုပ်ဟောင်းကိုချွတ်၍ အသစ်ကိုမည်သို့ဝတ်ဆင်နိုင်ကြောင်း ရှင်းပြပါ။
သီချင်း ၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ကျွန်ုပ်တို့၏မဟာဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကိုဂရုစိုက်တော်မူ၏!” မေးဖြေရန်။ ဘုရားသခင့်တည်ရှိမှုကို သံသယဖြစ်သူ သို့မဟုတ် ငြင်းဆိုသူများကိုကူညီရန် ဖန်ဆင်းခြင်းစာအုပ်ကို မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။ ယင်းစာအုပ်သည် ကျမ်းစာသင်အံမှုများကျင်းပရန်အတွက် မဟုတ်သော်လည်း သမ္မာကျမ်းစာပြောသမျှကိုဆန်းစစ်ရန် လူတို့ကိုလှုံ့ဆော်ပေးရာတွင် ထိရောက်သောကိရိယာတစ်ခုအဖြစ် လုပ်ဆောင်နိုင်သည်။ (ဖန်ဆင်းခြင်းစာအုပ်၊ စာမျက်နှာ ၁၈၉-၉၁ ရှု။) ဤစာအုပ်ကို မြန်မာလိုမရနိုင်သော်လည်း ယင်းတွင်ပါသည့်အကြောင်းအရာများနှင့် အင်္ဂလိပ်စာတတ်သူများအား ယင်းစာအုပ်ကိုမည်သို့ဝေငှရမည်ကို သိထားလျှင်ကောင်း၏။ ဤစာအုပ်နှင့်စပ်လျဉ်းသည့် သူတို့ကိုယ်တိုင်၏ ဖွင့်ဟပြောဆိုချက်များကို ဝေမျှရန်နှင့် အခြားသူများအား ယင်းစာအုပ်ကိုဝေငှရာတွင် ရရှိခဲ့သော မည်သည့်တွေ့ ကြုံမှုကိုမဆိုပြောပြရန် ကြေညာသူများအား ဖိတ်ခေါ်ပါ။
သီချင်း ၁၇၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။
၁၈ မိ– သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စာရင်းသွင်းခြင်းဖြင့် ကျွန်ုပ်တို့ မည်သို့အကျိုးခံစားရသနည်း။ ကျောင်းကြီးကြပ်မှူးသည် ပရိသတ်နှင့်ဆွေးနွေးရန်။ ကျောင်း၏ရည်ရွယ်ချက်မှာ လူထုရှေ့ဟောပြောခြင်းကို လေ့ကျင့်ပေးရန်သာမဟုတ်ပါ။ ကျွန်ုပ်တို့တိုက်ရိုက်အကျိုးခံစားရသည့် အခြားနည်းလမ်းများရှိသည်။ (ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၁၁-၁၃ ရှု။) ကျွန်ုပ်တို့သည် အခြားသူများနှင့် မည်သို့သာ၍ကောင်းစွာဆက်သွယ်ရမည်ကို သိရှိလာသည်။ ရှင်းရှင်းလင်းလင်း၊ ဣန္ဒြေရရနှင့် မိမိကိုယ်ကိုယုံကြည်မှုတို့ဖြင့် ဟောပြောရန် သွန်သင်ခံရသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ယုံကြည်ချက်များနှင့်စပ်လျဉ်းသည့်မေးခွန်းများကို ဖြေကြားရာတွင်နှင့် မိမိတို့၏ကျမ်းစာအခြေပြုဆုံးဖြတ်ချက်များကို ရှင်းပြရာတွင် ကျွမ်းကျင်လာသည်။ ကျွန်ုပ်တို့၏ကျမ်းစာအသိပညာတိုးလာရာ အခြားသူများအားသက်သေခံရာတွင် ပို၍ထိရောက်ရန် အကူအညီဖြစ်စေသည်။ ကျွန်ုပ်တို့သည် မိမိတို့၏အားနည်းချက်များကို အသိအမှတ်ပြုကာ သွန်သင်ချက်များကို လက်ခံရမည်ကိုသိရှိကြပြီး ယင်းက အခြားသူများနှင့် ပို၍သင့်မြတ်စွာဆက်ဆံတတ်စေသည်။ ကျောင်းမှစီမံပေးသည့် ဘက်စုံလေ့ကျင့်မှုက ကျွန်ုပ်တို့အား ဘုရားသခင်၏ဓမ္မအမှုဆောင်များအဖြစ် “လုံလောက်စွာအရည်အချင်းပြည့်မီ” နေရန်ကူညီပေးသည်။—၂ ကော. ၃:၅၊ ၆၊ ကဘ။
၁၇ မိ– “ကျမ်းစာသင်အံမှုတွင်—မိသားစုဝင်များ အပြည့်အဝပါဝင်ရန် ပူးပေါင်းလုပ်ဆောင်ပုံ။” မိသားစုတစ်စုဆွေးနွေးရန်။ သူတို့သည် မေ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅ နှင့် အောက်တိုဘာ ၁၅၊ ၁၉၉၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၇ တို့တွင်ပါသည့် မိသားစုကျမ်းစာဖတ်ရှုခြင်းနှင့် သင်အံမှုတို့နှင့်စပ်လျဉ်းသည့်အကြံပြုချက်များကို မည်သို့လက်တွေ့ကျင့်သုံးနေကြကြောင်း ဆန်းစစ်သုံးသပ်ကြသည်။
သီချင်း ၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– အခန်းတွဲအဆောက်အဦများတွင်သက်သေခံခြင်း။ (သင့်ရပ်ကွက်တွင် အခန်းတွဲအဆောက်အဦအနည်းငယ်ရှိမည်ဆိုလျှင် မေ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ “လူမရှိသည့်အိမ်များကို အဘယ်ကြောင့်ရေးမှတ်ထားရခြင်း” ဆောင်းပါးကိုသုံးသပ်ပါ။) ကြေညာသူနှစ်ဦးသုံးဦးနှင့်ဆွေးနွေးရန်။ အင်တာကွမ်းဆက်သွယ်ရေးဖြင့် စကားပြောဆိုနိုင်ဖို့ အကန့်အသတ်ရှိသော အခန်းတွဲများတွင်နေထိုင်သူများကို သက်သေခံရန်ခက်သည်။ စိတ်ဝင်စားမှုကိုဖန်တီးပေးသည့် နည်းများကို သုံးသပ်ပါ။ ခင်မင်ရင်းနှီးစွာနှင့် အိမ်နီးချင်းတစ်ဦးအဖြစ် သင့်ကိုယ်သင်မိတ်ဆက်ပါ; လမ်းညွှန်စာအုပ်တွင် အိမ်ရှင်၏နာမည်ကိုဖော်ပြထားပါက ယင်းကိုအသုံးပြုပါ; သင်ဆွေးနွေးလိုသည့် အခန့်သင့်အကြောင်းအရာတစ်ခုကို ဖော်ပြပါ သို့မဟုတ် ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၉-၁၅ မှနိဒါန်းတစ်ခုကို တိုက်ရိုက်ဖတ်ပြပါ; အရေးကြီးသည့်မေးခွန်းတစ်ခုကို ဖြေကြားပေးသည့်ဝေစာ၊ မဂ္ဂဇင်း သို့မဟုတ် ဘရိုရှာတစ်စောင်ကို သင်ဝေငှလိုကြောင်း ရှင်းပြကာ ထိုမေးခွန်းကိုဖော်ပြပါ။ ဆက်သွယ်ဖို့အကန့်အသတ်ရှိလျှင် အိမ်ငှားများကိုစာရေးပါ သို့မဟုတ် လမ်းပေါ်တွင် သူတို့သွားလာစဉ် သက်သေခံပါ။ အခန်းတွဲများတွင်နေထိုင်သူများနှင့် ရလဒ်ကောင်းများရရှိခဲ့သည့် ဒေသအလိုက်အသုံးပြုခဲ့သောနည်းတစ်နည်းကို သရုပ်ပြပါ။
၂၀ မိ–တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ရွှင်လန်းမှုမည်သို့ရရှိနိုင်ပုံ။ ဖေဖော်ဝါရီ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၄ ကိုအခြေခံ၍ဟောရန်။
သီချင်း ၉၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။