ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၉ စာ. ၄
  • သင့်အချိန်ကို တန်ဖိုးရှိစေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အချိန်ကို တန်ဖိုးရှိစေလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • အမှုဆောင်လုပ်ငန်းမှာ အချိန်ကို အကျိုးရှိရှိအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • သင့်ဓမ္မအမှုတွင် ထိရောက်မှုရှိလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • လယ်ကွင်းစုဆုံမှုလုပ်ရတဲ့ ရည်ရွယ်ချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၆/၉၉ စာ. ၄

သင့်အချိန်ကို တန်ဖိုးရှိစေလော့

၁ လူတိုင်း ပတ်စဉ်သုံးနိုင်သည့်အချိန်ပမာဏသည် အတူတူဖြစ်၏။ သတင်းကောင်းဖြန့်ဝေရာတွင် ကျွန်ုပ်တို့သုံးသည့်အချိန်ပိုင်းသည် အထူးသဖြင့်တန်ဖိုးရှိ၏၊ အကြောင်းမှာ ယင်းသည် အသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် သုံးသည့်အချိန်ဖြစ်သောကြောင့်တည်း။ (ရော. ၁:၁၆) စီစဉ်ထားသည့်လုပ်ငန်းတော်အတွက် ကောင်းစွာပြင်ဆင်ခြင်း၊ လုပ်ငန်းတော်အတွက်တွေ့ဆုံမှုများကို အချိန်မီရောက်ရှိခြင်းနှင့် ရပ်ကွက်ကိုအချိန်မီရောက်ခြင်းဖြင့် ယင်းကို ကျွန်ုပ်တို့လေးမြတ်ကြကြောင်းတင်ပြကြသည်။ ကျွန်ုပ်တို့သည် စောင့်နေခြင်းအစား ဟောပြောနေကြပါမည်။ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန် [“ချိန်းချက်ထားသောအချိန်၊” ကဘ] ရှိ၏” ဟူ၍ကျွန်ုပ်တို့ကို ယေဟောဝါသွန်သင်တော်မူသောကြောင့် ဓမ္မအမှုအတွက် ကျွန်ုပ်တို့ဖယ်ထားသောအချိန်ကို အမှန်တန်ဖိုးရှိစေရန် လိုအပ်သည်။—ဒေ. ၃:၁။

၂ သင့်အချိန်ကိုပညာရှိစွာစီမံပါ– လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ခွင့်ရစေသည့် အစီအစဉ်ဇယားတစ်ခုကို စွဲစွဲမြဲမြဲကိုင်စွဲသည့်အခါ ကောင်းချီးများစွာကို ကျွန်ုပ်တို့ခံစားရသည်။ သာမန်ဖြစ်ရိုးဖြစ်စဉ်အရ ဓမ္မအမှုတွင် ကျွန်ုပ်တို့ရရှိသည့် ရလဒ်ကောင်းများသည် လုပ်ငန်းတော်တွင်အသုံးပြုသည့် အချိန်ပမာဏနှင့်အချိုးအစားကျသင့်သည်မှာ အမှန်ပင်။ ကျွန်ုပ်တို့၏လုပ်ရိုးလုပ်စဉ်ကို အနည်းငယ်ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် လယ်ကွင်းလုပ်ငန်းအတွက် အချိန်ပိုပေးနိုင်မည်လော။ ဥပမာ၊ စနေနေ့မဂ္ဂဇင်းလုပ်ငန်းပြီးနောက် ပြန်လည်ပတ်မှုအနည်းအကျဉ်းပြုလုပ်ရန် နောက်ထပ်အချိန်အနည်းငယ် ယူနိုင်မည်လော။ ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့တွင် လယ်ကွင်းဓမ္မအမှု၌ အခိုက်အတန့်အားဖြင့်ပါဝင်ပြီးပြီဆိုလျှင် ပြန်လည်ပတ်မှုများလုပ်ခြင်း သို့မဟုတ် ကျမ်းစာသင်အံမှုကျင်းပခြင်းတွင်လည်း အချိန်အချို့သုံးနိုင်မည်လော။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို အတော်အတန်လမ်းပေါ်သက်သေခံခြင်းဖြင့် ဖြည့်စွက်ပေးနိုင်မည်လော။ ဤနည်းများ သို့မဟုတ် အခြားနည်းများဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းတွင် တိုးတက်လာနိုင်သည်။

၃ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင်ပါဝင်သည့်အခါ သတိမထားပါက တန်ဖိုးရှိအချိန်ဆုံးရှုံးသွားနိုင်သည်။ အမှန်ပင်၊ ရာသီဥတုအခြေအနေဆိုးသည့်အခါ ခဏရပ်နားခြင်းသည် ကျွန်ုပ်တို့ကိုလန်းဆန်းစေကာ ဆက်၍အမှုဆောင်နိုင်စေမည်ဖြစ်သည်။ သို့သော် ချင့်ချိန်မှုရှိပါ၊ အကြောင်းမှာ ထိုသို့သောရပ်နားမှုများသည် အမြဲလိုမည်မဟုတ်သောကြောင့်ဖြစ်သည်။

၄ မကြာသေးမီနှစ်များအတွင်း လူတို့ကို အိမ်တွင်တွေ့ရဖို့ ပို၍ခက်လာသည်။ ယင်းအခြေအနေကိုဖြေရှင်းရန် ကြေညာသူများစွာသည် တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းကို နေ့၏အခြားအချိန်တစ်ချိန်တွင် လုပ်ဆောင်ကြသည်။ မွန်းလွဲနှောင်းပိုင်း သို့မဟုတ် ညနေအစောပိုင်းတွင် သက်သေခံခြင်းကို စမ်းကြည့်ပါလေ။

၅ လမ်းပေါ်အမှုဆောင်ခြင်းတွင် ပါဝင်နေစဉ် အချင်းချင်းစကားပြောခြင်းကိုမပြုလျှင် ပိုကောင်းသည်။ ယင်းအစား တစ်ဦးနှင့်တစ်ဦးခွာ၍ရပ်ကာ လူတို့ကို စကားစမြည်စပြောဆိုနိုင်ရန် ချဉ်းကပ်ပါ။ ဤသို့ဖြင့် အချိန်ကို ပို၍ထိရောက်စွာစီမံစေနိုင်မည်ဖြစ်ကာ အမှုဆောင်ခြင်းမှ ကြီးစွာသောရွှင်လန်းမှုကိုပါ ခံစားရပါလိမ့်မည်။

၆ သက်သေခံရန် အခွင့်အရေးများကိုယူပါ– သက်သေခံတစ်ဦးသည် အိမ်ရှင်တစ်ဦးက စိတ်မဝင်စားပါဟုပြောသည့်အခါ အိမ်ထဲတွင် မိမိနှင့်စကားပြောနိုင်မည့် အခြားသူတစ်စုံတစ်ဦးရှိမရှိ မေးခဲ့သည်။ ဤသို့ဖြင့် နှစ်ပေါင်းများစွာနာမကျန်းဖြစ်ကာ များသောအားဖြင့် အိပ်ရာတွင်လှဲနေခဲ့ရသည့် အမျိုးသားတစ်ဦးနှင့်စကားပြောခွင့်ရခဲ့သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ဖော်ပြထားသည့် မျှော်လင့်ချက်က ထိုသူအား ဘဝကို ပြန်လည်စိတ်ဝင်စားလာစေခဲ့သည်။ မကြာမီ သူသည် အိပ်ရာမှထကာ နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများတက်၍ မိမိ၏အသစ်တွေ့ရှိထားသောမျှော်လင့်ချက်ကို အခြားသူများအားဝေမျှခဲ့သည်။

၇ ဆယ်ကျော်သက်ညီအစ်မတစ်ဦးသည် အသင်းတော်စာအုပ်ကြီးသင်တန်းမတိုင်မီအချိန်အတွင်း လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ရန်ဟူသော အကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့သည်။ ဦးဆုံးအိမ်တွင် အာရုံစူးစိုက်နားထောင်ကာ စာပေများယူထားသည့် အသက် ၁၃ နှစ်မိန်းကလေးတစ်ဦးကို သူတွေ့ခဲ့ရသည်။ ဤညီအစ်မငယ်သည် ထိုမိန်းကလေးကို နောက်တစ်နေ့ ကျောင်းတွင်တွေ့ ခဲ့သည်။ ယင်းနောက်မကြာမီ ထိုမိန်းကလေးကို ကျမ်းစာလေ့လာဖို့ကမ်းလှမ်းရာ ထိုမိန်းကလေးက လက်ခံလိုက်သည်။

၈ အရည်အသွေးပြည့်သောအချိန်ဖြစ်စေပါ– လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းသည် သတင်းကောင်းတင်ဆက်ရာတွင် ကျွန်ုပ်တို့၏အစွမ်းအစများကို တိုးတက်ရန်ကူညီပေး၏။ ပို၍ထိရောက်သောနိဒါန်းတစ်ခုကိုသုံး၍ အိမ်တံခါးဝတွင် စကားစမြည်စပြောဆိုရန် သင့်စွမ်းရည်ကို တိုးတက်စေနိုင်မည်လော။ သင်သည် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပသည့်အခါ ပို၍ကျွမ်းကျင်သောသွန်သင်ပို့ချသူတစ်ဦး ဖြစ်လာနိုင်မည်လော။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းတော်တွင်ပါဝင်သောသင့်အချိန်သည် အမှန်တကယ်တန်ဖိုးရှိကာ သင့်ဓမ္မအမှုသည် ပို၍အကျိုးဖြစ်ထွန်းနိုင်ပါသည်။—၁ တိ. ၄:၁၆။

၉ “ကာလအချိန်တိုလာ” သောကြောင့် ကျွန်ုပ်တို့၏အသက်တာသည် ခရစ်ယာန်လုပ်ဆောင်မှုများနှင့် ပြည့်နေသင့်သည်။ (၁ ကော. ၇:၂၉၊ သမ္မာ) ဟောပြောခြင်းလုပ်ငန်းအတွက် သတ်မှတ်ထားသောအချိန်သည် ကျွန်ုပ်တို့၏အဓိကဦးစားပေးရာဖြစ်သင့်သည်။ ကျွန်ုပ်တို့သည် ကြံ့ခိုင်မှုရှိကာ ဓမ္မအမှုတွင် ဇွဲနပဲနှင့်ပါဝင်ကြစို့။ အချိန်သည် ကျွန်ုပ်တို့အား ယေဟောဝါပေးထားသည့် အထူးကောင်းမွန်သော တန်ဖိုးရှိအရာတစ်ခုဖြစ်သည်။ ယင်းကို အမြဲတမ်း ပညာရှိရှိသုံးကာ တန်ဖိုးရှိစေပါ။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

ဤအကြံပြုချက်များကိုသုံးသပ်ပါ–

▪ လုပ်ငန်းတော်အတွက်တွေ့ဆုံမှုများတွင် အချိန်မီရောက်ရှိပါ။

▪ သက်သေခံမည့်အုပ်စုများကို တတ်နိုင်သရွေ့ ငယ်စေပါ။

▪ ရပ်ကွက်သို့ နောက်ကျရောက်ခြင်းကို ရှောင်ပါ။

▪ အိမ်တွင်လူအများဆုံးရှိမည့်အချိန်၌အမှုဆောင်ပါ။

▪ လုံခြုံမှုရှိမည်ဆိုလျှင် တစ်ခါတစ်ရံ တစ်ဦးတည်းအမှုဆောင်ပါ။

▪ တစ်အိမ်မှတစ်အိမ်အမှုဆောင်သည့်ရပ်ကွက်နှင့်အနီးဆုံးတွင် ပြန်လည်ပတ်မှုများလုပ်ပါ။

▪ အုပ်စုရှိအခြားသူများသည်အိမ်တစ်အိမ်တွင်ကြာနေသည့်အခါ အမှုဆောင်နေခြင်းဖြင့် အလုပ်များနေပါ။

▪ ဖြစ်နိုင်သည့်အခါတိုင်း အခြေအနေပေါ်မူတည်၍ တစ်နာရီထက်ပို၍အမှုဆောင်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ