ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၉ စာ. ၂
  • ဇွန်လအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန်လအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇွန် ၇ တွင်စမည့်အပတ်
  • ဇွန် ၁၄ တွင်စမည့်အပတ်
  • ဇွန် ၂၁ တွင်စမည့်အပတ်
  • ဇွန် ၂၈ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၆/၉၉ စာ. ၂

ဇွန်လအတွက်လုပ်ငန်းတော်စည်းဝေးများ

ဇွန် ၇ တွင်စမည့်အပတ်

သီချင်း ၄၅

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှရွေးချယ်ထားသောကြေညာချက်များ။ သီအိုကရက်တစ်သတင်း။

၁၅ မိ– “ကျွန်ုပ်တို့သည် ယေဟောဝါ၏သွန်သင်ခြင်းကိုခံရ။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုအောင်ကန့်သတ်ကာ မေးဖြေဆက်ဆွေးနွေးရန်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၊ ရှေ့ဆောင်လုပ်ငန်းတော်ကျောင်း၊ နိုင်ငံတော်ဓမ္မအမှုကျောင်းစသည်တို့မှ ရရှိခဲ့သည့်အကျိုးအချို့ကိုပြောပြရန် ပရိသတ်အချို့ကို ဖိတ်ခေါ်ပါ။ ယင်းတို့သည် ယေဟောဝါ၏လူမျိုးကို ဓမ္မအမှုတွင် ပို၍ထိရောက်ရန် မည်သို့ကူညီပေးကြောင်း အလေးပေးတင်ပြပါ။

၂၀ မိ– “သင့်အချိန်ကို တန်ဖိုးရှိစေလော့။” အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် လယ်ကွင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံး အပြည့်အဝပါဝင်ရန် မိမိတို့၏အချိန်ကို မည်သို့စီမံကြောင်းပြောပြသည့် အတွေ့အကြုံရှိကြေညာသူတစ်ဦး သို့မဟုတ် နှစ်ဦးနှင့်ဆွေးနွေးရန်။ သူတို့သည် ဖြစ်မြောက်နိုင်သောဇယားတစ်ခု၏အရေးပါပုံကို ရှင်းပြကာ ယင်းဇယားတစ်ခုရှိရန်လိုအပ်ကြောင်း အလေးပေးတင်ပြကြသည်။ အစပြုနောက်ကျခြင်း၊ ကြိုတင်စီစဉ်မှုညံ့ဖျင်းခြင်း သို့မဟုတ် အမှုဆောင်ချိန်အတွင်း ပေါင်းသင်းမှုများလွန်းခြင်းကဲ့သို့သော အချိန်အလဟဿဖြစ်စေသည့်အရာများကို သူတို့မည်သို့ရှောင်ကြဉ်ကြောင်း ပြောပြကြသည်။ ဒေသခံအခြေအနေများကိုသုံးသပ်ကာ အချိန်ကိုတန်ဖိုးရှိစေနိုင်ပုံနှင့်စပ်လျဉ်း၍ လက်တွေ့ကျအကြံပြုချက်များပေးပါ။

သီချင်း ၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၁၄ တွင်စမည့်အပတ်

သီချင်း ၆၃

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “သင် အကူအညီပေးနိုင်မည်လော။” ပရိသတ်နှင့် အကြီးအကဲတစ်ဦးဆွေးနွေးရန်။ ကြင်ဖော်မဲ့မိဘများကိုကူညီရန်အတွက် အောက်တိုဘာ ၈၊ ၁၉၉၅၊ နိုးလော့!၊ စာမျက်နှာ ၈-၉ [လိပ်] တွင်ပေးထားသည့် အကြံပြုချက်များကို ထည့်ပြောပါ။ အသင်းတော်ရှိအခြားသူများထံမှ သူတို့ရရှိခဲ့သည့် မေတ္တာပါအကူအညီကို တန်ဖိုးထားကြောင်းဖွင့်ဟပြောဆိုဖို့ အချို့ကိုဖိတ်ခေါ်ပါ။

သီချင်း ၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂၁ တွင်စမည့်အပတ်

သီချင်း ၇၂

၁၀ မိ– ဒေသကြေညာချက်များ။ အသင်းတော်တွင် လူငယ်များအမေး သို့မဟုတ် လူငယ့်ဘဝစာအုပ်များလက်ကျန်ရှိမည်ဆိုလျှင် အိမ်တွင် ဆယ်ကျော်သက်များကို ပိုတွေ့နိုင်မည့် နွေရာသီလများအတွင်း ဓမ္မအမှု၌ ယင်းတို့ကို မည်သို့ကောင်းစွာအသုံးချနိုင်ကြောင်း တင်ပြပါ။

၁၇ မိ– ဗီဒီယိုခွေနှင့် အသံသွင်းပြဇာတ်တိတ်ခွေများကို ကောင်းစွာအသုံးချပါ။ အသင်းမကစီစဉ်ပေးထားသော ဗီဒီယိုခွေ ၁၀ ခွေနှင့် အသံသွင်းပြဇာတ်တိတ်ခွေ ၁၁ ခွေ (အင်္ဂလိပ်) ကို သာ၍ကောင်းစွာအသုံးချနိုင်မည်လော။ ယင်းတို့တစ်ခုစီကို သင်နှင့် သင့်မိသားစု ကြည့်ရှု သို့မဟုတ် နားထောင်ပြီးပြီလော။ ခေါင်းစဉ်အချို့ကို ပြန်သုံးသပ်ကာ ယင်းတို့သည် ကျွန်ုပ်တို့၏ကျမ်းစာဖတ်ရှုခြင်းကို တိုးတက်စေနိုင်ပုံ၊ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို သန်စွမ်းစေနိုင်ပုံနှင့် သမ္မာတရားအတွက် သက်သေခံချက်ကောင်းတစ်ရပ်ကို ပေးနိုင်ပုံတို့ကို ထောက်ပြပါ။ ကက်ဆက်ခွေနှစ်ခွေသုံးခွေမှ ကောက်နုတ်ချက်များကို အကျဉ်းချုံးဖော်ပြပါ။ မည်သည့်ဗီဒီယိုခွေ သို့မဟုတ် အသံသွင်းပြဇာတ်ခွေသည် မိမိတို့၏မိသားစုကို အားပေးရာတွင် သို့မဟုတ် လူသစ်များကို အဖွဲ့အစည်းသို့ညွှန်ပြရာတွင် အထူးသဖြင့် ထိရောက်မှုရှိကြောင်း တွေ့ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ပရိသတ်ကိုတောင်းဆိုပါ။ ရလဒ်ကောင်းများကိုဖော်ပြသည့် တွေ့ ကြုံမှုအချို့ကိုပြောပြပါ။ (၁၉၉၉ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၅၁-၂ ရှု။) ဗီဒီယိုခွေများနှင့် အသံသွင်းပြဇာတ်ခွေများကို ကောင်းစွာအသုံးချရန် အားလုံးကိုတိုက်တွန်းပါ။

၁၈ မိ– “အပြင်ပန်းအသွင်အပြင်ကိုသာ သင်ကြည့်သလော။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့နှင့်တွေ့ရသူများကို အလျင်စလို ထင်မြင်ချက်မပေးသင့်သည့်အကြောင်းရင်းများကို အလေးပေးတင်ပြပါ။ မထိုက်တန်သူများအဖြစ် သူရှုမြင်ခဲ့သူများအပေါ် မှားယွင်းစွာဆုံးဖြတ်ခဲ့သောယောနအား ယေဟောဝါသင်ပေးခဲ့သည့်သင်ခန်းစာကို အကျဉ်းချုံးသုံးသပ်ပါ။ (ဩဂုတ် ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၂၊ အပိုဒ် ၁၇-၁၉ ရှု။) ရပ်ကွက်တွင် မိမိတို့တွေ့ဆုံခဲ့ရသူအမျိုးမျိုးနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန်၊ ၎င်းတို့အပေါ် အပြုသဘောဆက်ထားရှိပုံနှင့် စီရင်ဆုံးဖြတ်ခြင်းကို ယေဟောဝါ၏လက်ထဲ၌သာထားရှိပုံတို့ကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၇၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂၈ တွင်စမည့်အပတ်

သီချင်း ၈၅

၁၂ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် အားလုံးကို နှိုးဆော်ပါ။ ဇူလိုင်တွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။ ဒေသအလိုက် အလုံအလောက်ရရှိနိုင်သည့် ဘရိုရှာများကိုဖော်ပြကာ ကျွန်ုပ်တို့၏တင်ဆက်မှုများတွင် အသားပေးတင်ပြနိုင်သည့် ထူးခြားချက်တစ်ခုနှစ်ခုကို အကြံပြုပါ။ ကောင်းစွာတိုက်ထားသည့် သရုပ်ပြပွဲတစ်ခုကို ပါဝင်စေပါ။

၁၃ မိ– ယေဟောဝါသည် မိမိ၏လူမျိုးအပေါ် နှိပ်စက်ညှဉ်းပန်းမှုကို အဘယ်ကြောင့်ခွင့်ပြုရသနည်း။ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ၊ စာမျက်နှာ ၆၇၆-၇ [လိပ်] ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ ယေရှုကြိုပြောခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ‘လူမျိုးအပေါင်း၏မုန်းတီးခြင်းကိုခံ’ ရကြသည်။ (မ. ၂၄:၉) ကျွန်ုပ်တို့သည် ဓမ္မအမှုတွင်ပါဝင်သည့်အခါ၊ လောကသားဆွေမျိုးများနှင့်ပေါင်းသင်းရသည့်အခါ၊ အလုပ်ခွင် သို့မဟုတ် ကျောင်းတွင် သက်သေခံမဟုတ်သူများနှင့်ဆက်ဆံရသည့်အခါ အတိုက်အခံပြုမှုကိုရင်ဆိုင်ကြရပေမည်။ ဟောပြောသူသည် ထိုသို့သောနှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် အတိုက်အခံကို ယေဟောဝါ အဘယ်ကြောင့် ခွင့်ပြုရကြောင်းနှင့် ယင်းတို့ကို ကျွန်ုပ်တို့ခံနိုင်ရည်ရှိခြင်းဖြင့် ကောင်းချီးများကို မည်သို့အဆုံးစွန်ရရှိမည်ဖြစ်ကြောင်း အပြုသဘောဖြင့်ရှင်းပြပါ။

၂၀ မိ– လူတို့ရှိသည့်နေရာများသို့သွားလော့! ၁၉၉၇ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၂-၈ ကိုအခြေခံ၍ဟောရန်။ ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းတွင် ဆက်၍မှန်မှန်ပါဝင်ရမည်ဖြစ်သော်လည်း—မည့်သည့်အချိန်၊ မည်သည့်နေရာ၌မဆို—အလွတ်သဘောသက်သေခံရန်အခွင့်အရေးများကို စိတ်အားထက်သန်စွာရှာဖွေကြသည်။ ဘတ်စကားစီးစဉ်၊ လမ်းပေါ် သို့မဟုတ် ကမ်းခြေတွင်လမ်းလျှောက်စဉ်၊ ရပ်ထားသည့်ကားများကို ချဉ်းကပ်စဉ်၊ ကားမှတ်တိုင်များသို့ သွားစဉ်၊ တယ်လီဖုန်းအသုံးပြုသက်သေခံစဉ်၊ စာရေးသက်သေခံစဉ် အောင်မြင်မှုကောင်းနှင့်တကွ အခြားသူများထိုသို့လုပ်ဆောင်ခဲ့ပုံကိုဖော်ပြသည့် နှစ်ချုပ်စာအုပ်မှ တွေ့ ကြုံမှုများကိုပြောပြပါ။ အချိန်ရသရွေ့ မိမိတို့၏ကိုယ်ပိုင်တွေ့ ကြုံမှု အချို့ကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ လူတို့ရှိသည့်နေရာတိုင်းတွင် သက်သေခံရန် ရသမျှအခွင့်အရေးကိုအသုံးချဖို့ အားလုံးကိုတိုက်တွန်းပါ။

သီချင်း ၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ