ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၀ စာ. ၂
  • ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဧပြီ ၁၀ တွင်စမည့်အပတ်
  • ဧပြီ ၁၇ တွင်စမည့်အပတ်
  • ဧပြီ ၂၄ တွင်စမည့်အပတ်
  • မေ ၁ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၄/၀၀ စာ. ၂

ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဧပြီ ၁၀ တွင်စမည့်အပတ်

သီချင်း ၁၂၂

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဧပြီ ၁၆ ရက်တွင်ဟောမည့် “လူသားတို့ ရွေးနုတ်ဖိုးအဘယ်ကြောင့်လိုအပ်” ဟူသည့်အထူးလူထုဟောပြောချက်ကို မမေ့ပါနှင့်။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၀ တွင်ဖော်ပြထားသည့်အတိုင်း ဧပြီ ၁၄-၁၉ အတွက်စီစဉ်ထားသည့် သတိရအောက်မေ့ပွဲကျမ်းစာဖတ်ရှုခြင်းကို လိုက်နာကြရန် အားလုံးကိုတိုက်တွန်းပါ။ ကြားညှပ်စာရွက်၏စာမျက်နှာ ၄ ရှိ “သတိရအောက်မေ့ပွဲနှိုးဆော်ချက်များ” ကိုသုံးသပ်ပါ။

၁၅ မိ– “သင်သည် ခရစ်တော်၏မေတ္တာကို တုံ့ပြန်နေပါသလော။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ မေ ၁၊ ၁၉၉၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၇၊ အပိုဒ် ၁၂-၁၃ မှအကြောင်းအရာများကို ပါဝင်စေပါ။ သတိရအောက်မေ့ပွဲသို့ လူတို့ကိုဖိတ်ခေါ်ရန် အထူးကြိုးစားကြဖို့ ယောက်တိုင်းကိုအားပေးပါ။

၂၀ မိ– “ဧပြီလ—ကောင်းသောအလုပ်များအတွက် စိတ်အားကြီးရမည့်အချိန်!” မေးဖြေရန်။ ဧပြီလတွင် ကျွန်ုပ်တို့ပြီးမြောက်လိုသည့်အရာနှင့်စပ်လျဉ်း၍ အားတက်သရောဆွေးနွေးရန်။ “အများသောသူတို့ကိုလှုံ့ဆော်သည့် ဇွဲထက်သန်မှု” ကိုသုံးသပ်ရန် နိဂုံးချုပ်သုံးလေးမိနစ်ကိုသုံးပါ။

သီချင်း ၁၉၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၁၇ တွင်စမည့်အပတ်

သီချင်း ၂၅

၁၃ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဧပြီလတွင် စနေတနင်္ဂနွေနှစ်ကြိမ်သာကျန်သောကြောင့် လမကုန်မီ ဓမ္မအမှုတွင်ပါဝင်ကြရန် ယောက်တိုင်းကိုအားပေးပါ။ နောက်ဆုံးထုတ်များကိုသုံး၍ တိုတုတ်သည့်မဂ္ဂဇင်းတင်ဆက်ပုံတစ်ခုကို သရုပ်ပြပါ။ ကျွန်ုပ်တို့အား ၎င်းတို့၏အီစတာထုံးစံများတွင် ပါဝင်စေလိုသူများကို မလွှဲမရှောင်သာတုံ့ပြန်ကြရမည်ဖြစ်သောကြောင့် ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၆၇-၈ တွင်ဖော်ပြထားသည့်အရာကို သုံးသပ်ပါ။

၁၆ မိ– “သင်၌ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိသလော။” မေးဖြေရန်။ ကျွန်ုပ်တို့သည် တော်မှန်သည့်ဦးစားထားရာများကို ချမှတ်ထားဖို့လိုသည်။ ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရ အကျိုးရှိစေမည့်အရာကိုလုပ်ဆောင်ရာတွင် စွဲစွဲမြဲမြဲရှိရန် အစပြုလုပ်ဆောင်မှုနှင့် ချုပ်တည်းမှုရှိဖို့လိုသည်။ ယေရှု၏ပုံသက်သေမှ ကျွန်ုပ်တို့သင်ယူနိုင်သည့်အရာကို ရှင်းပြပါ။—ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၆၈၊ အပိုဒ် ၃-၅ [လိပ်] ရှု။

၁၆ မိ– အကျိုးအရှိဆုံးဖြစ်မည့်နေရာတွင် မဂ္ဂဇင်းများကိုဝေငှပါ။ ဟောပြော၍ ပရိသတ်ကိုပါဝင်စေပါ။ ဇန်နဝါရီ ၈၊ ၁၉၉၅၊ နိုးလော့!၊ စာမျက်နှာ ၂၂-၄ [လိပ်] ပါအကြံပြုချက်များကို ပါဝင်စေပါ။ မဂ္ဂဇင်းများတွင်ပါရှိသည့် အထူးပြုဆောင်းပါးများကို တုံ့ပြန်နိုင်ခြေရှိသူများအား ရှာဖွေခြင်းသည် အဘယ်ကြောင့်ကောင်းကြောင်း ရှင်းပြပါ။ ယခင်လထုတ်များမှနမူနာများနှင့် ဒေသခံရပ်ကွက်ရှိ ဆောင်းပါးများကိုနှစ်သက်မည့် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းခွင်များ သို့မဟုတ် အသင်းအဖွဲ့အမျိုးအစားများကို သုံးသပ်ပါ။ ဤနည်းကိုသုံးခြင်းဖြင့် ရလဒ်ကောင်းများ မည်သို့ရရှိခဲ့ကြောင်းကိုတင်ပြသည့် တွေ့ ကြုံမှုများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၂၄ တွင်စမည့်အပတ်

သီချင်း ၁၃၇

၁၀ မိ– ဒေသကြေညာချက်များ။ အသင်းတော်သတိရအောက်မေ့ပွဲ တက်ရောက်သူဦးရေကို ကြေညာပါ။ ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့သူများ၏ဖွင့်ဟပြောဆိုချက်များကို ပြန်ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

၁၇ မိ– လူသစ်များအား အစည်းအဝေးများတက်ရန်ကူညီပေးပါ။ အသိပညာ စာအုပ်၊ စာမျက်နှာ ၁၆၁-၃၊ အပိုဒ် ၅-၈ ကိုအခြေခံ၍ဟောရန်။ အချိန်အတော်အတန်လေ့လာပြီးနောက် လူသစ်များသည် အစည်းအဝေးများစတက်လာရန်လိုသည်။ သူတို့ကို တက်ရောက်ရန်ပြုလုပ်ရခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်သည်။ သူတို့ကိုလှုံ့ဆော်ရန် သင်ဘာလုပ်နိုင်သနည်း။ သင်အံမှုကျင်းပနေသူများသည် အသိပညာ စာအုပ်ပါဤအကြောင်းအရာကို မိမိတို့၏သင်သားများနှင့် အချိန်ယူသုံးသပ်သင့်ကာ စစ်မှန်သောဝတ်ပြုရေးတွင် ကျွန်ုပ်တို့နှင့်ပူးပေါင်းရန် သူတို့ကိုကူညီပေးဖို့ တိကျသည့်အစီအစဉ်များပြုလုပ်သင့်သည်။

၁၈ မိ– “သင်သည် နိုင်ငံတော်အကြောင်း မှန်မှန် ကြွေးကြော်သူတစ်ဦးလော။” အတွင်းရေးမှူးသည် ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကို အဘယ်ကြောင့်မှတ်တမ်းသွင်းရကြောင်း ရှင်းပြပါ။ (ကျွန်ုပ်တို့၏ဓမ္မအမှု၊ စာမျက်နှာ ၁၀၆-၈ ရှု။) ကျွန်ုပ်တို့၏မှတ်တမ်းများကို ချက်ချင်းပေးဖို့ပျက်ကွက်သည့်အခါ ဖြစ်ပေါ်သည့်ပြဿနာအချို့ကို ပြောပြပါ။ မှတ်တမ်းများကို အချိန်မီမပျက်မကွက်ပေးရန် သူတို့လုပ်ဆောင်သည့်အရာကိုပြောပြဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် မည်သို့ကူညီနိုင်ကြောင်း ထောက်ပြပါ။ ဧပြီလတွင် စနေတနင်္ဂနွေတစ်ကြိမ်သာကျန်တော့သည်ဖြစ်ရာ တစ်ဦးစီ၏အမှုဆောင်တွင်ပါဝင်ခြင်းနှင့် လကုန်လျှင် လုပ်ငန်းတော်မှတ်တမ်းပေးခြင်းတို့၏အရေးကြီးမှုကို အလေးပေးတင်ပြပါ။

သီချင်း ၂၀၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၁ တွင်စမည့်အပတ်

သီချင်း ၂၁၃

၁၂ မိ– ဒေသကြေညာချက်များ။ ဧပြီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် အားလုံးကိုနှိုးဆော်ပါ။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် မေ ၆ ရက်တွင် မှတ်တမ်းအားလုံးကို စာရင်းပြုစုနိုင်ရန် မိမိတို့၏အုပ်စုရှိသူတိုင်းကို စစ်ဆေးသင့်သည်။ မေးခွန်းသေတ္တာကိုသုံးသပ်ကာ ဒေသနှင့်သက်ဆိုင်ပုံကိုတင်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၁၈ မိ– “မပျက်မကွက်ပြန်သွားပါလေ!” ပရိသတ်နှင့်ဆွေးနွေးရန်။ ပြန်လည်ပတ်မှုများပြုလုပ်ရန် ပျက်ကွက်နိုင်သည့်အကြောင်းရင်းများကို သုံးသပ်ပါ။ တိကျသောမှတ်တမ်းများနှင့် ပြန်သွားရန်လိုလိုလားလားရှိခြင်းတို့သည် အဘယ်ကြောင့်အရေးကြီးကြောင်း ရှင်းပြပါ။ ပြန်လည်ပတ်မှုများပြုလုပ်ရန် ပတ်စဉ်အချိန်အချို့ကို သီးသန့်ဖယ်ထားဖို့ အကြံပြုပါ။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၈၉-၉၀ တွင်ဖော်ပြထားရာများကို သုံးသပ်ပါ။ ၁၉၉၅ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၅ [လိပ်] တွင်ဖော်ပြထားသည့်တွေ့ ကြုံမှုကို ပြောပြပါ။—၁ ကော. ၃:၆၊ ၇။

သီချင်း ၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ