ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၀ စာ. ၂
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၈/၀၀ စာ. ၂

ကြေညာချက်များ

ဩဂုတ်လတွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာများကို သင့်လျော်သလိုဝေငှနိုင်သည်။ စက်တင်ဘာ– အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများ၌ စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ လကုန်ပိုင်းမှစ၍ “ထောင်စုနှစ်သစ်—သင့်အတွက် မည်သည့်အနာဂတ်အလားအလာရှိသနည်း” ဟူသော နိုင်ငံတော်သတင်း နံပါတ် ၃၆ ကိုဝေငှကြမည်ဖြစ်သည်။ နိုဝင်ဘာ– နိုင်ငံတော်သတင်း နံပါတ် ၃၆ ကိုဆက်၍ဝေငှမည်ဖြစ်သည်။ အိမ်တိုင်းရှိအိမ်ရှင်များထံ နိုင်ငံတော်သတင်း နံပါတ် ၃၆ တစ်စောင်စီရောက်ရှိခြင်းဖြင့် ရပ်ကွက်ပြီးဆုံးသွားသောအသင်းတော်များသည် တောင်းဆို ဘရိုရှာ သို့မဟုတ် အသိပညာ စာအုပ်ကို ဝေငှနိုင်သည်။ လူတို့တွင် ၎င်းတို့ရှိထားနှင့်ပြီဖြစ်ပါက ထာဝစဉ်အသက်ရှင် စာအုပ်ကိုဖြစ်စေ၊ ဖန်ဆင်းခြင်း [လိပ်] စာအုပ်ကိုဖြစ်စေ အသုံးပြုနိုင်သည်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စစ်ဆေးသင့်သည်။ ယင်းသို့ပြုပြီးနောက် စာရင်းအင်းအစီရင်ခံစာဖတ်ပြသောအခါ အသင်းတော်အား ကြေညာပေးပါ။

အသင်းတော်များသည် ယေဟောဝါသက်သေများ၏ ၂၀၀၁ ခုနှစ်ပြက္ခဒိန် ကို စက်တင်ဘာစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူနိုင်သည်။ ပြက္ခဒိန်များကို အင်္ဂလိပ်လိုရရှိနိုင်ပါသည်။

◼ အသင်းတော်တိုင်းထံသို့ ၂၀၀၁ ခုနှစ်လုပ်ငန်းတော်နှစ်အတွင်းအသုံးပြုရန် ပုံစံစာရွက်အလုံအလောက် ပို့ပေးနေပါသည်။ ကျေးဇူးပြု၍ ဤပုံစံစာရွက်များကို အမြော်အမြင်ရှိရှိသုံးပါ။ ၎င်းတို့ကို ရည်ရွယ်ထားသည့်အတွက်သာ အသုံးပြုသင့်သည်။

◼ ၂၀၀၀ ပြည့်နှစ်၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ ဤလက်ရှိပစ္စည်းစာရင်းသည် စာအုပ်စာတမ်းညှိနှိုင်းရေးမှူး လစဉ်ပြုစုထားသည့် အရေအတွက်မှန်နှင့်အလားတူကာ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်းပုံစံ (S-18) တွင်ရေးသွင်းသင့်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို စာအုပ်စာတမ်းအုပ်စုဝင် အသင်းတော်တစ်ခုစီ၏ မဂ္ဂဇင်းအမှုထမ်းများမှရယူနိုင်သည်။ ညှိနှိုင်းရေးအသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်းပုံစံ (S-18) စာရွက်သုံးခု ရရှိပါမည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်နေ့မတိုင်မီ အသင်းမထံသို့ပေးပို့ပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။ လက်ရှိပစ္စည်းစာရင်းကို ညှိနှိုင်းရေးအသင်းတော်၏အတွင်းရေးမှူးက ကြီးကြပ်သင့်သည်။ ညှိနှိုင်းရေးအသင်းတော်၏အတွင်းရေးမှူးနှင့် ဦးစီးကြီးကြပ်မှူးသည် ပုံစံစာရွက်ကို လက်မှတ်ရေးထိုးကြမည်။

◼ ၂၀၀၀ ပြည့်နှစ်၊ ဩဂုတ် ၂၅ မှ ၂၀၀၀ ပြည့်နှစ်၊ ဩဂုတ် ၂၆ အထိ အသင်းမသည် ဌာနခွဲမှလက်ရှိစာအုပ်စာတမ်းအားလုံး၏စာရင်းကို ယူမည်ဖြစ်သည်။ ဤစာရင်းယူလုပ်ဆောင်မှုကြောင့် မည်သည့်အသင်းတော်၏စာအုပ်စာတမ်းမှာယူခြင်းကိုမဆို ထိုနေ့များအတွင်း ထုပ်ပိုးသယ်ပို့ပေးခြင်းကို စီမံဆောင်ရွက်ပေးနိုင်မည်မဟုတ်ချေ။

◼ ဒီဇင်ဘာ ၂၂-၂၄၊ ၂၀၀၀ တွင်ကျင်းပမည့် ခရိုင်စည်းဝေးကြီးကို နမ်မုံ (ခန္တီးအနီး) တွင်ကျင်းပမည်ဖြစ်ပါသည်။

◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–

ထာဝရအသက်ရစေသောအသိပညာ— မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ဟင်ဒီ၊ တယ်မီလ်၊ ဟားခါး

မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်— မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ တယ်မီလ်

ဒံယေလပရောဖက်ပြုချက်ကိုအာရုံစိုက်လော့— အင်္ဂလိပ်

ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်— အင်္ဂလိပ်၊ လူရှိုင်း

ယေဟောဝါအားချီးမွမ်းကျူးဧခြင်း— မြန်မာ

ကမ္ဘာသားဘဝထာဝရစံစားကြ!— ကချင်၊ ဟားခါး၊ တယ်မီလ်၊ မြန်မာ၊ ရှမ်း

“ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”— အင်္ဂလိပ်၊ မြန်မာ၊ ဟားခါး၊ ဟင်ဒီ၊ တယ်မီလ်၊ စကောကရင်

ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— အင်္ဂလိပ်၊ မြန်မာ၊ ဟားခါး၊ ဟင်ဒီ၊ တယ်မီလ်၊ ကချင်

ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော— အင်္ဂလိပ်၊ မြန်မာ၊ ဟင်ဒီ၊ တယ်မီလ်၊ စကောကရင်၊ နပါလီ

ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း— အင်္ဂလိပ်၊ မြန်မာ၊ ဟင်ဒီ၊ တယ်မီလ်

လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်— အင်္ဂလိပ်၊ မြန်မာ၊ ဟင်ဒီ၊ တယ်မီလ်၊ နပါလီ

ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း— အင်္ဂလိပ်၊ မြန်မာ၊ ဟားခါး၊ ကချင်၊ စကောကရင်၊ လီဆူး၊ ကူကီး၊ လားဟူ၊ ဇိုတုန်း၊ ဟင်ဒီ၊ တယ်မီလ်

ယေဟောဝါသက်သေများ—ကမ္ဘာတစ်ဝန်းတွင်စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်း— မြန်မာ

မိသားစုဘဝကိုမွေ့လျော်ခြင်း (ဝေစာနံပါတ် ၂၁)— စကောကရင်

ဤလောကဆက်လက်တည်ရှိမည်လော (ဝေစာနံပါတ် ၁၉)— မြန်မာ

လောကကို အမှန်တကယ်မည်သူအုပ်ချုပ်နေသနည်း (ဝေစာနံပါတ် ၂၂)— မြန်မာ

ဆင်းရဲဒုက္ခတစ်နေ့နေ့အဆုံးတိုင်မည်လော (ဝေစာနံပါတ် ၇၅)— တရုတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ