မေးခွန်းသေတ္တာ
◼ အသင်းတော်သည် ရပ်ကွက်မြေပုံအပြည့်အစုံတစ်ခုကို နိုင်ငံတော်ခန်းမ၌ ချိတ်ဆွဲပြထားသင့်သလော။
ပြထားသင့်ပါသည်၊ ရပ်ကွက်မြေပုံအပြည့်အစုံတစ်ခုကို ဘောင်သွင်း၍ နိုင်ငံတော်ခန်းမနံရံတွင် ချိတ်ဆွဲပြထားသင့်သည်။ မြေပုံကို ကြော်ငြာသင်ပုန်းပေါ်တွင် ချိတ်ဆွဲမထားသင့်ပေ။ အသင်းတော်ခန့်အပ်ခံရပ်ကွက်နယ်နိမိတ်များအားလုံးနှင့် နံပါတ်ပေးထားသော ရပ်ကွက်တစ်ခုစီ၏နယ်နိမိတ်များကို ဖော်ပြသင့်သည်။ နိုင်ငံတော်ခန်းမတစ်ခုတည်းကိုအသုံးပြုနေသော အသင်းတော်အားလုံး၏ရပ်ကွက်နယ်နိမိတ်များကို ဖော်ပြသင့်သည်။ ယင်းက မိမိတို့သည် မည်သည့်အသင်းတော်ရပ်ကွက်တွင် နေထိုင်သည်ကိုပိုင်းဖြတ်ရန် ကြေညာသူများနှင့် စိတ်ဝင်စားသူလူသစ်တို့အား ကူညီပေးပါမည်။ မြေပုံပေါ်တွင် အသင်းတော်စာအုပ်ကြီးသင်တန်း တည်နေရာများကို ဖော်ပြထားခြင်းကလည်း သူတို့တက်ရောက်ရမည့် အသင်းတော်စာအုပ်ကြီးသင်တန်း တည်နေရာကိုရှာဖွေရာတွင် အကူအညီဖြစ်စေပါမည်။ မြေပုံသည် နောက်ဆုံးအချက်နှင့်အညီဖြစ်နေသင့်သည်။
ထိုသို့သောမြေပုံတစ်ခုကို ချိတ်ဆွဲပြထားခြင်းက ကြေညာသူအားလုံးအား ဖြစ်နိုင်ပါက ကိုယ်ပိုင်ရပ်ကွက်ခန့်အပ်ချက်တစ်ခုရထားလျှင် ကောင်းမည်ဟူသော နှိုးဆော်ချက်ကိုဖြစ်စေသည်။ မြေပုံသည် မိမိတို့အိမ်နှင့်နီးသည့်ရပ်ကွက်တစ်ခုကို ရွေးလိုသူများအတွက် အကူအညီဖြစ်စေသည်။ တစ်ခါတစ်ရံ ယင်းက လုပ်ငန်းတော်အတွက်တွေ့ဆုံမှုများတွင် အချိန်ကုန်သက်သာစေမည်ဖြစ်ကာ ဦးဆောင်သူသည် ကြေညာသူအုပ်စုတစ်ခုစီအား သူတို့အမှုဆောင်ရန် တာဝန်ရထားသည့်နယ်မြေကို မြန်မြန်ညွှန်ပြနိုင်မည်ဖြစ်သည်။
မြေပုံက ခန့်အပ်ခံရပ်ကွက်တွင် နိုင်ငံတော်သတင်းတရားကို နှံ့စပ်စွာဟောပြောရန် အသင်းတော်အား ဖွဲ့စည်းထားကြောင်းကိုလည်း သက်သေထူသည်။—လု. ၉:၆။