ကြေညာချက်များ
◼ နိုဝင်ဘာ တွင်ဝေငှရန်စာပေ– နိုင်ငံတော်သတင်း နံပါတ် ၃၆ ကိုဆက်ဖြန့်ဝေမည်။ အိမ်ရှင်များထံ နိုင်ငံတော်သတင်း နံပါတ် ၃၆ တစ်စောင်စီရောက်ရှိခြင်းဖြင့် ရပ်ကွက်ပြီးဆုံးသွားသောအသင်းတော်များသည် တောင်းဆို ဘရိုရှာ သို့မဟုတ် အသိပညာ စာအုပ်ကို ဝေငှကြမည်။ လူတို့တွင် ၎င်းတို့ရှိပြီးသားဖြစ်လျှင် ထာဝစဉ်အသက်ရှင် စာအုပ်ကို အသုံးပြုနိုင်သည်။ ဒီဇင်ဘာ– ထာဝရအသက်ရစေသောအသိပညာ။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၆ ခုနှစ်၌ထုတ်ဝေခဲ့သော သို့မဟုတ် ၎င်းမတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်မဆို။ ဖေဖော်ဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ဟောင်းမဆို။
နိုင်ငံတော်သတင်း ကင်ပိန်းပြီးဆုံးပြီးနောက် နိုင်ငံတော်သတင်း နံပါတ် ၃၆ လက်ကျန်ရှိသေးသည့်အသင်းတော်များသည် တစ်အိမ်မှတစ်အိမ်နှင့် အခြားနေရာနှစ်ခုစလုံးတွင် ဝေစာများကိုဝေငှသည့်ပုံစံအတိုင်း ယင်းတို့ကိုဝေငှရန် ကြေညာသူများကိုအားပေးနိုင်ပါသည်။ သင့်လျော်ပါက ကြေညာသူများသည် လူမတွေ့သည့်အိမ်တိုင်းတွင် တစ်ခုစီထားပေမည်၊ ဖြတ်သန်းသွားလာသူများ မမြင်နိုင်သည့်နေရာဖြစ်ရန်သေချာစေပါ။ ဤအရေးကြီးသောသတင်းတရားပါသည့် ကျန်ရှိသောဝေစာအားလုံးကို ဖြန့်ချိရန်အထူးကြိုးစားသင့်သည်။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို ဒီဇင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစောစစ်ဆေးသင့်သည်။ ပြီးသည့်အခါ နောက်အပတ်စာရင်းအင်းမှတ်တမ်းကိုဖတ်ပြပြီးနောက် အသင်းတော်ကိုကြေညာပေးပါ။
◼ အသင်းတော်များသည် ယေဟောဝါသက်သေတို့၏ ၂၀၀၁ နှစ်ချုပ်စာအုပ် [လိပ်] ကို နိုဝင်ဘာစာအုပ်စာတမ်းတောင်းခံမှုနှင့်အတူ တစ်ပါတည်းစတင်မှာယူနိုင်သည်။ နှစ်ချုပ်စာအုပ် မရောက်မချင်း အသင်းတော်ထုပ်ပို့ရေးစာရင်းများပေါ်တွင် “ဆိုင်းငံ့ထား” ဟူ၍ဖော်ပြထားပါမည်။ နှစ်ချုပ်စာအုပ် များသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
သင့်ကိုဂရုစိုက်သောဖန်ဆင်းရှင်တစ်ပါးရှိသလော—တရုတ်
ဝေစာများ (အမျိုးစုံ)— အင်္ဂလိပ်
ရရှိနိုင်သောကက်ဆက်ခွေများ–
ကျွန်ုပ်တို့၏ဝိညာဏအမွေအနှစ်ကို တန်ဖိုးထားလေးစားခြင်း (ပြဇာတ်)— အင်္ဂလိပ်
မိသားစုတို့—နေ့စဉ် ကျမ်းစာဖတ်ရှုခြင်းကို သင်တို့၏ဘဝလမ်းစဉ်ဖြစ်စေလော့! (ပြဇာတ်)— အင်္ဂလိပ်
နိုင်ငံတော်တေးသံသာ (အတွဲ ၅၊ ၆၊ ၇၊ ၈)—အင်္ဂလိပ်