ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၀ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • နိုဝင်ဘာ ၁၃ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၂၀ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၂၇ တွင်စမည့်ပတ်
  • ဒီဇင်ဘာ ၄ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၁၁/၀၀ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

နိုဝင်ဘာ ၁၃ တွင်စမည့်အပတ်

သီချင်း ၄

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။

၁၃ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။

၂၂ မိ– “နိုင်ငံတော်သတင်း နံပါတ် ၃၆ ကနှိုးဆွပေးသည့် စိတ်ဝင်စားမှုကိုပြုစုပျိုးထောင်ခြင်း။” အပိုဒ် ၁-၅ ကိုမေးဖြေဆွေးနွေးရန်။ လုပ်၍မပြီးသေးသည့် မည်သည့်ရပ်ကွက်ကိုမဆို ပြီးဆုံးစေရန် ဒေသခံအစီအစဉ်များကိုဖော်ပြပါ။ ပြန်လည်ပတ်မှုများပြုလုပ်ရန် အပိုဒ် ၇၊ ၈ ပါတင်ဆက်မှုများကိုသုံးသပ်ကာ တစ်ခုစီကိုသရုပ်ပြပါ။ စိတ်ဝင်စားသူအားလုံးထံပြန်သွားခြင်းနှင့် ကျမ်းစာသင်အံမှုများစရန် ကြိုးစားခြင်းတို့၏အရေးကြီးမှုကို အလေးပေးတင်ပြပါ။ အပိုဒ် ၉ နှင့် ညွှန်းထားသောကျမ်းချက်များကို ဆွေးနွေးခြင်းဖြင့်နိဂုံးချုပ်ပါ။

သီချင်း ၆၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၀ တွင်စမည့်အပတ်

သီချင်း ၁၁၁

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– နိုင်ငံတော်သတင်း နံပါတ် ၃၆ ဝေငှသည့်တွေ့ကြုံမှုများ။ ရပ်ကွက်ပြီးမြောက်သည့်အောင်မြင်မှုကို ပြောပြပါ။ အသင်းတော်ရှိတစ်စုံတစ်ဦးသည် ဤလုပ်ငန်းတွင် ပထမဆုံးအနေနှင့်ပါဝင်ခဲ့ခြင်းလော။ အိမ်ရှင်များပေးသည့် မှတ်ချက်ကောင်းများကို ပြောပြပါ။ အချို့သောကြေညာသူများသည် ကျမ်းစာသင်အံမှုများ စနိုင်ခဲ့သလော။ စနိုင်ပါက ယင်းအား သူတို့မည်သို့လုပ်ဆောင်ခဲ့ပုံကို ရှင်းပြ သို့မဟုတ် ပြန်လုပ်ပြစေပါ။ တွေ့ခဲ့ရသောစိတ်ဝင်စားမှုကို ပျိုးထောင်ပေးရန် အားလုံးကိုတိုက်တွန်းပါ။

၂၀ မိ– “ဆက်ဟောပြောနေလော့!” ဟောပြော၍ လူတွေ့မေးမြန်းရန်။ အချို့သူတို့သည် ယေဟောဝါ၏အဖွဲ့အစည်းနှင့်ပူးပေါင်းလျက်ရှိကာ သူတို့၏အသက်တာတစ်လျှောက်လုံး ဟောပြောခြင်းလုပ်ငန်းကို စွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် အပြုသဘောရှိကြရာ ထိုသို့လုပ်ဆောင်ရာတွင် ရွှင်လန်းမှုရရှိကြသည်။ (အသိပညာ စာအုပ်၊ စာမျက်နှာ ၁၇၉၊ အပိုဒ် ၂၀ နှင့် ၁၉၉၂၊ မေ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၂၊ အပိုဒ် ၁၄-၁၅ ရှု။) နှစ်ပေါင်းများစွာတက်တက်ကြွကြွရှိခဲ့သည့် ကြေညာသူတစ်ဦးအား ဟောပြောခြင်းလုပ်ငန်းကို သူစွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့ရသည့်အကြောင်းရင်းများကို ပြောပြဖို့ဖိတ်ခေါ်ပါ။

သီချင်း ၁၄၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၇ တွင်စမည့်ပတ်

သီချင်း ၁၅၃

၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူအားလုံးကို နှိုးဆော်ပါ။

၂၀ မိ– ကျိုးကြောင်းဆင်ခြင် စာအုပ်ကို ကောင်းစွာအသုံးချပါ။ စာမျက်နှာ ၇-၈ ကိုမေးဖြေဆွေးနွေးရန်။ ဓမ္မအမှုတွင် ပိုမိုထိရောက်စွာပါဝင်ရန်ပြင်ဆင်ရာတွင် အကူအညီဖြစ်စေဖို့ ဤစာအုပ်စီစဉ်ထားပုံကိုတင်ပြပါ။ တယ်လီဖုန်းဖြင့်သက်သေခံသည့်အခါ ဤစာအုပ်အား မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။ မေးခွန်းတစ်ခုကိုဖြေဆိုရန် အထောက်အကူပြုသည့်အချက်အလက်ကို မည်သို့ရှာတွေ့နိုင်ပုံကို သရုပ်ပြပါ။ ဤစာအုပ်နှင့်အကျွမ်းတဝင်ရှိလာရန် မိမိတို့၏အမှုဆောင်အိတ်ထဲတွင် ယင်းကိုထည့်ထားကာ မှန်မှန်အသုံးပြုကြဖို့ အားလုံးကိုတိုက်တွန်းပါ။

၁၅ မိ– တီဗွီကြည့်တဲ့အကျင့်ကို ငါဘယ်လိုထိန်းချုပ်နိုင်မလဲ။ အကြီးအကဲတစ်ဦးသည် တီဗွီကြည့်ဖို့ တစ်နေ့လျှင် နာရီများစွာအသုံးပြုသည့် လူငယ်ညီအစ်ကိုတစ်ဦးနှင့် စကားပြောသည်။ အစပိုင်းတွင် ညီအစ်ကိုက ထိုသို့ကြည့်ခြင်းမှာ အန္တရာယ်မရှိပါဟူ၍ ဇွတ်ပြောဆိုသည်။ သူက ယင်းသည် အပန်းဖြေပုံစံတစ်ခုမျှသာဖြစ်ကြောင်း၊ မိမိအပေါ် ဆိုးကျိုးမသက်ရောက်ကြောင်း ပြောဆိုသည်။ အကြီးအကဲက လူငယ်များအမေး စာအုပ်၏အခန်း ၃၆ ပါအဓိကအချက်များကို သုံးသပ်သည်။ သူက တီဗွီအလွန်အကျွံကြည့်ခြင်းသည် ကိုယ်ပိုင်လေ့လာမှုပြုခြင်း၊ ဓမ္မအမှုဆောင်ရွက်ခြင်း သို့မဟုတ် အသင်းတော်လိုအပ်ရာများကိုကူညီခြင်းတို့တွင် အသုံးပြုနိုင်သည့် တန်ဖိုးရှိအချိန်ကို ကုန်ခန်းစေကြောင်း ရှင်းပြသည်။ လူငယ်ညီအစ်ကိုသည် ဆုံးမစကားအတွက် ကျေးဇူးတင်လေးမြတ်မှုကို ဖွင့်ဟဖော်ပြကာ သူ၏ဝိညာဏအကျိုးအတွက် တီဗွီကြည့်သည့်အကျင့်ကို ပြောင်းလဲမည်ဖြစ်ကြောင်း ပြောသည်။

သီချင်း ၁၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၄ တွင်စမည့်အပတ်

သီချင်း ၁၈၉

၁၀ မိ– ဒေသကြေညာချက်များ။ “သင်မည်သို့ထင်မြင်သနည်း။”

၁၅ မိ– ဒေသလိုအပ်ရာများ။

၁၅ မိ– “အခန့်သင့်ပြောဆိုသောစကားတစ်ခွန်း။” ပရိသတ်နှင့်ဆွေးနွေး၍ သရုပ်ပြများလုပ်ရန်။ အများစုသည် စကားစမြည်အစပြုပြောဆိုရန် ကြိုးစားသည့်အခါ အရည်အချင်းမရှိဟု ခံစားကြရကာ အကျိုးများဖြစ်ထွန်းရန် အထူးစွမ်းရည်အတော်အတန်လိုအပ်သည်ဟု မှားယွင်းစွာယူဆကြသည်။ ကြေညာသူသစ်လွင်များနှင့် ငယ်ရွယ်သည့်ကြေညာသူများအပါအဝင် ကျွန်ုပ်တို့အားလုံးသည် အတော်အသင့်ကြိုးစားခြင်းဖြင့် ဆွေးနွေးခန်းများ မည်သို့အစပြုလုပ်ဆောင်နိုင်ပုံကိုရှင်းပြပါ။ အကြံပြုထားသည့်တင်ဆက်မှုများကို သုံးသပ်ကာ ၎င်းတို့၏ရိုးရှင်းမှုကိုပေါ်လွင်စေပြီး ယင်းတို့ကို ကြေညာသူနှစ်ဦးသုံးဦးအား သရုပ်ပြစေပါ။ အသုံးပြုနိုင်သည့် ထပ်ဆင့်တင်ဆက်မှုများအတွက် မတ်၊ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ကိုရည်ညွှန်းပါ။ ဓမ္မအမှုတွင် ပို၍ရွှင်လန်းမှုရရှိရန် အပြုသဘောရှိကြဖို့ အားလုံးကိုတိုက်တွန်းပါ။

သီချင်း ၂၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ