ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၁ စာ. ၈
  • သင့်သင်သား၏နှလုံးကိုထိမိစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်သင်သား၏နှလုံးကိုထိမိစေပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကျမ်းစာသင်သား၏နှလုံးကို ထိမိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၆/၀၁ စာ. ၈

သင့်သင်သား၏နှလုံးကိုထိမိစေပါ

၁ ကောင်းကင်သို့မတက်ကြွမီ ယေရှုက တပည့်တော်များအား မိမိပညတ်ခဲ့သမျှကို “စောင့်ရှောက်” ရန် အခြားသူတို့အား သွန်သင်ပေးဖို့ မိန့်မှာခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀) လူတစ်ဦးသည် ခရစ်တော်၏ပညတ်တို့ကို “စောင့်ရှောက်” မည်ဆိုလျှင် လေ့လာသိရှိသည့်အရာက သူ၏နှလုံးကိုထိမိရမည်ဖြစ်သည်။ (ဆာ. ၁၁၉:၁၁၂) သင်သည် မိမိနှင့်ကျမ်းစာလေ့လာနေသူတစ်ဦး၏နှလုံးကို မည်သို့ထိမိစေနိုင်သနည်း။

၂ ယေဟောဝါ၏လမ်းညွှန်မှုအတွက်ဆုတောင်းပါ– တပည့်ဖြစ်စေခြင်းသည် ဘုရားသခင့်လုပ်ငန်းဖြစ်၏။ အောင်မြင်မှုရရန် ကျွန်ုပ်တို့၏အစွမ်းအစများကိုမဟုတ်ဘဲ ကိုယ်တော့်ကောင်းချီးရဖို့လိုသည်။ (တ. ၁၆:၁၄; ၁ ကော. ၃:၇) ထို့ကြောင့် အခြားသူများကို သမ္မာတရားသွန်သင်ပေးရာတွင် ယေဟောဝါ၏အကူအညီအတွက် ဆုတောင်းခြင်းသည် မရှိမဖြစ်လိုအပ်သည်။—ဟေရှာ. ၅၀:၄။

၃ သင်သားယုံကြည်သည့်အရာကို ပိုင်းခြားသိမြင်ပါ– လူတို့ယုံကြည်သည့်အရာနှင့် ယင်းကို သူတို့အဘယ်ကြောင့်ယုံကြည်ကြောင်း သိထားခြင်းက ၎င်းတို့၏နှလုံးကိုထိမိရန် ဘာပြောရမည်ကို ထိုးထွင်းသိမြင်စေနိုင်သည်။ သင်သားတစ်ဦးသည် သွန်သင်ချက်တစ်ခုကို အဘယ်ကြောင့်နှစ်သက်နေသနည်း။ ယင်းသည် ယုံကြည်နိုင်စရာဖြစ်သည်ဟု သူ့ကိုလက်ခံစေသည့်အရာကား အဘယ်နည်း။ ယင်းတို့ကိုသိရှိခြင်းက ပိုင်းခြားသိမြင်မှုဖြင့်ပြောဆိုရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည်။—တ. ၁၇:၂၂၊ ၂၃။

၄ ဆင်ခြင်တုံတရားနှင့်ညီသော ကျမ်းဆိုင်ရာအချေအတင်ပြောဆိုချက်တစ်ခုကို တည်ဆောက်ပါ– သမ္မာတရားသည် သင်သားအတွက် ကျိုးကြောင်းညီညွတ်ရမည်။ (တ. ၁၇:၂၄-၃၁) ကျွန်ုပ်တို့သည် မိမိတို့မျှော်လင့်ချက်အတွက် ခိုင်လုံသောအကြောင်းတစ်ခုပေးရမည်။ (၁ ပေ. ၃:၁၅) သို့သော် စိတ်ရှည်ရှည်နှင့် ကြင်နာစွာဖြင့် အမြဲပြုပါ။

၅ ယင်းကို ပုံဥပမာများဖြင့် ထပ်လောင်းဖြည့်စွက်ပါ– ပုံဥပမာများသည် သင်သားအတွက် နားလည်ရန်ပိုလွယ်ကူစေရုံသာမက စိတ်လှုပ်ရှားမှုကိုပါ နှိုးဆွပေးသည်။ ယင်းတို့သည် စိတ်ရောနှလုံးကိုပါ ထိမိစေသည်။ ယေရှုသည် ယင်းတို့ကို မကြာခဏသုံးလေ့ရှိ၏။ (မာ. ၄:၃၃၊ ၃၄) မှန်ပါသည်၊ ထိရောက်မှုရှိရန် အသုံးပြုသောပုံဥပမာသည် ဆွေးနွေးနေသည့်အချက်နှင့် အံဝင်ရမည်ဖြစ်ကာ သင်သား၏အသက်တာနှင့် ဆက်စပ်မှုရှိသင့်သည်။

၆ သမ္မာတရားလက်ခံခြင်း၏အကျိုးကျေးဇူးများကို ဖော်ပြပါ– လူတို့သည် မိမိတို့သင်ယူနေသည့်အရာအား လက်တွေ့ကျင့်သုံးခြင်း၏အကျိုးကျေးဇူးများကို သိလိုကြသည်။ ၂ တိမောသေ ၃:၁၄-၁၇ ပါပေါလုစကားများ၏ဉာဏ်ပညာကိုတွေ့မြင်ရန် သင့်သင်သားကိုကူညီပေးပါ။

၇ အချို့က သင့်သွန်သင်ခြင်းကို မတုံ့ပြန်လျှင် စိတ်ဓာတ်မကျပါနှင့်။ နှလုံးသားတိုင်း လက်ခံကြမည်မဟုတ်ပါ။ (မ. ၁၃:၁၅) သို့သော် အချို့သူတို့သည် ယုံကြည်သူများဖြစ်လာကြသည်။ (တ. ၁၇:၃၂-၃၄) သတင်းကောင်းဖြင့် နှလုံးများကိုထိမိရန် သင့်ကြိုးစားမှုများသည် နောက်ထပ်များစွာသောသူတို့အား ယေရှုမိန့်မှာခဲ့ရာကို လက်ခံ “စောင့်ရှောက်” ရန် ကူညီပေးနိုင်ပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ