ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၂ စာ. ၁-၂
  • ဟေရှာယပရောဖက်ပြုချက်ကို လေ့လာရန်အသင့်ရှိပါ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟေရှာယပရောဖက်ပြုချက်ကို လေ့လာရန်အသင့်ရှိပါ!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသိပညာ စာအုပ်ကို ကျွန်ုပ်တို့လေ့လာကြမည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • မျက်မှောက်ခေတ်သတင်း ကြေညာသော ရှေးခေတ် ပရောဖက်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဘုရားသခင်၏ ပရောဖက်တစ်ပါး လူသားများအတွက် အလင်း သယ်ဆောင်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၁၀/၀၂ စာ. ၁-၂

ဟေရှာယပရောဖက်ပြုချက်ကို လေ့လာရန်အသင့်ရှိပါ!

၁ “ယေဟောဝါသည် စာတန့်လောကကို တရားမျှတမှုလိုအပ်ချက်အတိုင်း တစ်ရက်ပင် ပို၍တည်ရှိခွင့်ပြုမည်မဟုတ်ကြောင်း သစ္စာရှိဝတ်ပြုသူများ ယုံကြည်စိတ်ချနိုင်သည်။” အားရှိစရာဖော်ပြချက်ပါတကား! ယင်းကို မည်သည့်နေရာမှ ကိုးကားထားသနည်း။ ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁ မှဖြစ်သည်။ ဟေရှာယပရောဖက်ပြုချက်သည် ထိုသို့အားတက်ဖွယ်ကောက်ချက်ချရန်အကြောင်း ရှိစေသလော။ ရှိစေပါသည်! ထိုကျမ်းစောင်တွင် အဓိကအကြောင်းဖြစ်သော ကယ်တင်ခြင်းသည် ရှင်းလင်းပြတ်သားစွာ ပေါ်လွင်ထင်ရှားသည်။ (ဟေရှာ. ၂၅:၉) ထို့ကြောင့် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဤအပိုင်းကိုလေ့လာခြင်းသည် ကျွန်ုပ်တို့အတွက် ကြီးမားသည့်အားပေးမှုဖြစ်ပါမည်။ ယင်းကိုရရှိရန် အပတ်တိုင်းတက်ရောက်ကြမည်လော။ အဘယ်ကြောင့်တက်ရောက်သင့်သနည်း။

၂ ဟေရှာယ ၃၀:၂၀ (ကဘ) တွင် ယေဟောဝါအား ကျွန်ုပ်တို့၏ “ကြီးမြတ်သောသွန်သင်ရှင်” ဟုခေါ်ဆိုထားသည်။ ခရစ်ယာန်ယောက်တိုင်းသည် နှုတ်ကပါဌ်တော်နှင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှပြင်ဆင်ပေးသော ကျမ်းစာအခြေပြုစာပေများအားဖြင့် ကျွန်ုပ်တို့ကို ယေဟောဝါမိန့်တော်မူစဉ် ဂရုတစိုက်နားထောင်သင့်သည်။ (မ. ၂၄:၄၅; ဟေရှာ. ၄၈:၁၇၊ ၁၈) ယင်းသည် ဟရှာယပရောဖက်ပြုချက် ၁ စာအုပ်နှင့် အမှန်ပင်သက်ဆိုင်သည်။ သင်သည် ယင်းကိုလေ့လာခြင်းမှ မည်သို့အကျိုးအများဆုံးရရှိနိုင်သနည်း။

၃ ပါဝင်ရန်ပြင်ဆင်ပါ– စာအုပ်ကြီးသင်တန်းအတွက်ပြင်ဆင်ရန် ပတ်စဉ် အချိန်အလုံအလောက် ဖယ်ထားပါ။ ပေးထားသည့်အပိုဒ်တိုင်းကိုဖတ်ပါ။ ပုံနှိပ်ထားသည့်မေးခွန်းတစ်ခုစီနှင့်ပတ်သက်၍ စဉ်းစားပါ။ သင့်စာအုပ်တွင် အဖြေများကိုမှတ်သားပါ။ ဟေရှာယကျမ်းမှကိုးကားထားသည့် အခန်းငယ်များကို စာလုံးမည်းဖြင့်ပုံနှိပ်ထားသည်။ ယင်းတို့ကို သေသေချာချာဖတ်ပါ။ ညွှန်းထားသောအခြားကျမ်းချက်များသည် အကြောင်းအရာနှင့်မည်သို့ဆက်နွှယ်သည်ကိုသိရှိရန် ယင်းတို့ကိုဖွင့်ဖတ်ပါ။ သင်လေ့လာနေသည့်အရာကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် သင့်ပြင်ဆင်မှုမှရရှိသည့် အကျိုးကျေးဇူးများကို သင့်စာအုပ်ကြီးသင်တန်းအုပ်စုအား ဝေမျှပါ။

၄ စာအုပ်ကြီးသင်တန်းကိုင်သောညီအစ်ကိုသည် သမ္မာကျမ်းစာကို ကောင်းစွာအသုံးပြုရန်နှင့် သုံးသပ်နေသည့်အကြောင်းအရာ၏ လက်တွေ့ကျတန်ဖိုးကို သဘောပေါက်ရန် တက်ရောက်သူအားလုံးကို ကူညီပေးသင့်သည်။ အဖြေပေးရန် သင့်အားဦးဆုံးခေါ်လျှင် ရိုးရိုးလေးနှင့် တိုက်ရိုက်အဖြေကို ပေးပါ။ တစ်စုံတစ်ယောက်က ယင်းကိုဖြေဆိုပြီးလျှင် သင်သည် ဆွေးနွေးနေသောအချက်ကို အကျယ်ချဲ့ရှင်းပြနိုင်သည်။ အဓိကကျမ်းချက်တစ်ချက်သည် အဓိကအကြောင်းအား မည်သို့ထောက်ခံကြောင်းကို သင် တင်ပြနိုင်သည်။ သင့်ကိုယ်ပိုင်စကားဖြင့် အဖြေပေးရန်ကြိုးစားပါ၊ ဆွေးနွေးရာတွင်ပါဝင်ခြင်းမှ ပျော်ရွှင်မှုရယူပါ။

၅ ဟေရှာယကျမ်းတွင်ပါသည့် အဖိုးထိုက်သောသတင်းတရားကို ထက်သန်စွာအတူတကွ ဆန်းစစ်ကြည့်ကြစို့။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကယ်တင်ခြင်းကို ရွှင်လန်းစွာစောင့်မျှော်ခြင်းဖြင့် နေ့စဉ်အသက်ရှင်ရန် အားပေးခံရကြပါလိမ့်မည်!—ဟေရှာ. ၃၀:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ