အသိပညာ စာအုပ်ကို ကျွန်ုပ်တို့လေ့လာကြမည်
၁၉၉၇၊ အောက်တိုဘာ ၆ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်း၌ ထာဝရအသက်ရစေသောအသိပညာစာအုပ်ကို သုံးသပ်ကြမည်ဖြစ်ကြောင်းသိရသည့်အတွက် သင်ဝမ်းမြောက်ပေမည်။ ဤလက်တွေ့ကျကျမ်းစာဆိုင်ရာသမ္မာတရားအသိပညာကို အုပ်စုလိုက်လေ့လာရန် မည်သူမျှလက်လွတ်လိုကြမည်မဟုတ်ပါ။ လေ့လာမှုအစီအစဉ်က စာအုပ်ပါအပိုဒ်တိုင်းနှင့် ကျမ်းချက်တိုင်းကို စေ့စပ်သေချာစွာစစ်ဆေးသုံးသပ်ရန် အခွင့်ရစေမည်ဖြစ်သည်။
ဖော်ပြထားသည့်ကျမ်းချက် နည်းနည်းသာပါသောကြောင့် ပထမအခန်းတစ်ခုလုံးကို သင်တန်းပထမအပတ်တွင်သုံးသပ်ကြမည်။ ထပ်တူအကြောင်းကြောင့်ပင် အခန်း ၆၊ ၇၊ ၁၀၊ ၁၂ နှင့် ၁၅-၁၉ တို့ကိုလည်း တစ်ပတ်စီသုံးသပ်သွားမည်ဖြစ်သည်။ သို့သော်လည်း အခြားအခန်းအားလုံးကိုမူ နှစ်ပိုင်းခွဲကာ အခန်းတစ်ဝက်စီကို ပတ်စဉ်သုံးသပ်သွားမည်ဖြစ်သည်။ ဤသို့ဖြင့် အပိုဒ်တစ်ခုစီတွင်ပါသည့် ကိုးကားထားသောကျမ်းချက်အားလုံး၏သက်ဆိုင်ပုံကို အသေအချာဆန်းစစ်သုံးသပ်ရန်သာမက ဖော်ပြထားသည့်ကျမ်းချက်အားလုံးကိုပါ ဖတ်ပြီးဆွေးနွေးရန် အချိန်လုံလောက်မည်ဖြစ်သည်။ အခါအားလျော်စွာ ပြန်လည်သုံးသပ်ခြင်းအပိုင်း ၃ ကြိမ်ရှိပါမည်။
သင်တန်း၏အရေးကြီးသည့်ကဏ္ဍတစ်ခုမှာ အခန်းတစ်ခုစီ၏အဆုံးရှိ သွန်သင်ချက်အကွက်ထဲမှအကြောင်းအရာကိုဆွေးနွေးခြင်းဖြစ်မည်။ ထို့ကြောင့် အကွက်ထဲမှမေးခွန်းများနှင့် ဖော်ပြထားသည့်ကျမ်းချက်များကိုသုံးသပ်ရန် အချိန်အလုံအလောက်ရှိသင့်သည်။
သင်တန်းအတွက် အထူးဂရုစိုက်ပြင်ဆင်ကြရန်နှင့် လူသစ်များအပါအဝင် မိမိတို့၏အုပ်စုတွင်ပါဝင်တက်ရောက်သူအားလုံးကို ကောင်းကောင်းပြင်ဆင်ရန်၊ မှန်မှန်တက်ရောက်ရန်နှင့် ပါဝင်ရန် အားပေးဖို့ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများကို တိုက်တွန်းပါသည်။—ဓအ ၇၅-၆။