ကြေညာချက်များ
◼ ဖေဖော်ဝါရီ တွင်ဝေငှရန်စာပေ– အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်]၊ ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] သို့မဟုတ် အသင်းတော်တွင်ကျန်ရှိသည့် ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ဟောင်းကိုမဆို။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ ပြန်လည်ပတ်မှုများ၌ စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ အိမ်တွင်းကျမ်းစာသင်အံမှုများစတင်ရန် ရည်ရွယ်ချက်ဖြင့် တောင်းဆို ဘရိုရှာကိုဝေငှပါ။
◼ ကြေညာသူများသည် ခန့်အပ်မခံရသေးသောရပ်ကွက်ကို အမှုဆောင်သောအခါ အသိပညာစာအုပ် သို့မဟုတ် တောင်းဆိုဘရိုရှာကို ဝေငှနိုင်သည်။ အိမ်ရှင်တွင် ဤစာပေနှစ်ခုရှိထားပြီဆိုလျှင် အခြားမည်သည့်စာပေကိုမဆို ဝေငှနိုင်သည်။ လူမရှိသည့်အိမ်များ သို့မဟုတ် စာပေလက်မခံသူများအတွက် ဝေစာမျိုးစုံယူသွားသင့်သည်။ စိတ်ဝင်စားသူများထံ ပြန်သွားရန်ကြိုးစားသင့်သည်၊ အထူးသဖြင့် အနီးအနားရှိအသင်းတော်များသွားရောက်နိုင်သော ခန့်အပ်မခံရသေးသည့် ရပ်ကွက်များရှိသူတို့ထံဖြစ်သည်။
◼ ၂၀၀၂၊ မေ ၁၁၊ စနေနေ့တွင် ရန်ကုန်မြို့ရှိ ဌာနခွဲအဆောက်အအုံကို သန့်ရှင်းရေးလုပ်ရန် ပိတ်ထားပါမည်။ ယင်းကြောင့် ထိုနေ့တွင် အသင်းတော်များမှ အလည်အပတ်လာခြင်း၊ စာအုပ်စာတမ်းများလာထုတ်ယူခြင်း အစီအစဉ်များမရှိပါ။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် မတ် ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစောစာရင်းစစ်သင့်သည်။ ယင်းကိုပြုလုပ်ပြီးနောက် အသင်းတော်ကိုကြေညာပါ။
◼ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏လုပ်ငန်းကို ပြန်သုံးသပ်သင့်သည်။ တစ်ဦးတစ်ယောက်သည် သတ်မှတ်နာရီပြည့်မီရန် အခက်တွေ့နေပါက အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။ အကြံပြုချက်များအတွက် အသင်းမ၏နှစ်စဉ် S-201 စာများကိုပြန်သုံးသပ်ပါ။ ဩဂုတ် ၁၉၈၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ် အပိုဒ် ၁၂-၂၀ [လိပ်] ကိုလည်းကြည့်ပါ။
◼ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစားပွဲသည် နိုင်ငံတော်ခန်းမစေတနာ့ဝန်ထမ်း လုပ်သားမေးခွန်းလွှာ (S-82) ပုံစံများတင်ထားသည့် နှစ်ခြင်းခံပြီးသောကြေညာသူအားလုံး၏ အခြေအနေနှင့်ပတ်သက်၍ နောက်ဆုံးအချက်များကိုရရှိရန် အတွင်းရေးမှူးသည် ကြည့်ရှုပေးသင့်သည်။ စေတနာ့ဝန်ထမ်းတစ်ဦး၌ ပြောင်းရွှေ့ခြင်း၊ ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ခံရခြင်း ကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများရှိသောအခါ ပုံစံအသစ်များကို ချက်ချင်းဖြည့်၍တင်သွင်းသင့်သည်။ စေတနာ့ဝန်ထမ်းတစ်ဦး၏လိပ်စာ သို့မဟုတ် တယ်လီဖုန်းနံပါတ်သည် ပြောင်းသွားလျှင် သို့မဟုတ် သူသည် အသင်းတော်တွင် ရပ်တည်ချက်ကောင်းမရှိတော့လျှင် အကြီးအကဲများသည် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစားပွဲသို့ စာဖြင့် ချက်ချင်းအကြောင်းကြားသင့်သည်။
◼ ဘေးဒဏ်ခံရသူများအား ကူညီပေးမည့်အသွင်ဆောင်၍ ကျွန်ုပ်တို့၏ညီအစ်ကိုများအတွက် ငွေကောက်ခံရန် အင်တာနက်နှင့် စာတိုက်မှတစ်ဆင့် လှုပ်ရှားနေသော ကလိမ်ကကျစ်အကြံအဖန်များကို သတိထားပါ။ ယေဟောဝါသက်သေများအတွက် ရုပ်ပိုင်းအကူအညီပေးရန် ကယ်ဆယ်ရေးကော်မတီတစ်ခုဖွဲ့ဖို့ အခြေအနေများက တောင်းဆိုလာသည့်အခါတိုင်း တာဝန်ရှိညီအစ်ကိုများက အသိပေးပါမည်။ ထိုသို့သောလိုအပ်ရာများအတွက် အလှူငွေများကို ကင်းမျှော်စင်၊ အမှတ် ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁ သို့ပေးပို့သင့်သည်။
◼ ၂၀၀၂ သတိရအောက်မေ့ပွဲကာလအတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ ဟောပြောချက်၏အကြောင်းအရာမှာ “‘ကြောက်မက်ဖွယ်နေ့’ ကိုစိတ်စွဲမှတ်ထားလော့” ဖြစ်ပါမည်။ အောက်လိုင်းပို့ပေးပါမည်။ ထိုစနေ၊ တနင်္ဂနွေအပတ်သည် တိုက်နယ်လည်ပတ်မှု၊ တိုက်နယ် သို့မဟုတ် အထူးအစည်းအဝေးကျင်းပချိန်ဖြစ်နေပါက နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို ၂၀၀၂၊ ဧပြီ ၁၄ ရက်နေ့မတိုင်မီ မပေးသင့်ပါ။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်—မြန်မာ၊ ဟားခါး
လူငယ်များအမေး—တာသွားသည့်အဖြေ—အင်္ဂလိပ်၊ မြန်မာ
အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အသေး)—အင်္ဂလိပ်
ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း—အင်္ဂလိပ် (အသေး)၊ မြန်မာ
ဒံယေလ၏ပရောဖက်ပြုချက်ကိုဂရုပြုလော့!—အင်္ဂလိပ်၊ တယ်မီလ်
ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ်
ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
ထာဝရအသက်ရစေသောအသိပညာ—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်၊ ဟားခါး
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား—မြန်မာ၊ တရုတ်၊ အူရ်ဒူ
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော—အင်္ဂလိပ်၊ တရုတ်
ကမ္ဘာသားဘဝထာဝရစံစားကြ!—အင်္ဂလိပ်၊ ပိုးကရင်၊ ရှမ်း၊ ကချင်၊ ဟားခါး၊ ဇိုတုန်း
ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ—ကချင်၊ ဟားခါး
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း—တယ်မီလ်၊ ဟင်ဒီ၊ ဟားခါး၊ ကချင်၊ စကောကရင်၊ လားဟူ၊ လီဆူး၊ မြန်မာ
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော—အင်္ဂလိပ်၊ တယ်မီလ်၊ စကောကရင်
ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း—အင်္ဂလိပ်
အရေးအဖတ် [Apply Yourself to Reading and Writting]—အင်္ဂလိပ်
ဘရိုရှာမျိုးစုံ—မြန်မာ
ဝေစာမျိုးစုံ—အင်္ဂလိပ်၊ မြန်မာ
◼ ၂၀၀၂ ခုနှစ်အထူးနှင့်တိုက်နယ်အစည်းအဝေးများ–
တိုက်နယ် ၁
သံဖြူဇရပ် ဧပြီ ၁၉-၂၁
ရန်ကုန် ဇူလိုင် ၁၉-၂၁
တိုက်နယ် ၂
ဟိုပင် ဇွန် ၂၁-၂၃
ကျောက်မဲ ဇွန် ၂၈-၃၀
တိုက်နယ် ၃
တာဟန်း မေ ၁၇-၁၉
သာယာကုန်း မေ ၂၄-၂၆
ခမ်းပတ် မေ ၃၁–ဇွန် ၂
တိုက်နယ် ၄
ဆူရ်ခွား ဧပြီ ၁၉-၂၁
ရေဇွာ မေ ၃-၅
တိုက်နယ် ၅
အင်းရဲကျွန်း မတ် ၂၉-၃၁
ကျားရဲ ဧပြီ ၅-၇
တိုက်နယ် ၆
ကျွဲတဲ မတ် ၁၅-၁၇
ထမံသီ ဧပြီ ၅-၇
တာချီလိတ် ဇူလိုင် ၁၂-၁၄