နောဧ—ဘုရားသခင်နှင့်အတူလျှောက်လှမ်းခဲ့သူ ထံမှ လူတိုင်းသင်ယူနိုင်
ကမ္ဘာဦး ၆:၁ မှ ၉:၁၉ အထိ ဖတ်ရှုသုံးသပ်ပါ။ ထို့နောက် နောဧ ဗီဒီယိုခွေကိုကြည့်ပြီး ဤမေးခွန်းများအား သင်မည်သို့ဖြေဆိုမည်ကို စဉ်းစားပါ– (၁) နောဧခေတ်တွင် လောကသည် အဘယ်အရာနှင့်တူသနည်း၊ ထိုသို့မည်သို့ဖြစ်လာခဲ့သနည်း။ (၂) အဘယ်အရာက နောဧကိုထူးခြားစေခဲ့သနည်း၊ ဘုရားသခင်သည် သူ့အား လုပ်ဆောင်ရန် အဘယ်တာဝန်ပေးခဲ့သနည်း၊ အဘယ်ကြောင့်နည်း။ (၃) မည်သည့်နေရာတွင် သင်္ဘောဆောက်ခဲ့ခြင်းဖြစ်နိုင်သနည်း၊ ယင်းကိုဆောက်လုပ်ရန် မည်မျှကြာခဲ့သနည်း၊ မည်မျှကြီးမားသနည်း။ (၄) နောဧနှင့် သူ၏မိသားစုသည် သင်္ဘောဆောက်ခြင်းအပြင် အခြားမည်သည့်အရာတို့ကို လုပ်ဆောင်ခဲ့ရမည်နည်း။ (၅) တံခါးပိတ်လိုက်သည်နှင့် သင်္ဘောထဲတွင် မည်ကဲ့သို့ဖြစ်မည်ဟု သင်ထင်သနည်း။ (၆) ရေလွှမ်းမိုးဘေးကို ကပ်ကျော်ပြီးနောက် သင်မည်သို့ခံစားခဲ့ရမည်နည်း။ (၇) ရေလွှမ်းမိုးဘေးနှင့်ပတ်သက်သည့် အဘယ်သတိပေးချက်ကို ကျွန်ုပ်တို့ ရံဖန်ရံခါ တွေ့မြင်ရသနည်း၊ ယင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (၈) နောဧနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းက သင်ကိုယ်တိုင်၊ သင့်မိသားစုနှင့် လုပ်ဆောင်ရန် ကျွန်ုပ်တို့ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းနှင့်ပတ်သက်၍ သင့်အား အဘယ်အရာသင်ပေးသနည်း။ (၉) ပရဒိသုတွင် နောဧနှင့် သူ၏မိသားစုကို တွေ့ဆုံသောအခါ သူတို့အား သင် အဘယ်မေးခွန်းများမေးလိုသနည်း။ (၁၀) နောဧ ဗီဒီယိုခွေကိုအသုံးပြုရန် သင်မည်သို့စီစဉ်ထားသနည်း။