ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများက ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် လှုံ့ဆော်ပေး!
ယနေ့အထိကျင်းပခဲ့သည့် “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများသည် ဧရာမသက်သေခံချက်တစ်ရပ်ဖြစ်စေခဲ့ပြီ။ ဤအရေးပါသည့် သီအိုကရက်တစ်ဖြစ်ရပ်များက ယေဟောဝါ၏နာမတော်ကို ထင်ရှားစေကာ ‘ယေဟောဝါ၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟုဝန်ခံ’ ရန် ကျွန်ုပ်တို့၏စွမ်းရည်ကို တိုးတက်စေခဲ့ပြီ။ (ဆာ. ၉၆:၈) မှန်ပါသည်၊ ကိုယ်တော်၏ အံ့သြဖွယ်ဂုဏ်ရည်တော်များကို ထင်ဟပ်စေသည့် အံ့မခန်းဖွယ် ဖန်ဆင်းခြင်းလက်ရာများကြောင့် ကိုယ်တော်သည် ဂုဏ်တင်ခံထိုက်၏။—ယောဘ ၃၇:၁၄; ဗျာ. ၄:၁၁။
သင်၏ကိုယ်ပိုင်မှတ်စုများနှင့်အတူ အောက်ပါမေးခွန်းများကိုအသုံးပြု၍ ဇန်နဝါရီ ၅ ရက်အပတ်အတွင်းကျင်းပမည့် စည်းဝေးကြီးအစီအစဉ်သုံးသပ်မှုတွင် ကြိုတင်ပြင်ဆင် ပါဝင်ပါ။
၁။ သက်မဲ့ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ကြားပြောကြသနည်း၊ ယင်းသည် ကိုယ်တော်ကို လူသားများချီးမွမ်းသည့်နည်းနှင့် မည်သို့ခြားနားသနည်း။ (ဆာ. ၁၉:၁-၃; “ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြောကြ”)
၂။ ကိုယ်ယောင်ထွန်းလင်းခြင်းက မည်သည့် လက်ရှိဖြစ်ရပ်မှန်ကို ကြို၍ညွှန်ပြသနည်း၊ ဤဖြစ်ရပ်မှန်က ယနေ့ခရစ်ယာန်များအား မည်သည့်နည်းဖြင့် လှုံ့ဆော်ပေးသနည်း။ (အဓိကဟောပြောချက်၊ “ဘုန်းကျက်သရေရှိသော ပရောဖက်ပြုချက်ဆိုင်ရာ ရူပါရုံများက ကျွန်ုပ်တို့အား စိတ်ထက်သန်မှုရှိစေ!”)
၃။ ပရောဖက်ဒံယေလပြခဲ့သည့် နှိမ့်ချမှုမျိုးကို ကျွန်ုပ်တို့ မည်သို့ပျိုးထောင်နိုင်သနည်း၊ ထိုသို့ပြုခြင်းမှ ကျွန်ုပ်တို့ မည်သို့အကျိုးခံစားရမည်နည်း။ (ဒံ. ၉:၂၊ ၅; ၁၀:၁၁၊ ၁၂; “နှိမ့်ချသူများအား ယေဟောဝါ၏ဘုန်းတော်ကိုဖော်ပြခဲ့”)
၄။ (က) အာမုတ်၏ပရောဖက်ပြုချက်မှ ဘုရားသခင့်တရားစီရင်ချက်နှင့်ပတ်သက်သည့် အဘယ်အရာသုံးခုကို ကျွန်ုပ်တို့သိရှိနိုင်သနည်း။ (အာ. ၁:၃၊ ၁၁၊ ၁၃; ၉:၂-၄၊ ၈၊ ၁၄) (ခ) အာမုတ် ၂:၁၂ ပါသတိပေးချက်နမူနာမှ မျက်မှောက်ခေတ်ယေဟောဝါသက်သေများ အဘယ်လက်တွေ့ကျသင်ခန်းစာ ရရှိနိုင်သနည်း။ (“အာမုတ်၏ပရောဖက်ပြုချက်—ကျွန်ုပ်တို့ခေတ်အတွက် သတင်းစကား”)
၅။ (က) လူတစ်ဦးသည် မမူးလျှင်ပင် အရက်ကို လွန်ကြူးစွာသုံးစွဲခြင်း၏ အန္တရာယ်များကားအဘယ်နည်း။ (ခ) လွန်ကြူးစွာသုံးစွဲခြင်းပြဿနာကို မည်သို့ပြုပြင်နိုင်သနည်း။ (မာ. ၉:၄၃; ဧ. ၅:၁၈; “အရက်သေစာအလွဲသုံးခြင်း ကျော့ကွင်းကိုရှောင်လော့”)
၆။ “ကောင်းမွန်သောပြည်ကိုကြည့်လော့” စာအုပ်အသစ်မှ သင်မည်သို့အကျိုးခံစားနေရသနည်း။ (“‘ကောင်းမွန်သောပြည်’—ပရဒိသုကြိုတင်မြင်ကွင်း”)
၇။ ကျွန်ုပ်တို့သည် အဘယ်နည်းသုံးနည်းဖြင့် “ယေဟောဝါ၏ ဘုန်းအသရေတော်ကို ကြေးမုံများကဲ့သို့ ရောင်ပြန်ဟပ်” နိုင်သနည်း။ (၂ ကော. ၃:၁၈၊ ကဘ; ‘ယေဟောဝါ၏ ဘုန်းအသရေတော်ကို ကြေးမုံများကဲ့သို့ ရောင်ပြန်ဟပ်လော့’)
၈။ အကြောင်းမဲ့မုန်းတီးခြင်း၏ရင်းမြစ်ကား အဘယ်နည်း၊ ထိုကဲ့သို့မုန်းတီးခံရသော်လည်း ကျွန်ုပ်တို့၏သမာဓိကိုထိန်းသိမ်းရန် မည်သည့်အရာက ကူညီပေးနိုင်သနည်း။ (ဆာ. ၁၀၉:၁-၃; “အကြောင်းမဲ့မုန်းတီးခြင်း”)
၉။ ကြီးမြတ်မှုဆိုင်ရာ ခရစ်တော်၏အမြင်မျိုးကား အဘယ်နည်း၊ ဤအမြင်ကို ပိုမိုပြည့်ဝစွာမွေးမြူရန် လိုအပ်သည်ဟု လူတစ်ဦး မည်သို့ဆုံးဖြတ်နိုင်သနည်း။ (မ. ၂၀:၂၀-၂၆; “ကြီးမြတ်မှုဆိုင်ရာ ခရစ်တော်၏အမြင်မျိုးကို မွေးမြူခြင်း”)
၁၀။ ကာယရေးအရ မောပန်းသော်လည်း ဝိညာဉ်ရေးအရ တက်ကြွနေရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။ (“မောပန်းသော်လည်း ပန်းလျနွမ်းနယ်မှုမရှိ”)
၁၁။ စာတန်သည် မည်သည့်ကိုယ်စားလှယ်အချို့မှတစ်ဆင့် မုသာကို တိုးပွားစေသနည်း၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပျက်စီးစေသည့် ကြံစည်အားထုတ်မှုများအား သင့်လျော်သည့် ကျမ်းစာဆိုင်ရာတုံ့ပြန်ပုံကား အဘယ်နည်း။ (ယော. ၁၀:၅; “‘သူစိမ်းများ၏စကားသံ’ ကိုသတိပြုကြလော့”)
၁၂။ (က) မိဘများသည် မာကု ၁၀:၁၄၊ ၁၆ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏ပုံသက်သေကို မည်သို့တုပနိုင်သနည်း။ (ခ) ကြီးမြတ်သောဆရာထံမှသင်ယူလော့ စာအုပ်အသစ်နှင့်ပတ်သက်၍ သင် အဘယ်အရာကို သဘောကျသနည်း။ (“ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ”)
၁၃။ ယေဟောဝါအား လူငယ်များ မည်သို့ချီးမွမ်းနေကြသနည်း။ (၁ တိ. ၄:၁၂; “ယေဟောဝါအား လူငယ်များ ချီးမွမ်းနေကြပုံ”)
၁၄။ “ဆန့်ကျင်မှုကြား ရဲရင့်စွာသက်သေခံခြင်း” ပြဇာတ်မှ အဘယ်ပြကွက်များသည် သင့်မှတ်ဉာဏ်ထဲစွဲနေသနည်း။
၁၅။ ကျွန်ုပ်တို့သည် (က) ပေတရုနှင့် ယောဟန် (တ. ၄:၁၀) (ခ) သတေဖန် (တ. ၇:၂၊ ၅၂၊ ၅၃) (ဂ) ပထမရာစုခရစ်ယာန်အသင်းတော် (တ. ၉:၃၁; ပြဇာတ်နှင့် “သတင်းကောင်းကို ‘မပြတ်’ ကြေညာကြ” ဟောပြောချက်) ချမှတ်ခဲ့သောပုံသက်သေကို မည်သို့တုပနိုင်သနည်း။
၁၆။ (က) ကျွန်ုပ်တို့သည် မည်သည့်နည်းများဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရန် သန္နိဋ္ဌာန်ချခဲ့ကြသနည်း။ (ခ) “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးများတွင် သိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးစဉ် ကျွန်ုပ်တို့ အဘယ်အရာကို စိတ်ချနိုင်သနည်း။ (ယော. ၁၅:၉၊ ၁၀၊ ၁၆; “ယေဟောဝါ၏ဘုန်းတော်ထင်ရှားစေဖို့ ‘များစွာသောအသီးကို သီးနေလော့’”)
ကျွန်ုပ်တို့သည် စည်းဝေးကြီးတွင် တင်ဆက်ခဲ့သည့် ကောင်းမွန်သောဝိညာဉ်ရေးသွန်သင်ချက်များကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် သိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။ (ဖိ. ၄:၈၊ ၉) ယင်းက “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြ” ရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေပါလိမ့်မည်။—၁ ကော. ၁၀:၃၁။