ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၄ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • မေ ၁၀ တွင်စမည့်အပတ်
  • မေ ၁၇ တွင်စမည့်အပတ်
  • မေ ၂၄ တွင်စမည့်အပတ်
  • မေ ၃၁ တွင်စမည့်အပတ်
  • ဇွန် ၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၅/၀၄ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မေ ၁၀ တွင်စမည့်အပတ်

သီချင်း ၁၉၃

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များသည် သင့်အသင်းတော်ရပ်ကွက်အတွက် လက်တွေ့ကျမည်ဆိုလျှင် ဧပြီ ၁၅ ကင်းမျှော်စင်နှင့် မေ ၈ နိုးလော့!အတွက် တင်ဆက်ပုံကိုသရုပ်ပြရန် ၎င်းတို့ကိုအသုံးပြုပါ။ အခြားတင်ဆက်နည်းများကို အသုံးပြုနိုင်သည်။ တင်ဆက်မှုတစ်ခုစီတွင် “ကျွန်တော့်မှာ ကိုယ့်ဘာသာတရားနဲ့ကိုယ်ရှိပြီးသား” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၁၈-၁၉ ရှု။

၁၅ မိ– စက်တင်ဘာ ၁၊ ၂၀၀၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉ ပါ “စာရှုသူများထံမှမေးခွန်းလွှာ” ပေါ်အခြေပြုကာ အကြီးအကဲတစ်ဦး ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

၂၀ မိ– “ကျယ်ဝန်းသောစိတ်ရှိကြလော့။”a ဘုရားသခင်ကိုကိုးကွယ်လော့စာအုပ်၊ စာမျက်နှာ ၇၉၊ အပိုဒ် ၁၄ မှမှတ်ချက်များပါဝင်စေပါ။

သီချင်း ၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၁၇ တွင်စမည့်အပတ်

သီချင်း ၁၈၈

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “ကျေးဇူးတင်ကြောင်းပြကြလော့။”b အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ မကြာသေးမီက အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့သူတစ်ဦးနှစ်ဦးအား ထိုသို့လုပ်ဆောင်ခြင်းမှခံစားခဲ့ရသည့် ကောင်းချီးများကို ပြောပြစေပါ။

၂၀ မိ– ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး ဂရုစိုက်ကြသည်။ (၁ ကော. ၁၂:၂၅၊ ၂၆) ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၁၅၇-၉၊ “တစ်ယောက်ကိုတစ်ယောက် အလေးထားခြင်း” ခေါင်းစဉ်ငယ်အောက်ရှိ အကြောင်းအရာကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ယေဟောဝါ၏လူမျိုးသည် ကမ္ဘာ့ဒေသအသီးသီးတွင် နေထိုင်ကြသော်လည်း လက်ပွန်းတတီးပေါင်းစည်းကြသည်။ ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့၏ညီအစ်ကိုများအတွက် နေ့တိုင်း ဆုတောင်းပေးသင့်သည်။ အရေးတကြီးလိုအပ်ရာများရှိသည့်အခါတွင်လည်း ရုပ်ပစ္စည်းအကူအညီပေးရန် ကျွန်ုပ်တို့အသင့်ရှိကြသည်။ အဓိကကျမ်းချက်များကို ဖတ်ရှု၍ ဆွေးနွေးပါ၊ ကျွန်ုပ်တို့၏စာပေများမှ ကောက်နုတ်ထားသည့် တွေ့ကြုံမှုတစ်ခုနှစ်ခုကို ပါဝင်စေပါ။

သီချင်း ၁၀၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၄ တွင်စမည့်အပတ်

သီချင်း ၁၂၈

၁၂ မိ– ဒေသကြေညာချက်များ။စာရင်းအင်းမှတ်တမ်း။ မေ ၁ ကင်းမျှော်စင်အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ ဒေသခံဘာသာမှတစ်စုံတစ်ဦးအား နှစ်သက်စေရန် တင်ဆက်မှုကို ပြုပြင်ပြောင်းလဲပါ။

၁၅ မိ– “လန်းဆန်းမှုဖြစ်စေသောတေးဂီတ။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ၂၀၀၂ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၇၅ [လိပ်] နှင့် ဖေဖော်ဝါရီ ၁၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၇၊ အပိုဒ် ၁-၂ မှ မှတ်ချက်များပါဝင်စေပါ။

၁၈ မိ– အလွတ်သဘောသက်သေခံရန် ပြင်ဆင်ထားပါ။ စက်တင်ဘာ ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အလွတ်သဘောသက်သေခံရာမှ ရရှိခဲ့သည့်တွေ့ကြုံမှုများကို ပြောပြရန် အချို့ကို ကြိုတင်စီစဉ်ပါ။ အလွတ်သဘောသက်သေခံသည့်အခါ သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော[လိပ်] ဝေစာနှင့် လူမျိုးအပေါင်းအတွက် သတင်းကောင်း[လိပ်] စာအုပ်ငယ်အား အသုံးပြုနိုင်ပုံကို တိုတုတ်စွာသရုပ်ပြပါ။

သီချင်း ၂၁၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၃၁ တွင်စမည့်အပတ်

သီချင်း ၂၆

၈ မိ– ဒေသကြေညာချက်များ။ မေလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။

၁၇ မိ– အသက်—အမြတ်တနိုးထားအပ်သည့် လက်ဆောင်မွန်။ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၅၄-၅ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အောက်တိုဘာ–ဒီဇင်ဘာ ၁၉၉၅၊ နိုးလော့!စာမျက်နှာ ၁၀-၁၁ မှမှတ်ချက်များ ပါဝင်စေပါ။ အမျိုးသမီးတစ်ဦးသည် သူ၏ကိုယ်ခန္ဓာနှင့်ပတ်သက်သည့်ကိစ္စကို သူကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ယူမှတ်သူတစ်ဦးအား ကိုယ်ဝန်ဖျက်ချခြင်းနှင့်စပ်လျဉ်းသည့် ယေဟောဝါ၏ရှုမြင်ပုံကို သင် မည်သို့ရှင်းပြမည်နည်း။ ဇန်နဝါရီ ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄၊ အပိုဒ် ၄-၅ ပါ တွေ့ကြုံမှုကို ပြောပြပါ။

၂၀ မိ– “ကြီးမြတ်သောဆရာထံမှ သင်ယူလော့ကိုဝေငှခြင်း။” ဇွန်လအတွင်း ဤစာအုပ်ကို ဝေငှကြမည်။ စာအုပ်၏ စာမျက်နှာ ၇၊ အပိုဒ် ၁-၃ တွင် ဖော်ပြထားသည့် အင်္ဂါရပ်များကို ညွှန်ပြပါ။ ဤစာအုပ်နှင့်ပတ်သက်၍ အဘယ်အရာကို သဘောကျကြောင်း ပရိသတ်ထံမှ မှတ်ချက်များကို သုံးသပ်ပါ။ အကြံပြုထားသည့် တင်ဆက်နည်းများကို သုံးသပ်ပါ။ စာအုပ်ကိုဝေငှသည့်အခါ ရုပ်ပုံများအား အသားပေးဖော်ပြပုံကို ပေါ်လွင်စေပါ။ ဦးဆုံးတင်ဆက်နည်းကို လူငယ်တစ်ဦးအား သရုပ်ပြစေကာ အခြားနည်းများကိုမူ လူကြီးတစ်ဦးအား သရုပ်ပြစေပါ။ ခြားနားသောချဉ်းကပ်နည်းတစ်ခုသည် ဒေသခံရပ်ကွက်တွင် ပိုမိုထိရောက်မည်ဆိုလျှင် ၎င်းကိုဆွေးနွေးကာ နောက်ပိုင်းတင်ဆက်နည်းများမှ တစ်ခုအစား သရုပ်ပြနိုင်သည်။

သီချင်း ၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၇ တွင်စမည့်အပတ်

သီချင်း ၁၃၆

၁၀ မိ– ဒေသကြေညာချက်များ။ “လူတို့ကိုကူညီရန် နည်းလမ်းတစ်ရပ်” မှအဓိကအချက်များကို ဆွေးနွေးပါ။ ဒေသခံရပ်ကွက်တွင် တွေ့ကြုံရသည့် ဘာသာစကားအချို့ကို ဖော်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– သွန်သင်ရာတွင် ထိရောက်သော ပုံဥပမာများကို အသုံးပြုပါ။ စက်တင်ဘာ ၁၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၄ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ပုံဥပမာတစ်ခုကို ထိရောက်စေသော အချက်လေးချက်ကား အဘယ်နည်း။ ပုံဥပမာများကို ရိုးရှင်းစေခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။ ပုံဥပမာကောင်းများကို အဘယ်နေရာတွင် ရှာတွေ့နိုင်သနည်း။ စာမျက်နှာ ၂၃ ရှိလေးထောင့်ကွက်မှ နမူနာအချို့ကို ဆန်းစစ်ကာ ပုံဥပမာတစ်ခုစီကို အဘယ်အရာက ထိရောက်စေကြောင်း ဆွေးနွေးပါ။

သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ