ကြေညာချက်များ
◼ ဇူလိုင်နှင့် ဩဂုတ်လ တွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ကမ္ဘာသားဘဝထာဝရစံစားကြ!၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း၊ သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ နှင့် ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]။ ကမ္ဘာ့ဒေသအချို့တွင် အောက်ပါဘရိုရှာများသည် သင့်လျော်ပေမည်– လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်]၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် ကျေနပ်ရောင့်ရဲသောဘဝ [လိပ်]။ စက်တင်ဘာ– ဖန်ဆင်းရှင် [လိပ်] စာအုပ်ကို အသုံးပြုမည်။ နောက်တစ်မျိုးဝေငှမှုအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) ကိုဝေငှနိုင်သည်။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! ကို တစ်လလုံးဝေငှမည်။
◼ တိုက်နယ်ကြီးကြပ်မှူးများသည် စက်တင်ဘာမှစ၍ “ယုံကြည်ခြင်းနှင့် ရဲရင့်မှုဖြင့် အနာဂတ်ကိုရင်ဆိုင်ခြင်း” ဟူ၍ခေါင်းစဉ်ရှိသည့် လူထုဟောပြောချက်ကို ဟောပါမည်။
◼ အသင်းတော်အတွင်းရေးမှူးများသည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205) နှင့် အရန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205b) ပုံစံများအလုံအလောက်ရှိထားသင့်သည်။ ယင်းတို့ကို စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့်မှာယူနိုင်သည်။ အနည်းဆုံးတစ်နှစ်စာရှိထားသင့်သည်။
◼ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာများကို ဌာနခွဲရုံးသို့မပို့မီ အသင်းတော်အတွင်းရေးမှူးသည် ပုံစံစာရွက်များကို ပြည့်ပြည့်စုံစုံဖြည့်စွက်မှုရှိမရှိ ပြန်စစ်ဆေးသင့်သည်။ လျှောက်ထားသူများသည် သူတို့ နှစ်ခြင်းခံသည့် ရက်စွဲအတိအကျကို မမှတ်မိပါက ခန့်မှန်းခြေကိုထည့်ကာ ယင်းကို ရေးမှတ်ထားသင့်သည်။ အတွင်းရေးမှူးသည် ၎င်းရက်စွဲကို အသင်းတော်ကြေညာသူမှတ်တမ်း ကတ်တွင် ရေးမှတ်ထားသင့်သည်။
◼ သင်၏ကိုယ်ပိုင်ခရီးသွားအစီအစဉ်များတွင် အခြားတိုင်းပြည်တစ်ခု၌ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီးတစ်ခု တက်ရောက်ခြင်းပါဝင်သည့်အခါတိုင်း ရက်စွဲ၊ အချိန်၊ တည်နေရာများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိုတိုင်းပြည်ရှိ လုပ်ငန်းကိုကြီးကြပ်သည့် ဌာနခွဲရုံးသို့ စာရေးတောင်းခံရမည်။ ဌာနခွဲရုံးများ၏လိပ်စာကို နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ် ၏ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။
◼ ဌာနခွဲရုံးသည် ဦးစီးကြီးကြပ်မှူးနှင့် အတွင်းရေးမှူးအားလုံး၏ လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်စပ်လျဉ်းသည့် နောက်ဆုံးအချက်အလက်များကို သိမ်းဆည်းထားရန် လိုအပ်သည်။ တစ်ချိန်ချိန်တွင် အပြောင်းအလဲရှိလျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ဦးစီးကြီးကြပ်မှူး/အတွင်းရေးမှူးလိပ်စာပြောင်းခြင်း (S-29) ပုံစံကို ဖြည့်စွက်လက်မှတ်ရေးထိုးကာ ဌာနခွဲရုံးသို့ ချက်ချင်းပို့သင့်သည်။ ယင်းတွင် မည်သည့်တယ်လီဖုန်းသင်္ကေတ အပြောင်းအလဲမဆို ပါဝင်သည်။