မေးခွန်းသေတ္တာ
◼ ကိုယ်ပိုင် ကင်းမျှော်စင် နှင့် နိုးလော့! များကို မည်သို့ရယူသင့်သနည်း။
လွန်ခဲ့သည့်အချိန်အနည်းငယ်က ကင်းမျှော်စင်နှင့် နိုးလော့! နှစ်စဉ်ကြေးအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရာ ကြေညာသူအားလုံးသည် မိမိတို့၏မဂ္ဂဇင်းများကို ဒေသခံအသင်းတော်မှတစ်ဆင့် ရယူသင့်သည်။ ကြေညာသူတစ်ဦးစီ သို့မဟုတ် မိသားစုတစ်ခုစီတွင် ကိုယ်ပိုင်လေ့လာရန်နှင့် ဓမ္မအမှုတွင်ဝေငှရန် လိုအပ်သောမဂ္ဂဇင်းအုပ်ရေအတွက် “မဂ္ဂဇင်းအမှာစာ” ထားရှိသင့်သည်။ ၎င်းအမှာကို မဂ္ဂဇင်းအမှုထမ်းအား ပေးသင့်သည်၊ သူသည် စာအုပ်တစ်အုပ်တွင် ကောင်းစွာရေးမှတ်ထားကာ ဌာနခွဲရုံးမှ မဂ္ဂဇင်းများရောက်ရှိလာသည့်အခါ ကြေညာသူတစ်ဦးစီ မှာယူထားသည့် မဂ္ဂဇင်းများကိုပေးရန် သေချာစေသင့်သည်။ လုပ်ငန်းတော်စည်းဝေးတွင် မဂ္ဂဇင်းသစ်များရောက်လာပြီဟု ကြေညာပြီးသောအခါ သင်မှာထားသည့်မဂ္ဂဇင်းများကို မဆိုင်းမတွယူသွားပါ။ နိုင်ငံခြားဘာသာစကားမဂ္ဂဇင်းများကို အသင်းတော်တောင်းခံမှုများ (M-202) ပုံစံအသုံးပြု၍ တောင်းခံသင့်သည်။
သင့်ရပ်ကွက်မှ တစ်စုံတစ်ဦးသည် မဂ္ဂဇင်းပုံမှန်ပို့ပေးရန်တောင်းဆိုပါက လထုတ်တစ်စောင်မျှမလွတ်စေရန် ချက်ချင်းလုပ်ဆောင်ကြောင်း ကျေးဇူးပြု၍ သေချာစေပါ။ နှင်ထုတ်ထားသူများသည် နိုင်ငံတော်ခန်းမရှိ မဂ္ဂဇင်းနှင့် စာအုပ်စာတမ်းကောင်တာတွင် ကိုယ်ပိုင်အသုံးပြုရန် မဂ္ဂဇင်း သို့မဟုတ် အခြားစာအုပ်စာတမ်းများကို ရယူနိုင်သည်။ နှင်ထုတ်ထားသူများကို ကိုယ်ပိုင်မဂ္ဂဇင်းလမ်းကြောင်းဖြင့် မ ပို့ပေးသင့်ချေ။
ဌာနခွဲက ဖိုင်သိမ်းထားမည့် နှစ်စဉ်ကြေးများသည် မဂ္ဂဇင်းလမ်းကြောင်းမှတစ်ဆင့် အသင်းတော်ကြေညာသူတစ်ဦး ဆောင်ရွက်ပေး၍ မရနိုင်သူများအတွက်သာဖြစ်၏။ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ၎င်းတို့ကို တစ်နည်းနည်းဖြင့် မရရှိနိုင်သူတစ်စုံတစ်ဦးအတွက် နှစ်စဉ်ကြေးတောင်းခံလွှာတစ်ခု တင်သွင်းမည်ဆိုလျှင် ဤနှစ်စဉ်ကြေးတောင်းခံလွှာကို အသင်းတော်လုပ်ငန်းတော်ကော်မတီက အသေအချာဆန်းစစ်ကာ သဘောတူကြောင်းထောက်ခံသည့် မှတ်ချက်တိုတစ်ခုကို အတွင်းရေးမှူးသည် ထည့်သွင်းဖော်ပြသင့်သည်။
ယင်းက ကြေညာသူများသည် ကိုယ်ပိုင်နှစ်စဉ်ကြေးများတောင်းခံရန် ဌာနခွဲရုံးသို့ စာမရေးသင့်ကြောင်းကို ဆိုလိုသည်။ ကြေညာသူများ သို့မဟုတ် စိတ်ဝင်စားသူများတောင်းခံသည့် မည်သည့်နှစ်စဉ်ကြေးတောင်းခံမှုကိုမဆို အသင်းတော်သို့ ပြန်လွှဲပြောင်းပေးမည်ဖြစ်သည်။
◼ အကျဉ်းသားတစ်ဦးသည် ကိုယ်ပိုင်မဂ္ဂဇင်းများကို မည်သို့ရယူနိုင်သနည်း။
အကျဉ်းထောင်တစ်ခုတွင် ဟောပြောခြင်းလုပ်ငန်းကို ကြည့်ရှုရသောအသင်းတော်သည် ထိုတွင် အကျဉ်းကျနေသောအကျဉ်းသားများအား မဂ္ဂဇင်းများပို့ပေးနိုင်ပါက အကျဉ်းသားတစ်ဦးသည် လာလည်ပတ်သည့် ကြေညာသူများမှတစ်ဆင့် ကိုယ်ပိုင် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများရယူသင့်သည်။ ဤသို့မဖြစ်နိုင်လျှင် အကျဉ်းသားကိုယ်တိုင် ဌာနခွဲရုံးသို့စာရေး၍ နှစ်စဉ်ကြေးများတောင်းခံနိုင်သည်။ အလားတူပင် နှင်ထုတ်ထားသည့် အကျဉ်းသားများသည် ဤအပိုဒ်တွင်ဖော်ပြထားသည့်အတိုင်း ကိုယ်ပိုင်မဂ္ဂဇင်းများရယူနိုင်သည်။