ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၅ စာ. ၁၀
  • နမူနာတင်ဆက်နည်းများကိုအသုံးပြုပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများကိုအသုံးပြုပုံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဂ္ဂဇင်းတင်ဆက်နည်းအတွက် ပြင်ဆင်နိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • သမ္မာတရားကိုသက်သေခံသော မဂ္ဂဇင်းများကို ဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အကျိုးရနေသည်ဆိုလျှင် ယင်းကိုသုံးပါလေ!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကိုယ်ပိုင်တင်ဆက်နည်း ပြင်ဆင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၁/၀၅ စာ. ၁၀

နမူနာတင်ဆက်နည်းများကိုအသုံးပြုပုံ

၁။ ဖော်ပြထားသည့် နမူနာတင်ဆက်နည်းများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း။

၁။ ကျွန်ုပ်တို့၏မဂ္ဂဇင်းများနှင့် အခြားစာပေများကိုဝေငှရန် နမူနာတင်ဆက်နည်းများကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ပုံမှန်တွေ့ရသည်။ ဓမ္မအမှုတွင်ပါဝင်သည့်အခါ အကြံပြုထားသည့် ၎င်းတင်ဆက်နည်းများကို ရေးသားထားသည့်အတိုင်း အတိအကျပြန်ပြောရန် မလိုချေ။ ၎င်းတို့သည် ကျွန်ုပ်တို့ပြောဆိုနိုင်သည့်အရာနှင့်စပ်လျဉ်း၍ အကြမ်းဖျင်းကိုသာဖော်ပြပေးခြင်းဖြစ်၏။ များသောအားဖြင့် တင်ဆက်နည်းများကို ကျွန်ုပ်တို့၏ကိုယ်ပိုင်စကားဖြင့်ပြောလျှင် ပို၍ထိရောက်မှုရှိလိမ့်မည်။ ပင်ကိုအတိုင်းပြောဆိုခြင်းက အိမ်ရှင်အား သက်သောင့်သက်သာရှိစေကာ စိတ်ရင်းမှန်မှုနှင့် ခံယူချက်တို့ကို ထင်ဟပ်စေသည်။—၂ ကော. ၂:၁၇; ၁ သက်. ၁:၅။

၂။ တင်ဆက်မှုများကို ပြင်ဆင်သည့်အခါ အဘယ်ကြောင့် ဒေသခံဓလေ့ထုံးစံများကို ထည့်စဉ်းစားဖို့လိုသနည်း။

၂ သင်၏တင်ဆက်မှုကို ပြုပြင်ပြောင်းလဲပါ– ဒေသခံဓလေ့ထုံးစံများသည် ကျွန်ုပ်တို့၏ သတင်းကောင်းတင်ဆက်မှုအပေါ် များစွာအကျိုးသက်ရောက်မှုရှိ၏။ သင်သည် အိမ်ရှင်နှင့် အပြန်အလှန်နှုတ်ဆက်ကာ သင်၏တင်ဆက်မှုကို စကားစမြည်ပြောဆိုမှုအဖြစ် ပြောဆိုနိုင်မည်လော သို့မဟုတ် သင့်ရပ်ကွက်ရှိ လူတို့သည် လိုရင်းကို တိုက်ရိုက်ပြောဆိုရန် မျှော်လင့်သလော။ ယင်းသည် တစ်နေရာနှင့်တစ်နေရာမတူသည့်အပြင် တစ်ခါတစ်ရံ တစ်ဦးနှင့်တစ်ဦးပင် မတူကြချေ။ မေးခွန်းများမေးသည့်အခါတွင်လည်း ပိုင်းခြားသိမြင်မှုရှိဖို့လို၏။ ဒေသအချို့တွင် သင့်လျော်သောမေးခွန်းများသည် အခြားဒေသများတွင်မူ လူတို့ကို ကသိကအောက်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကောင်းစွာချင့်ချိန်နိုင်စွမ်းကို အသုံးပြုကာ ကျွန်ုပ်တို့၏တင်ဆက်မှုများကို ဒေသအရ လက်ခံနိုင်သည့်အရာဖြစ်စေရန် ပြုပြင်ပြောင်းလဲပေးရမည်။

၃။ ကျွန်ုပ်တို့နှင့်စကားပြောဆိုသူများ၏ နောက်ခံနှင့် စဉ်းစားတွေးခေါ်မှုကို အဘယ်ကြောင့် ထည့်စဉ်းစားဖို့လိုသနည်း။

၃ ထို့ပြင် လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်သည့်အခါ ကျွန်ုပ်တို့၏ရပ်ကွက်ရှိ လူတို့၏နောက်ခံနှင့် စဉ်းစားတွေးခေါ်မှုကို ထည့်စဉ်းစားဖို့လိုသည်။ ဥပမာ၊ သင်သည် “သခင့်ပတ္ထနာ”နှင့် အကျွမ်းမဝင်သူတစ်ဦးကို ဆွေးနွေးမည့်ပုံစံနှင့် မတူဘဲ ဘာသာတရားကိုင်းရှိုင်းသည့် ကက်သလစ်တစ်ဦးနှင့် မဿဲ ၆:၉၊ ၁၀ ကိုဆွေးနွေးရပေမည်။ အနည်းငယ် ကြိုတင်စဉ်းစားထားခြင်းဖြင့် ဓမ္မအမှုတွင် တွေ့ဆုံရသူများအတွက် ပိုမိုနှစ်သက်ဖွယ်ဖြစ်စေရန် ကျွန်ုပ်တို့၏တင်ဆက်မှုများကို ပြုပြင်ပြောင်းလဲပေးနိုင်သည်။—၁ ကော. ၉:၂၀-၂၃။

၄။ ကောင်းစွာပြင်ဆင်မှုသည် အဘယ်ကြောင့် မရှိမဖြစ်လိုအပ်သနည်း။

၄ နမူနာတင်ဆက်နည်းတစ်ခုကို ရေးသားထားသည့်အတိုင်း အားလုံးနီးပါးအသုံးပြုရန် ရည်ရွယ်သည့်အခါ၌ပင် ကောင်းစွာပြင်ဆင်မှုသည် မရှိမဖြစ်လိုအပ်ဆဲပင်။ ကျွန်ုပ်တို့ဖော်ပြသုံးသပ်ရန်ရည်ရွယ်သည့် ဆောင်းပါး သို့မဟုတ် အခန်းကို သေသေချာချာဖတ်ရှုကာ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးနိုင်မည့်အချက်များကို ရှာဖွေသင့်သည်။ ထို့နောက် ယင်းတို့ကို ကျွန်ုပ်တို့၏တင်ဆက်မှုတွင် ပါဝင်စေပါ။ ကျွန်ုပ်တို့၏စာပေများမှ အချက်အလက်ကောင်းများနှင့် အကျွမ်းဝင်နေမှသာ ယင်းတို့ကို စိတ်အားထက်သန်မှုဖြင့် ဝေငှနိုင်မည်ဖြစ်သည်။

၅။ အခြားတင်ဆက်နည်းတစ်ခုကို အဘယ်ကြောင့် ပြင်ဆင်နိုင်သနည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ပြင်ဆင်နိုင်သနည်း။

၅ အခြားချဉ်းကပ်နည်းများ– နမူနာတင်ဆက်နည်းများတွင် ဖော်ပြထားသည့် ချဉ်းကပ်နည်းများကိုသာသုံးရန် ကျွန်ုပ်တို့ကန့်သတ်ခံရသလော။ ကန့်သတ်မခံရပါ။ အခြားချဉ်းကပ်နည်းတစ်ခု သို့မဟုတ် ကျမ်းချက်တစ်ချက်ကို အသုံးပြုရန် သင့်အတွက် ပိုလွယ်ကူလျှင် ယင်းကို အသုံးပြုပါ။ အထူးသဖြင့် မဂ္ဂဇင်းများနှင့်အတူ သင့်ရပ်ကွက်တွင် အထူးစိတ်ဝင်စားမှုဖြစ်စေမည့် အရန်ဆောင်းပါးများကို သုံးသပ်ရန် အခွင့်အရေးများရှာဖို့ နိုးကြားနေပါ။ လုပ်ငန်းတော်စည်းဝေးတွင် လယ်ကွင်းလုပ်ငန်းတင်ဆက်မှုများကို သရုပ်ပြရသောအခါ ဒေသခံရပ်ကွက်တွင် ထိရောက်မှုရှိသည့် မည်သည့်ချဉ်းကပ်နည်းကိုမဆို သရုပ်ပြရန် အစီအစဉ်များပြုလုပ်နိုင်သည်။ ဤနည်းဖြင့် သတင်းကောင်းကို ထိရောက်စွာ တင်ဆက်ရန် အားလုံးအကူအညီရရှိနိုင်မည်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ