ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၅ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဧပြီ ၁၁ တွင်စမည့်အပတ်
  • ဧပြီ ၁၈ တွင်စမည့်အပတ်
  • ဧပြီ ၂၅ တွင်စမည့်အပတ်
  • မေ ၂ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၄/၀၅ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဧပြီ ၁၁ တွင်စမည့်အပတ်

သီချင်း ၄

၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ မတ် ၁၅ ကင်းမျှော်စင် နှင့် ဧပြီ ၈ နိုးလော့! အတွက်တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၆ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသည့်တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ သရုပ်ပြတစ်ခုတွင် လမ်းပေါ်သက်သေခံခြင်း၌ ကြေညာသူပါဝင်နေပုံကိုပြပါ။

၁၅ မိ– “မဆုတ်မနစ်ဟောပြောလော့။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၁၅ မိ– “အခြားသူတို့ကို ကောင်းမှုပြုကာ ဝေမျှလော့။”b အခြားသူများအား ကျွန်ုပ်တို့ကူညီနိုင်သည့် လက်တွေ့ကျသောနည်းများကို ဖော်ပြကာ အကြောင်းအရာကို ဒေသနှင့်သက်ဆိုင်စေပါ။

သီချင်း ၄၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၁၈ တွင်စမည့်အပတ်

သီချင်း ၇၆

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၈။”c ကြေညာသူတစ်ဦးက ကျမ်းစာသင်သားအသစ်တစ်ဦးအား ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း၊ သူတို့ ဘာကိုယုံကြည်ကြသနည်း ဟူသော ဘရိုရှာတစ်စောင်ကိုပေးသည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။ ကြေညာသူသည် ဘရိုရှာ၏စာမျက်နှာ ၂၀ ရှိရုပ်ပုံကို အာရုံစိုက်စေပြီး လူထုအစည်းအဝေးအကြောင်းကို တိုတိုတုတ်တုတ်ပြောပြသည်။ သူသည် လာမည့် လူထုဟောပြောချက်ခေါင်းစဉ်ကို ပြောပြပြီး သင်သားအား တက်ရောက်ရန် ဖိတ်ခေါ်သည်။

၁၅ မိ– အီလက်ထရွန်နစ်ခေတ်တွင် သမ္မာသတိဖြင့် နေထိုင်ခြင်း။ (တိ. ၂:၁၁၊ ၁၂၊ ကဘ) စက်တင်ဘာ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈၊ အပိုဒ် ၁-၇၊ နိုဝင်ဘာ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၅၊ အပိုဒ် ၂၄-၆ နှင့် စာမျက်နှာ ၆၊ အပိုဒ် ၃၅-၆ ကိုအခြေခံ၍ ဟောပြောရန်။ အချိန်ရသရွေ့ နိုဝင်ဘာ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ အခြားအချက်များကို ဒေသအလိုက် သက်ဆိုင်လျှင် ထည့်သွင်းနိုင်သည်။

သီချင်း ၁၆၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၂၅ တွင်စမည့်အပတ်

သီချင်း ၁၁၁

၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာတို့ကို ဖတ်ပြပါ။ ဧပြီလ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၆ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ ဧပြီ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ တင်ဆက်မှုတွင် “ကျွန်တော်စိတ်မဝင်စားဘူး” ဟုဆိုသည့် စကားဆက်ပြတ်စေနိုင်သူအား ကိုင်တွယ်ပုံကို သရုပ်ပြပါ။ (ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စ. ၁၆ ရှု။) ရပ်ကွက်မှလူများ ပို၍လိုလိုလားလားနှစ်သက်လက်ခံနိုင်မည့် ဆောင်းပါးများကို ဖော်ပြပါ။

၁၅ မိ– လူငယ်တို့—ဝိညာဉ်ရေးဘက်တွင် သင်တို့တိုးတက်နေသလော။ ဧပြီ ၁၊ ၂၀၀၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈-၁၀ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ လက်တွေ့ကျပြီး မီနိုင်သောပန်းတိုင်အချို့ကို ဖော်ပြကာ မိမိတို့ကိုယ်တိုင်အတွက် သတ်သတ်မှတ်မှတ် ပန်းတိုင်များထားကြရန် လူငယ်များကို အားပေးပါ။

၁၅ မိ– ဘုရားသခင်နှင့် အိမ်နီးချင်းတို့ကို ချစ်တတ်ရန် လူသစ်များကိုကူညီပါ။ ဇူလိုင် ၁၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆၊ အပိုဒ် ၇-၉ ကိုအခြေခံ၍ ဟောပြောရန်။ အသင်းတော်သားတစ်ဦးစီသည် လူသစ်များအား ခရစ်တော်၏တပည့်များဖြစ်လာရန် ကူညီပေးရာတွင် မည်သို့ပါဝင်ကြောင်း ပေါ်လွင်စေပါ။

သီချင်း ၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂ တွင်စမည့်အပတ်

သီချင်း ၁၄၈

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ ရှိ “စောင့်နေကြလော့! ဘရိုရှာကို လေ့လာခြင်း” ဆောင်းပါးကို အကျဉ်းချုံးသုံးသပ်ပါ။ ဤအကြောင်းအရာသည် ဘရိုရှာနှင့်စပ်လျဉ်းသည့် သုံးသပ်မှုအစီအစဉ်ကို ဖော်ပြကြောင်း ပြောပြပါ။ မေ ၂၃ ရက်အပတ်မှစ၍ လေ့လာရာတွင် တစ်ပတ်စီအတွက် ကောင်းစွာပြင်ဆင်ပြီး ပါဝင်ကြရန် အားလုံးကို တိုက်တွန်းပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “လူအပေါင်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။”d အကြောင်းအရာအား ဒေသခံရပ်ကွက်တွင် လက်တွေ့ကျင့်သုံးနိုင်ပုံကို တင်ပြပါ။

သီချင်း ၁၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ