၂၀၀၇ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်
ညွှန်ကြားချက်များ
၂၀၀၇ ခုနှစ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။
ပင်ရင်းအကြောင်းအရာ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း [ကဘ]၊ ကင်းမျှော်စင် [က]၊ သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ [ပက]၊ ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ [ဘကမ-၀၂-၁၊ ၀၂-၂ (bsi02-1,02-2-BU)] နှင့် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း [ကက]။
သီချင်းဆို၊ ဆုတောင်း၊ ကြိုဆိုနှုတ်ဆက်ခြင်းဖြင့် ကျောင်းကို အချိန်မီ စတင်သင့်သည်။ ထို့နောက် အောက်ပါအတိုင်း ကျင်းပသွားရန်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် တစ်ခုစီပြီးတိုင်း နောက်အပိုင်းကိုမိတ်ဆက်ပေးမည်။
စကားပြောအရည်အသွေး– ၅ မိနစ်။ ကျောင်းကြီးကြပ်မှူး၊ အရန်သွန်သင်ချက်ပေးသူ သို့မဟုတ် အခြားအရည်အချင်းပြည့်မီသော အကြီးအကဲတစ်ဦးသည် ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်ကို အခြေပြုထားသည့် စကားပြောအရည်အသွေးတစ်ခုကို ဆွေးနွေးပါမည်။ (အကြီးအကဲအရေအတွက်နည်းသည့် အသင်းတော်များတွင် အရည်အချင်းပြည့်မီသော ဓမ္မအမှုထမ်းများကို အသုံးပြုနိုင်သည်။)
တာဝန်နံပါတ် ၁– ၁၀ မိနစ်။ ယင်းကို အရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး ကိုင်တွယ်သင့်သည်။ ကင်းမျှော်စင်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ သို့မဟုတ် ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ ပါအကြောင်းကို အခြေခံမည်ဖြစ်သည်။ ယင်းကို ပြန်လည်မေးမြန်းခြင်းမပြုဘဲ ဆယ်မိနစ်လုံးလုံး သွန်သင်ဟောပြောချက်အနေနှင့် တင်ပြရန်ဖြစ်သည်။ ဦးတည်ချက်မှာ အကြောင်းအရာကို အပြီးတင်ပြနိုင်ရုံသာမဟုတ်ဘဲ ဆွေးနွေးဖော်ပြသည့်အချက်အလက်များ၏ လက်တွေ့ကျတန်ဖိုး ကို အာရုံစူးစိုက်ရန်ဖြစ်သင့်သည်၊ အသင်းတော်အတွက် အကူအညီအဖြစ်ဆုံးသောအချက်များကို ပေါ်လွင်စေသင့်သည်။ ဖော်ပြထားသောအဓိကအကြောင်းကို အသုံးပြုသင့်သည်။ ဤဟောပြောချက်ကို တာဝန်ရသောညီအစ်ကိုများသည် ကန့်သတ်ထားချိန်အတွင်း ဟောပြောရန် ဂရုစိုက်မည်ဟု မျှော်လင့်ပါသည်။ လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ– ၁၀ မိနစ်။ ပထမငါးမိနစ်တွင် အရည်အချင်းပြည့်မီသောအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ဒေသလိုအပ်ရာများနှင့်အညီ သက်ဆိုင်ပုံကို တင်ပြသင့်သည်။ သူသည် အပတ်အတွက် တာဝန်ပေးထားသောကျမ်းစာဖတ်ရှုခြင်းမှ မည်သည့်အပိုင်းကိုမဆို မှတ်ချက်ပေးနိုင်သည်။ ဖတ်ရှုရန်ပေးထားသည့်အခန်းများကို အကျဉ်းချုံးဖော်ပြရုံမျှမဖြစ်သင့်။ အဓိကဦးတည်ချက်မှာ အချက်အလက်များသည် အဘယ်ကြောင့် နှင့် အဘယ်သို့ တန်ဖိုးရှိသည်ကို ပရိသတ်သဘောပေါက်စေရန်ဖြစ်၏။ ဟောပြောသူသည် အဖွင့်ပိုင်းအတွက်သတ်မှတ်ထားသည့် ငါးမိနစ်ထက်မကျော်စေရန် ဂရုစိုက်သင့်သည်။ သူသည် ပရိသတ်ပါဝင်မှုအတွက် ငါးမိနစ်ကို သီးသန့်ဖယ်ထားကြောင်း သေချာစေသင့်သည်။ ကျမ်းစာဖတ်ရှုခြင်းတွင် သူတို့သိရှိသဘောပေါက်ခဲ့ရာများနှင့် ယင်းတို့၏အကျိုးကျေးဇူးများအပေါ် တိုတုတ်သော မှတ်ချက်များ (၃၀ စက္ကန့် သို့မဟုတ် ထိုထက်နည်းလျက်) ပေးကြရန် ပရိသတ်ကိုဖိတ်ခေါ်သင့်သည်။ ထို့နောက် ကျောင်းကြီးကြပ်မှူးသည် အခြားအတန်းများတွင် တာဝန်ရထားသော ကျောင်းသားများအား ထွက်သွားစေပါမည်။
တာဝန်နံပါတ် ၂– ၄ မိနစ် သို့မဟုတ် ထိုထက်နည်း။ ညီအစ်ကိုတစ်ဦးကိုပေးရမည့် ဖတ်ရှုခြင်းတာဝန်ဖြစ်၏။ ကျောင်းသားသည် နိဒါန်း သို့မဟုတ် နိဂုံးမပါဘဲ တာဝန်ပေးထားသည့် အကြောင်းအရာကို ဖတ်ပြရမည်။ ကျောင်းကြီးကြပ်မှူးသည် သဘောပေါက်မှု၊ သွက်လက်ပြေပြစ်မှု၊ အဓိပ္ပာယ်ပေါ်စေသည့် လျောက်ပတ်သောလေးနက်မှု၊ အသံအပြောင်းအလဲ၊ သင့်လျော်သောရပ်တန့်ခြင်းနှင့် သဘာဝကျကျဖတ်တတ်ဖို့ ကျောင်းသားများကိုကူညီရန် အထူးစိတ်ဝင်စားမည်။
တာဝန်နံပါတ် ၃– ၅ မိနစ်။ ယင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဤတာဝန်ရသောကျောင်းသူများအား ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၈၂ တွင်ဖော်ပြထားသည့်ဇယားမှ ဇာတ်အိမ်တစ်ခုကို သတ်မှတ်ပေးမည် သို့မဟုတ် ရွေးချယ်စေမည်။ ကျောင်းသူသည် ပေးထားသည့်အဓိကအကြောင်းကို အသုံးပြုကာ ဒေသခံရပ်ကွက်အတွက် သဘာဝကျပြီး လက်တွေ့ကျသော လယ်ကွင်းလုပ်ငန်းကဏ္ဍတစ်ခုနှင့် ယင်းကိုသက်ဆိုင်စေသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသူသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက် အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ကျောင်းသူအသစ်များအား ရည်ညွှန်းချက်များပေးထားသောတာဝန်များကို ပေးသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသူက အကြောင်းအရာအား အဆင့်ဆင့်ရှင်းလင်းတင်ပြသွားပုံ၊ အိမ်ရှင်အား ကျမ်းချက်များအပေါ်ဆင်ခြင်ရန်နှင့် တင်ဆက်သည့်အဓိကအချက်များအားနားလည်ရန် ကူညီပေးပုံတို့ကို အထူးစိတ်ဝင်စားမည်။ ကျောင်းကြီးကြပ်မှူးသည် အကူတစ်ဦးကို ခန့်အပ်ပေးမည်ဖြစ်သည်။
တာဝန်နံပါတ် ၄– ၅ မိနစ်။ ကျောင်းသားသည် ပေးထားသည့်အဓိကအကြောင်းကို အဆင့်ဆင့် ရှင်းလင်းတင်ပြသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသားသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက်အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ဤအပိုင်းကို ညီအစ်ကိုတစ်ဦးအား တာဝန်ပေးလျှင် နိုင်ငံတော်ခန်းမရှိပရိသတ်ကို ရည်စူးဟောပြောသည့်အနေဖြင့် တင်ပြသင့်သည်။ ညီအစ်မတစ်ဦးကိုတာဝန်ပေးလျှင် တာဝန်နံပါတ် ၃ အတိုင်း အမြဲတင်ဆက်သင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သင့်လျော်သည့်အခါတိုင်း တာဝန်နံပါတ် ၄ ကို ညီအစ်ကိုတစ်ဦးအား ပေးနိုင်သည်။ ဘေးတွင် ခရေပွင့်ပြထားသော အဓိကအကြောင်းများကို ဟောပြောချက်အနေဖြင့် အဆင့်ဆင့်ရှင်းလင်းတင်ပြရန် ညီအစ်ကိုများအား အမြဲတာဝန်ပေးသင့်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
သွန်သင်ချက်– ၁ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် တာဝန်နံပါတ် ၂၊ ၃ နှင့် ၄ ပြီးနောက် ချီးကျူးထိုက်သော ဟောပြောချက်ကဏ္ဍတစ်ရပ်နှင့်ဆိုင်သည့် တည်ဆောက်မှုဖြစ်စေသော ရှုမြင်ချက်အချို့ပေးရန် တစ်မိနစ် ထက်ကျော်မည်မဟုတ်ပေ။ သူ၏ဦးတည်ချက်မှာ “ကောင်းတယ်” ဟုဆိုရုံသာမဟုတ်ဘဲ ထိုတင်ဆက်မှုကဏ္ဍသည် အဘယ်ကြောင့်ထိရောက်မှုရှိကြောင်း သတ်သတ်မှတ်မှတ်အကြောင်းရင်းများကို ညွှန်ပြရန်ဖြစ်သည်။ ကျောင်းသားတစ်ဦးစီ၏လိုအပ်ရာနှင့်အညီ အပြုသဘောပါသော ထပ်ဆင့်သွန်သင်ချက်ကို အစည်းအဝေးပြီးသည့်အခါ သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် သီးသန့်ပေးနိုင်သည်။
အချိန်– မည်သည့်ဟောပြောချက်မျှ အချိန်မကျော်သင့်ပါ။ သွန်သင်ချက်ပေးသူ၏ မှတ်ချက်များလည်း အချိန်မကျော်သင့်ပါ။ တာဝန်နံပါတ် ၂ မှ နံပါတ် ၄ သည်အချိန်စေ့ပါက လိမ္မာပါးနပ်စွာ ရပ်ဆိုင်းစေသင့်သည်။ စကားပြောအရည်အသွေးတစ်ခုနှင့်ဆိုင်သည့် အဖွင့်ဟောပြောချက်၊ တာဝန်နံပါတ် ၁ သို့မဟုတ် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များတင်ပြရန် တာဝန်ကျသောညီအစ်ကိုများ အချိန်ကျော်လျှင် သီးသန့်သွန်သင်ချက်ပေးသင့်သည်။ အားလုံး အချိန်မကျော်ရန် ဂရုစိုက်သင့်သည်။ သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းမပါဘဲ ကျောင်းသည် စုစုပေါင်း ၄၅ မိနစ်ဖြစ်သည်။
သွန်သင်ချက်ပုံစံ– ကျောင်းသုံးစာအုပ်တွင်။
အရန်သွန်သင်ချက်ပေးသူ– ဖြစ်နိုင်လျှင် အကြီးအကဲအဖွဲ့သည် ကျောင်းကြီးကြပ်မှူးအပြင် အရန်သွန်သင်ချက်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိအကြီးအကဲတစ်ဦးကို ရွေးချယ်နိုင်သည်။ အသင်းတော်တွင် အကြီးအကဲအတော်များများရှိပါက ဤတာဝန်ကို အရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦးလျှင် တစ်နှစ်စီထမ်းဆောင်နိုင်သည်။ အရန်သွန်သင်ချက်ပေးသူ၏တာဝန်သည် တာဝန်နံပါတ် ၁ နှင့် ကျမ်းစာပေါ်လွင်ချက်များတင်ဆက်သော ညီအစ်ကိုများအား လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးရန်ဖြစ်သည်။ သူသည် အကြီးအကဲချင်း သို့မဟုတ် ဓမ္မအမှုထမ်းချင်းများ၏ ထိုသို့သောဟောပြောချက် တစ်ခုပြီးတိုင်း သွန်သင်ချက်ပေးရန်မလိုပေ။
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း– ၃၀ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို နှစ်လတစ်ကြိမ်ပြုလုပ်ပါမည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း စကားပြောအရည်အသွေးတစ်ခုနှင့် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များကို သုံးသပ်ပြီးသည့်အခါ ယင်းကိုဆက်၍ပြုလုပ်ပါမည်။ နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းသည် လက်ရှိအပတ်အပါအဝင် ယခင်နှစ်လအတွင်း ကျောင်းတွင်သုံးသပ်ခဲ့သည့် အကြောင်းအရာအပေါ် အခြေခံမည်ဖြစ်သည်။ သင့်အသင်းတော် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် တိုက်နယ်စည်းဝေးပွဲရှိလျှင် ပြန်လည်သုံးသပ်ခြင်း (နှင့် ပတ်စဉ်အစီအစဉ်၏ကျန်အပိုင်း) ကို တစ်ပတ်ရွှေ့ဆိုင်းကာ နောက်အပတ်အစီအစဉ်ကို တစ်ပတ်စော၍ အသုံးပြုသင့်သည်။ တိုက်နယ်ကြီးကြပ်မှူးသည် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် သင့်အသင်းတော်သို့လည်ပတ်မည်ဆိုလျှင် သီချင်း၊ စကားပြောအရည်အသွေးဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များကို အစီအစဉ်အတိုင်း တင်ဆက်သင့်သည်။ (စကားပြောအရည်အသွေးဟောပြောချက်ပြီးနောက် တင်ဆက်သည့်) သွန်သင်ခြင်းဟောပြောချက်ကိုမူ နောက်အပတ် အစီအစဉ်မှ ယူသင့်သည်။ နောက်အပတ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို စကားပြောအရည်အသွေးဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များဖြင့် အစီအစဉ်အတိုင်းကျင်းပကာ ၎င်းနောက် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို ဆက်သုံးသပ်မည်ဖြစ်သည်။
အစီအစဉ်
ဇန်. ၁ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၂၄–၂၈ သီချင်း ၃၃
စကားပြောအရည်အသွေး–အကြောင်းအရာ၏ လက်တွေ့ကျသက်ဆိုင်ပုံ (ပက စ. ၁၅၈ ¶(အပိုဒ်) ၂-၄)
နံပါတ် ၁–ကျောင်းအတွက် ကျောင်းသားတာဝန်များကို ပြင်ဆင်ခြင်း (ပက စ. ၄၃ ¶၁–စ. ၄၄ ¶၃)
နံပါတ် ၂–ဟေရှာယ ၂၆:၁-၁၈
နံပါတ် ၃–ကိုယ်ဝန်ဖျက်ချခြင်းကို အဘယ်ကြောင့်တားမြစ်ထား (ကက စစ. ၅၄-၅ ¶၄)
နံပါတ် ၄–“သခင်ယေရှုခရစ်ကို” မည်သို့ “ယူတင်ဝတ်ဆောင်” နိုင် (ရော. ၁၃:၁၄)
ဇန်. ၈ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၂၉–၃၃ သီချင်း ၄၂
စကားပြောအရည်အသွေး–လိုရင်းချက်ကိုမြင်ရန် အခြားသူများအား ကူညီပေးခြင်း (ပက စ. ၁၅၉ ¶၁-၄)
နံပါတ် ၁–ဆွေးနွေးမည့်အကြောင်းအရာနှင့် ဇာတ်အိမ်တို့ကို လုပ်ဆောင်ခြင်း (ပက စ. ၄၄ ¶၄–စ. ၄၆ ¶၂)
နံပါတ် ၂–ဟေရှာယ ၃၀:၁-၁၄
နံပါတ် ၃–a ‘ကျွန်မရဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ကိစ္စကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်’ ဟုဆိုသူတစ်စုံတစ်ယောက်ကို တုံ့ပြန်ခြင်း (ကက စ. ၅၅ ¶၅)
နံပါတ် ၄–ယေဟောဝါဘုရားသခင်သည် ကလေးများကိုချစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း
ဇန်. ၁၅ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၃၄–၃၇ သီချင်း ၂၂၂
စကားပြောအရည်အသွေးစကားလုံးများရွေးချယ်မှု (ပက စ. ၁၆၀ ¶၁-၃)
နံပါတ် ၁–အမှားအမှန်အပေါ် ယေရှု၏အမြင်မျိုး ပျိုးထောင်ပါ (က၀၅ ၁/၁ စစ. ၈-၉ ¶၁၁-၁၅)
နံပါတ် ၂–ဟေရှာယ ၃၄:၁-၁၅
နံပါတ် ၃–မေတ္တာစစ် ပြုစုပျိုးထောင်နည်း
နံပါတ် ၄–အာဒံနှင့်ဧဝ—တကယ့်သမိုင်းဝင်ပုဂ္ဂိုလ်များလော (ကက စစ. ၄၁၁-၂)
ဇန်. ၂၂ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၃၈–၄၂ သီချင်း ၆၁
စကားပြောအရည်အသွေး–နားလည်ရလွယ်ကူသောစကား (ပက စ. ၁၆၁ ¶၁-၄)
နံပါတ် ၁–အတိုက်အခံကြောင့် အတားအဆီးဖြစ်မခံနှင့် (က၀၅ ၁/၁ စစ. ၁၄-၅ ¶၁၆-၁၈)
နံပါတ် ၂–ဟေရှာယ ၃၈:၉-၂၂
နံပါတ် ၃–b ‘အာဒံရဲ့အပြစ်ဟာ ဘုရားသခင်ရဲ့အလိုတော်ပါပဲ’ ဟုဆိုသူတစ်စုံတစ်ယောက်ကို တုံ့ပြန်ခြင်း (ကက စ. ၄၁၃ ¶၁-၂)
နံပါတ် ၄–အခြားသူများအား ရည်ရွယ်ချက်မှားသည်ဟု ယိုးစွပ်ခြင်းကို အဘယ်ကြောင့်ရှောင်ရမည်နည်း
ဇန်. ၂၉ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၄၃–၄၆ သီချင်း ၁၁၃
စကားပြောအရည်အသွေး–အသုံးအနှုန်းဝေဆာမှုနှင့် တိကျမှန်ကန်မှု (ပက စ. ၁၆၁ ¶၅–စ. ၁၆၂ ¶၄)
နံပါတ် ၁–ယေဟောဝါ၏စီရင်ချက်များကို အဘယ်ကြောင့်လက်ခံရ (က၀၅ ၂/၁ စစ. ၂၃-၄ ¶၄-၉)
နံပါတ် ၂–ဟေရှာယ ၄၅:၁-၁၄
နံပါတ် ၃–ဘိုးဘေးကိုးကွယ်ခြင်းသည် အဘယ်ကြောင့်အချည်းနှီးဖြစ်သနည်း (ကက စ. ၂၀၂ ¶၂–စ. ၂၀၃ ¶၁၀)
နံပါတ် ၄–c ခရစ်ယာန်များသည် အပြိုင်အဆိုင် နှိုင်းယှဉ်မှုများကို အဘယ်ကြောင့်ရှောင်ရ
ဖေ. ၅ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၄၇–၅၁ သီချင်း ၇၉
စကားပြောအရည်အသွေး–အားမာန်ပါပါ၊ ခံစားချက်နှင့် ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေသော စကားလုံးများ (ပက စ. ၁၆၃ ¶၁–စ. ၁၆၄ ¶၂)
နံပါတ် ၁–ယေဟောဝါ၏စကားတော်သည် ကျွန်ုပ်တို့ကိုသန့်ရှင်းစေပြီး တည်ကြည်မှုရှိစေ (က၀၅ ၄/၁၅ စစ. ၁၁-၁၂ ¶၅-၁၁)
နံပါတ် ၂–ဟေရှာယ ၅၀:၁-၁၁
နံပါတ် ၃–ဘိုးဘေးကိုးကွယ်ခြင်းကို ယေဟောဝါဘုရား မနှစ်သက်သည့်အကြောင်းရင်း (ကက စ. ၂၀၄)
နံပါတ် ၄–လက်ဆောင်များပေးခြင်းကို သမ္မာကျမ်းစာတားမြစ်သလော
ဖေ. ၁၂ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၅၂–၅၇ သီချင်း ၁၃၉
စကားပြောအရည်အသွေး–သဒ္ဒါစည်းမျဉ်းများနှင့်အညီ ပြောဆိုခြင်း (ပက စ. ၁၆၄ ¶၃–စ. ၁၆၅ ¶၁)
နံပါတ် ၁–ယေဟောဝါ၏စကားတော်က ရဲစွမ်းသတ္တိရှိစေ (က၀၅ ၄/၁၅ စစ. ၁၂-၁၃ ¶၁၂-၁၄)
နံပါတ် ၂–ဟေရှာယ ၅၅:၁-၁၃
နံပါတ် ၃–ကိုယ်ကျိုးစွန့်ဘဝဖြင့် အသက်ရှင်ခြင်းသည် အကျိုးရှိသလော
နံပါတ် ၄–အန္တိခရစ်များကား မည်သူတို့နည်း (ကက စစ. ၄၂၉-၃၁)
ဖေ. ၁၉ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၅၈–၆၂ သီချင်း ၁၈၉
စကားပြောအရည်အသွေး–အောက်လိုင်းအသုံးပြုခြင်း (ပက စ. ၁၆၆ ¶၁–စ. ၁၆၇ ¶၂)
နံပါတ် ၁–ဟေရှာယကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၁ စစ. ၁၀-၁ ¶၃၄-၉)
နံပါတ် ၂–ဟေရှာယ ၆၀:၁-၁၄
နံပါတ် ၃–ဘုရားသခင်၏ကျွန်ဖြစ်ခြင်းသည် အဘယ်ကြောင့် နှစ်လို့ဖွယ်ဖြစ်သနည်း
နံပါတ် ၄–d အယူဖောက်ပြန်သူများကို ခွဲခြားသိမြင်ခြင်း (ကက စစ. ၃၉၇-၉ ¶၂)
ဖေ. ၂၆ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၆၃–၆၆ သီချင်း ၁၄၁
စကားပြောအရည်အသွေး–သင့်တွေးဆထားရာများကို စနစ်တကျစုစည်းပါ (ပက စ. ၁၆၇ ¶၃–စ. ၁၆၈ ¶၂)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
မတ် ၅ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၁–၄ သီချင်း ၇၀
စကားပြောအရည်အသွေး–ဟောပြောချက်အောက်လိုင်းကို ရိုးရှင်းစေပါ (ပက စ. ၁၆၈ ¶၃–စ. ၁၆၉ ¶၆)
နံပါတ် ၁–ယေရမိကျမ်း၏နိဒါန်း (ဘကမ-၀၂-၁ စစ. ၁၂-၃ ¶၁-၅)
နံပါတ် ၂–ယေရမိ ၃:၁-၁၃
နံပါတ် ၃–စစ်မှန်သောပျော်ရွှင်မှုသည် အဘယ်အရာအပေါ် မူတည်သနည်း
နံပါတ် ၄–e အယူဖောက်ပြန်သူများကို ကျွန်ုပ်တို့ မည်သို့သဘောထားသင့်သနည်း (ကက စ. ၃၉၉ ¶၃–စ. ၄၀၀ ¶၄)
မတ် ၁၂ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၅–၇ သီချင်း ၁၅၉
စကားပြောအရည်အသွေး–အကြောင်းအရာကို ကျိုးကြောင်းဆီလျော်စွာ အဆင့်ဆင့်တည်ဆောက်ခြင်း (ပက စ. ၁၇၀ ¶၁–စ. ၁၇၁ ¶၃)
နံပါတ် ၁–အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း (ပက စ. ၄၇ ¶၁–စ. ၄၉ ¶၁)
နံပါတ် ၂–ယေရမိ ၅:၁-၁၄
နံပါတ် ၃–ခရစ်တော်သည် ချာ့ချ်ကို ပေတရုအပေါ်မတည်ဆောက်ခဲ့ (ကက စစ. ၁၂၀-၂ ¶၂)
နံပါတ် ၄–ထွက်မြောက်ရာ ၁၄:၁၁ မှ သင်ခန်းစာကို ကျွန်ုပ်တို့ခေတ်တွင် ကျင့်သုံးခြင်း
မတ် ၁၉ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၈–၁၁ သီချင်း ၁၈၂
စကားပြောအရည်အသွေး–အကြောင်းအရာကို ကျိုးကြောင်းဆီလျော်စွာတင်ဆက်ခြင်း (ပက စ. ၁၇၁ ¶၄–စ. ၁၇၂ ¶၆)
နံပါတ် ၁–လုပ်ငန်းတော်အစည်းအဝေးနှင့် အခြားဟောပြောချက်များအတွက် ကြိုတင်ပြင်ဆင်ခြင်း (ပက စ. ၄၉ ¶၂–စ. ၅၁ ¶၂)
နံပါတ် ၂–ယေရမိ ၁၀:၁-၁၆
နံပါတ် ၃–အာဗြဟံ၊ ယောဘနှင့် ဒံယေလတို့သည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း
နံပါတ် ၄–ပေတရုအသုံးပြုခဲ့သည့်သော့များကား အဘယ်နည်း (ကက စ. ၁၂၂ ¶၃–စ. ၁၂၅ ¶၁)
မတ် ၂၆ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၁၂–၁၆ သီချင်း ၂၀၅
စကားပြောအရည်အသွေး–အံဝင်သောအကြောင်းကိုသာ အသုံးပြုခြင်း (ပက စ. ၁၇၃ ¶၁-၄)
နံပါတ် ၁–ရွေးနုတ်ဖိုးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားဖော်ပြ (က၀၅ ၁၁/၁ စစ. ၁၃-၁၄)
နံပါတ် ၂–ယေရမိ ၁၂:၁-၁၃
နံပါတ် ၃–“တမန်တော်များကိုဆက်ခံသူများ” သည် ခရစ်ယာန်စစ်များမဟုတ် (ကက စ. ၁၂၅ ¶၂–စ. ၁၂၇ ¶၅)
နံပါတ် ၄–ခရစ်ယာန်တစ်ဦးသည် အဘယ်နည်းဖြင့် ဂုဏ်ယူဝင့်ကြွားသင့်သနည်း
ဧပြီ ၂ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၁၇–၂၁ သီချင်း ၃၀
စကားပြောအရည်အသွေး–လက်တန်းဟောပြောခြင်း (ပက စ. ၁၇၄ ¶၁–စ. ၁၇၅ ¶၅)
နံပါတ် ၁–လူထုဟောပြောချက်များ ပြင်ဆင်ခြင်း (ပက စ. ၅၂ ¶၁–စ. ၅၄ ¶၁)
နံပါတ် ၂–ယေရမိ ၂၀:၁-၁၃
နံပါတ် ၃–အာမဂေဒုန်စစ်ပွဲသည် မည်သည့်နေရာတွင် ဖြစ်မည်နည်း (ကက စစ. ၄၁၃-၅ ¶၆)
နံပါတ် ၄–f ဆုံးမစကားကို မည်သို့ရှုမြင်သင့်သနည်း
ဧပြီ ၉ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၂၂–၂၄ သီချင်း ၁၈၄
စကားပြောအရည်အသွေး–လက်တန်းဟောပြောချက်၏ အန္တရာယ်ထောင်ချောက်များကို ရှောင်ကြဉ်ခြင်း (ပက စ. ၁၇၅ ¶၆–စ. ၁၇၇ ¶၁)
နံပါတ် ၁–ဟောပြောသူ၏ဆုံးဖြတ်ချက်များ (ပက စ. ၅၄ ¶၂-၄; စ. ၅၅၊ လေးထောင့်ကွက်)
နံပါတ် ၂–ယေရမိ ၂၃:၁-၁၄
နံပါတ် ၃–ဓမ္မအမှုတွင်ပါဝင်ခြင်းက အဘယ်ကြောင့်ရွှင်လန်းစေ
နံပါတ် ၄–အာမဂေဒုန်တွင် မည်သူများနှင့် မည်သည့်အရာများဖျက်ဆီးခံရမည်နည်း (ကက စ. ၄၁၅ ¶၇–စ. ၄၁၆ ¶၄)
ဧပြီ ၁၆ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၂၅–၂၈ သီချင်း ၂၇
စကားပြောအရည်အသွေး–အခြားသူများက ရှင်းပြပေးရန် တောင်းဆိုသည့်အခါ (ပက စ. ၁၇၇ ¶၂–စ. ၁၇၈ ¶၂)
နံပါတ် ၁–သွန်သင်သူတစ်ဦးအဖြစ် စွမ်းရည်ကို တိုးတက်စေပါ (ပက စ. ၅၆ ¶၁–စ. ၅၇ ¶၂)
နံပါတ် ၂–ယေရမိ ၂၆:၁-၁၅
နံပါတ် ၃–အာမဂေဒုန်ကို မည်သူကပ်ကျော်မည်နည်း (ကက စ. ၄၁၆ ¶၅–စ. ၄၁၇ ¶၂)
နံပါတ် ၄–မြေကြီးသည် အဘယ်နည်းဖြင့် ကျိန်ခြင်းခံခဲ့ရသနည်း (က. ၃:၁၇)
ဧပြီ ၂၃ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၂၉–၃၁ သီချင်း ၁၄၈
စကားပြောအရည်အသွေး–စကားလက်ဆုံပြောဆိုပုံ (ပက စ. ၁၇၉-၈၀)
နံပါတ် ၁–ကွဲပြားခြားနားမှုကိုပြပါ (ပက စ. ၅၇ ¶၃–စ. ၅၈ ¶၂)
နံပါတ် ၂–ယေရမိ ၃၁:၁-၁၄
နံပါတ် ၃–ယေဟောဝါ၏ကြီးမြတ်မှုသည် အဘယ်ကြောင့် အတိုင်းအဆမဲ့ဖြစ်သနည်း
နံပါတ် ၄–အာမဂေဒုန်—ဘုရားသခင့်မေတ္တာတော်ကို မချေဖျက် (ကက စ. ၄၁၇ ¶၃-၅)
ဧပြီ ၃၀ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၃၂–၃၄ သီချင်း ၁၀၀
စကားပြောအရည်အသွေး–အသံအရည်အသွေး (ပက စ. ၁၈၁ ¶၁-၄)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
မေ ၇ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၃၅–၃၈ သီချင်း ၁၆၅
စကားပြောအရည်အသွေး–ထွက်သက်ဝင်သက်ကို လျောက်ပတ်စွာထိန်းပေးပါ (ပက စ. ၁၈၁ ¶၅–စ. ၁၈၄ ¶၁; စ. ၁၈၂၊ လေးထောင့်ကွက်)
နံပါတ် ၁–နားထောင်သူများကို စဉ်းစားရန် အားပေးပါ (ပက စ. ၅၈ ¶၃–စ. ၅၉ ¶၃)
နံပါတ် ၂–ယေရမိ ၃၆:၁-၁၃
နံပါတ် ၃–အာမဂေဒုန်တွင် ကြားနေ၍မဖြစ်နိုင် (ကက စ. ၄၁၇ ¶၆–စ. ၄၁၈ ¶၂)
နံပါတ် ၄–ခရစ်ယာန်များသည် မသေချာမှုကို မည်သို့အောင်မြင်စွာဖြေရှင်းနိုင်
မေ ၁၄ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၃၉–၄၃ သီချင်း ၅၆
စကားပြောအရည်အသွေး–တင်းနေသောကြွက်သားများကို ဖြေလျှော့ထားခြင်း (ပက စ. ၁၈၄ ¶၂–စ. ၁၈၅ ¶၃; စ. ၁၈၄၊ လေးထောင့်ကွက်)
နံပါတ် ၁–သက်ဆိုင်ပုံကိုတင်ပြပြီး ပုံသက်သေကောင်းပြပါ (ပက စ. ၆၀ ¶၁–စ. ၆၁ ¶၃)
နံပါတ် ၂–ယေရမိ ၃၉:၁-၁၄
နံပါတ် ၃–မည်သူ့သြဇာက တိုင်းနိုင်ငံများကို အာမဂေဒုန်စစ်ပွဲသို့ တွန်းပို့ပေးနေသနည်း (ကက စ. ၄၁၈ ¶၃-၄)
နံပါတ် ၄–g ခရစ်ယာန်စစ်များသည် အဘယ်ကြောင့် ကိုယ်ကျင့်တရားစင်ကြယ်စွာ ပိုးပန်းကြ
မေ ၂၁ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၄၄–၄၈ သီချင်း ၁၂၂
စကားပြောအရည်အသွေး–အခြားသူများအား စိတ်ဝင်စားမှုပြခြင်း (ပက စ. ၁၈၆ ¶၁-၄)
နံပါတ် ၁–စကားလက်ဆုံပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ (ပက စ. ၆၂ ¶၁–စ. ၆၄ ¶၁)
နံပါတ် ၂–ယေရမိ ၄၆:၁-၁၇
နံပါတ် ၃–မိမိကိုယ်ကိုလှည့်စားခြင်းဟူသည် အဘယ်နည်း၊ ယင်းကို မည်သို့ရှောင်ရှားနိုင်သနည်း
နံပါတ် ၄–ဗျာဒိတ်ကျမ်းပါ ဗာဗုလုန်ကိုခွဲခြားသိမြင်ခြင်း (ကက စ. ၂၀၅ ¶၁-၂)
မေ ၂၈ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၄၉–၅၀ သီချင်း ၉၅
စကားပြောအရည်အသွေး–အာရုံစိုက်နားထောင်ခြင်း (ပက စ. ၁၈၇ ¶၁-၅)
နံပါတ် ၁–စကားလက်ဆုံဆက်နွှဲနိုင်ပုံ (ပက စ. ၆၄ ¶၂–စ. ၆၅ ¶၄)
နံပါတ် ၂–ယေရမိ ၄၉:၁၄-၂၇
နံပါတ် ၃–ရှေးဗာဗုလုန်သည် မည်သည့်အရာများကြောင့် ကျော်ကြားခဲ့သနည်း (ကက စ. ၂၀၅ ¶၃–စ. ၂၀၇ ¶၅)
နံပါတ် ၄–မိဘများသည် သားသမီးများကို အဘယ်ကြောင့် စာဖတ်ပြသင့်သနည်း
ဇွန် ၄ ကျမ်းစာဖတ်ရှုခြင်း–ယေရမိ ၅၁–၅၂ သီချင်း ၁၆၆
စကားပြောအရည်အသွေး–အခြားသူများ တိုးတက်လာစေရန် ကူညီပါ (ပက စ. ၁၈၇ ¶၆–စ. ၁၈၈ ¶၃)
နံပါတ် ၁–ယေရမိကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၁ စစ. ၁၃-၄ ¶၃၆-၉)
နံပါတ် ၂–ယေရမိ ၅၂:၁-၁၆
နံပါတ် ၃–ဘုရားသခင်ထံမှ အမှီအခိုကင်းကင်းနေခြင်းသည် မိုက်မဲ
နံပါတ် ၄–ခရစ်ယာန်အမည်ခံဘာသာရေးများသည် အဘယ်ကြောင့် မဟာဗာဗုလုန်၏အစိတ်အပိုင်းဖြစ် (ကက စ. ၂၀၈ ¶၁–စ. ၂၀၉ ¶၁)
ဇွန် ၁၁ ကျမ်းစာဖတ်ရှုခြင်း–ယေရမိမြည်တမ်းစကား ၁–၂ သီချင်း ၁၂၉
စကားပြောအရည်အသွေး–လက်တွေ့ကျအကူအညီပေးပါ (ပက စ. ၁၈၈ ¶၄–စ. ၁၈၉ ¶၄)
နံပါတ် ၁–ယေရမိမြည်တမ်းစကား၏နိဒါန်း (ဘကမ-၀၂-၁ စစ. ၁၄-၅ ¶၁-၇)
နံပါတ် ၂–ယေရမိမြည်တမ်းစကား ၂:၁-၁၀
နံပါတ် ၃–မဟာဗာဗုလုန်မှထွက်ရန် အဘယ်ကြောင့် အရေးတကြီးလိုအပ် (ကက စ. ၂၀၉ ¶၂-၇)
နံပါတ် ၄–စစ်မှန်သောကြင်နာမှုသည် အဘယ်ကြောင့် ပျော့ညံ့မှုမဟုတ်
ဇွန် ၁၈ ကျမ်းစာဖတ်ရှုခြင်း–ယေရမိမြည်တမ်းစကား ၃–၅ သီချင်း ၁၄၀
စကားပြောအရည်အသွေး–အခြားသူများအား ရိုသေလေးစားမှုပြခြင်း (ပက စ. ၁၉၀ ¶၁–စ. ၁၉၁ ¶၁)
နံပါတ် ၁–ယေရမိမြည်တမ်းစကား—အဘယ်ကြောင့်အကျိုးရှိ (ဘကမ-၀၂-၁ စစ. ၁၅-၆ ¶၁၃-၁၅)
နံပါတ် ၂–ယေရမိမြည်တမ်းစကား ၄:၁-၁၃
နံပါတ် ၃–နှစ်ခြင်းသည် အဘယ်အရာဖြစ်ပြီး ယုံကြည်သူများ အဘယ်ကြောင့်နှစ်ခြင်းခံရ (ကက စ. ၁၇၅ ¶၂–စ. ၁၇၆ ¶၁)
နံပါတ် ၄–h ခရစ်ယာန်စစ်များသည် နိုင်ငံရေးတွင် အဘယ်ကြောင့်မပါဝင်ကြ
ဇွန် ၂၅ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၁–၅ သီချင်း ၁
စကားပြောအရည်အသွေး–ရိုသေလေးစားသော အသိအမှတ်ပြုမှု (ပက စ. ၁၉၁ ¶၂–စ. ၁၉၂ ¶၁)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
ဇူ. ၂ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၆–၁၀ သီချင်း ၂၆
စကားပြောအရည်အသွေး–ရိုသေလေးစားဖွယ် ဟောပြောပုံ (ပက စ. ၁၉၂ ¶၂–စ. ၁၉၃ ¶၂)
နံပါတ် ၁–ယေဇကျေလကျမ်း၏နိဒါန်း (ဘကမ-၀၂-၁ စစ. ၁၆-၇ ¶၁-၆)
နံပါတ် ၂–ယေဇကျေလ ၇:၁-၁၃
နံပါတ် ၃–ယေဟောဝါထံချဉ်းကပ်ရန် အဘယ်အရာလိုအပ် (ယာ. ၄:၈)
နံပါတ် ၄–ခရစ်ယာန်နှစ်ခြင်းသည် ရေဖျန်းခြင်းအားဖြင့်မဟုတ်၊ နို့စို့သူငယ်များအတွက်မဟုတ် (ကက စ. ၁၇၆ ¶၂-၇)
ဇူ. ၉ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၁၁–၁၄ သီချင်း ၁၁၂
စကားပြောအရည်အသွေး–အခိုင်အမာယုံကြည်ချက်ဖြင့် ပြောဆိုခြင်း (ပက စ. ၁၉၄ ¶၁–စ. ၁၉၅ ¶၂)
နံပါတ် ၁–ကောင်းမှုပြုရာတွင် လက်မလျှော့ကြနှင့် (က၀၅ ၆/၁ စစ. ၂၉-၃၀)
နံပါတ် ၂–ယေဇကျေလ ၁၁:၁-၁၃
နံပါတ် ၃–ရေနှစ်ခြင်းသည် အပြစ်များကိုဆေးကြောပေးသလော (ကက စ. ၁၇၆ ¶၈–စ. ၁၇၇ ¶၃)
နံပါတ် ၄–ဗျာဒိတ် ၁၇:၉-၁၁ ကို မည်သို့နားလည်ရမည်နည်း
ဇူ. ၁၆ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၁၅–၁၇ သီချင်း ၂၉
စကားပြောအရည်အသွေး–အခိုင်အမာယုံကြည်ချက်ကို ထင်ရှားပြသည့်နည်း (ပက စ. ၁၉၅ ¶၃–စ. ၁၉၆ ¶၄)
နံပါတ် ၁–မှားယွင်းသောအတွေးအခေါ်ကို တွန်းလှန်လော့ (က၀၅ ၉/၁၅ စစ. ၂၆-၈)
နံပါတ် ၂–ယေဇကျေလ ၁၆:၁-၁၃
နံပါတ် ၃–သမ္မာသတိရှိခြင်းဟူသည် အဘယ်နည်း (သု. ၁၃:၁၆)
နံပါတ် ၄–မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံသနည်း (ကက စ. ၁၇၇ ¶၄–စ. ၁၇၈ ¶၆)
ဇူ. ၂၃ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၁၈–၂၀ သီချင်း ၁၉၃
စကားပြောအရည်အသွေး–ခိုင်မာလျက်နှင့် လိမ္မာပါးနပ်ခြင်း (ပက စ. ၁၉၇ ¶၁-၃)
နံပါတ် ၁–မေးမြန်းသူ၏ရှုမြင်ပုံကို ပိုင်းခြားသိမြင်ခြင်း (ပက စ. ၆၆ ¶၁–စ. ၆၈ ¶၁)
နံပါတ် ၂–ယေဇကျေလ ၁၈:၁၉-၂၉
နံပါတ် ၃–မီးနှစ်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံခြင်းနှင့်မတူ (ကက စ. ၁၇၉ ¶၁-၅)
နံပါတ် ၄–ဘုရားသခင့်နိုင်ငံတော်သည် အမှန်တကယ်ရှိသောအစိုးရဖြစ်ကြောင်း ဖော်ပြသည့် သာဓက
ဇူ. ၃၀ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၂၁–၂၃ သီချင်း ၃၅
စကားပြောအရည်အသွေး–သက်သေခံသည့်အခါ လိမ္မာပါးနပ်မှုရှိခြင်း (ပက စ. ၁၉၇ ¶၄–စ. ၁၉၈ ¶၅)
နံပါတ် ၁–မည်သို့ဖြေဆိုရမည်ကို သိနားလည်ပါ (ပက စ. ၆၈ ¶၂–စ. ၇၀ ¶၃)
နံပါတ် ၂–ယေဇကျေလ ၂၃:၁-၁၇
နံပါတ် ၃–သမ္မာကျမ်းစာကိုသုံးသပ်သင့်သော အကြောင်းရင်းများ (ကက စစ. ၃၄၀-၂ ¶၃)
နံပါတ် ၄–ကြီးမြတ်မှုအပေါ် လျောက်ပတ်သောအမြင်ကား အဘယ်နည်း
သြ. ၆ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၂၄–၂၇ သီချင်း ၃၇
စကားပြောအရည်အသွေး–တော်မှန်သည့်အချိန်တွင် တော်မှန်သည့်စကားများ (ပက စ. ၁၉၉ ¶၁-၄)
နံပါတ် ၁–စာများဖြင့် ဆက်သွယ်ပြောဆိုခြင်း (ပက စစ. ၇၁-၃)
နံပါတ် ၂–ယေဇကျေလ ၂၄:၁-၁၄
နံပါတ် ၃–မောရှေသည် ခရစ်ယာန်များအတွက် အဘယ်နည်းများဖြင့် အကောင်းဆုံးပုံသက်သေဖြစ်သနည်း
နံပါတ် ၄–သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရကြောင်း ဟေရှာယနှင့် ယေရမိကျမ်းမှ သက်သေအထောက်အထား (ကက စ. ၃၄၂ ¶၄–စ. ၃၄၃ ¶၃)
သြ. ၁၃ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၂၈–၃၁ သီချင်း ၁၂၃
စကားပြောအရည်အသွေး–မိသားစုနှင့်အခြားသူများအပေါ် လိမ္မာပါးနပ်မှုရှိခြင်း (ပက စ. ၂၀၀ ¶၁-၄)
နံပါတ် ၁–အဆင့်ဆင့်တိုးတက်သွားပါ (ပက စ. ၇၄ ¶၁–စ. ၇၅ ¶၃)
နံပါတ် ၂–ယေဇကျေလ ၂၈:၁-၁၆
နံပါတ် ၃–ယေရှု၏ပရောဖက်ပြုချက်များပြည့်စုံခြင်းက သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရကြောင်းသက်သေထူ (ကက စ. ၃၄၄ ¶၁-၂)
နံပါတ် ၄–သမ္မာကျမ်းစာတွင် “မုန်းသည်” ဟူသောစကားလုံးက အဘယ်အရာကိုဆိုလိုသနည်း
သြ. ၂၀ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၃၂–၃၄ သီချင်း ၂၁၅
စကားပြောအရည်အသွေး–တည်ဆောက်ပေးခြင်းနှင့် အပြုသဘောဆောင်ခြင်း (ပက စ. ၂၀၂ ¶၁–စ. ၂၀၃ ¶၂)
နံပါတ် ၁–သင့်ဆုကျေးဇူးကို အသုံးပြုပါ (ပက စ. ၇၅ ¶၄–စ. ၇၇ ¶၂)
နံပါတ် ၂–ယေဇကျေလ ၃၄:၁-၁၄
နံပါတ် ၃–ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို မည်သို့ကူညီသနည်း
နံပါတ် ၄–သမ္မာကျမ်းစာသည် သိပ္ပံပညာနှင့်ညီညွတ် (ကက စ. ၃၄၄ ¶၃–စ. ၃၄၆ ¶၃)
သြ. ၂၇ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၃၅–၃၈ သီချင်း ၉၄
စကားပြောအရည်အသွေး–အပြုသဘောလေသံကို ဆက်ထိန်းထားခြင်း (ပက စ. ၂၀၃ ¶၃–စ. ၂၀၄ ¶၁)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
စက်. ၃ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၃၉–၄၁ သီချင်း ၁၉၄
စကားပြောအရည်အသွေး–ယုံကြည်သူချင်းများနှင့် စကားလက်ဆုံပြောဆိုချိန် (ပက စ. ၂၀၄ ¶၂–စ. ၂၀၅ ¶၄)
နံပါတ် ၁–ဘုရားသခင့်စကားတော်ကို အဘယ်ကြောင့် နှစ်သက်စွဲလမ်းရမည်နည်း (က၀၅ ၄/၁၅ စစ. ၁၅-၆ ¶၃-၆)
နံပါတ် ၂–ယေဇကျေလ ၄၀:၁-၁၅
နံပါတ် ၃–လူတို့သည် ဘုရားသခင့်စိတ်တော်ကို အမှန်တကယ် ရွှင်လန်းစေနိုင်သလော
နံပါတ် ၄–i သမ္မာကျမ်းစာနှင့်ပတ်သက်၍ ကန့်ကွက်ချက်များကိုတုံ့ပြန်ခြင်း (ကက စ. ၃၄၆ ¶၄–စ. ၃၅၀ ¶၁)
စက်. ၁၀ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၄၂–၄၅ သီချင်း ၇၇
စကားပြောအရည်အသွေး–လေးနက်စေရန် ထပ်မံပြောဆိုခြင်း (ပက စ. ၂၀၆ ¶၁-၄)
နံပါတ် ၁–အသက်ကြီးရင့်ခြင်းက “အလှသရဖူ” ဖြစ်လာချိန်ဝယ် (က၀၅ ၁/၁၅ စစ. ၈-၉)
နံပါတ် ၂–ယေဇကျေလ ၄၃:၁-၁၂
နံပါတ် ၃–ခရစ်ယာန်များသည် မွေးနေ့ပွဲများကို အဘယ်ကြောင့်မကျင်းပ (ကက စစ. ၂၃၂-၃ ¶၄)
နံပါတ် ၄–j “သူစိမ်းတို့၏စကားသံ” ကို ကျွန်ုပ်တို့ မည်သို့သိရှိနိုင်သနည်း (ယောဟန် ၁၀:၅၊ ကဘ)
စက်. ၁၇ ကျမ်းစာဖတ်ရှုခြင်း–ယေဇကျေလ ၄၆–၄၈ သီချင်း ၁၆၄
စကားပြောအရည်အသွေး–လယ်ကွင်းဓမ္မအမှုနှင့် ဟောပြောချက်များပေးချိန်တွင် ထပ်မံပြောဆိုခြင်း (ပက စ. ၂၀၇ ¶၁–စ. ၂၀၈ ¶၄)
နံပါတ် ၁–ယေဇကျေလကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၁ စ. ၁၈ ¶၂၉-၃၃)
နံပါတ် ၂–ယေဇကျေလ ၄၇:၁-၁၄
နံပါတ် ၃–ခရစ်ယာန်များသည် သွေးကို အဘယ်ကြောင့်ရှောင်ကြသနည်း (ကက စစ. ၃၇၃-၅ ¶၃)
နံပါတ် ၄–k ကြွယ်ဝသောဝိညာဏအမွေအနှစ်သည် မိဘများပေးနိုင်သမျှတွင် အဘယ်ကြောင့် အကောင်းဆုံးအမွေဖြစ်
စက်. ၂၄ ကျမ်းစာဖတ်ရှုခြင်း–ဒံယေလ ၁–၃ သီချင်း ၁၇၉
စကားပြောအရည်အသွေး–အဓိကအကြောင်းကို အဆင့်ဆင့်တည်ဆောက်ခြင်း (ပက စ. ၂၀၉ ¶၁-၃)
နံပါတ် ၁–ဒံယေလကျမ်း၏နိဒါန်း (ဘကမ-၀၂-၁ စစ. ၁၉-၂၀ ¶၁-၆)
နံပါတ် ၂–ဒံယေလ ၂:၁-၁၆
နံပါတ် ၃–၁၄၄,၀၀၀ အရေအတွက်ကို အဘယ်ကြောင့် စာသားအတိုင်းယူရ (ဗျာ. ၇:၄)
နံပါတ် ၄–ခရစ်ယာန်စစ်များသည် သွေးသွင်းခြင်းကို အဘယ်ကြောင့်လက်မခံကြ (ကက စ. ၃၇၅ ¶၄–စ. ၃၇၆ ¶၄)
အောက်. ၁ ကျမ်းစာဖတ်ရှုခြင်း–ဒံယေလ ၄–၆ သီချင်း ၁၄
စကားပြောအရည်အသွေး–ဆီလျော်သောအဓိကအကြောင်းကို အသုံးပြုခြင်း (ပက စ. ၂၁၀ ¶၁–စ. ၂၁၁ ¶၁; စ. ၂၁၁၊ လေးထောင့်ကွက်)
နံပါတ် ၁–အဘယ်အခါမျိုးတွင် အမျက်ထွက်သင့်သနည်း (က၀၅ ၈/၁ စစ. ၁၃-၁၅)
နံပါတ် ၂–ဒံယေလ ၄:၁-၁၇
နံပါတ် ၃–မေဖိဗောရှက်၏အရည်အသွေးကောင်းများကို ကျွန်ုပ်တို့မည်သို့အတုယူနိုင်သနည်း
နံပါတ် ၄–l သွေးသွင်းခြင်းနှင့်ပတ်သက်၍ အခိုင်အမာပြောဆိုချက်များကို တုံ့ပြန်ခြင်း (ကက စ. ၃၇၇ ¶၁–စ. ၃၇၉ ¶၂)
အောက်. ၈ ကျမ်းစာဖတ်ရှုခြင်း–ဒံယေလ ၇–၉ သီချင်း ၃၄
စကားပြောအရည်အသွေး–အဓိကအချက်များကို ပေါ်လွင်စေခြင်း (ပက စ. ၂၁၂ ¶၁–စ. ၂၁၃ ¶၁)
နံပါတ် ၁–ယေဟောဝါ၏ “စကားတော်” သည် သင့်ကို ကာကွယ်စောင့်ရှောက်ပါစေ (က၀၅ ၉/၁ စစ. ၂၈-၃၁)
နံပါတ် ၂–ဒံယေလ ၇:၁-၁၂
နံပါတ် ၃–ဒုတိယမွေးခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း (ကက စစ. ၁၃၁-၂ ¶၆)
နံပါတ် ၄–လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းမှ အဘယ်အထူးပျော်ရွှင်မှုရရှိသနည်း
အောက်. ၁၅ ကျမ်းစာဖတ်ရှုခြင်း–ဒံယေလ ၁၀–၁၂ သီချင်း ၂၁၀
စကားပြောအရည်အသွေး–အဓိကအချက် မများလွန်းပါစေနှင့် (ပက စ. ၂၁၃ ¶၂–စ. ၂၁၄ ¶၅)
နံပါတ် ၁–ဒံယေလကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၁ စ. ၂၁ ¶၁၉-၂၃)
နံပါတ် ၂–ဒံယေလ ၁၁:၁-၁၄
နံပါတ် ၃–နှိမ့်ချမှုသည် နားလည်မှုလွဲခြင်းကို မည်သို့ပြေလည်စေနိုင်
နံပါတ် ၄–ကယ်တင်ခြင်းသည် “ဒုတိယမွေးခြင်း” ခံရခြင်းအပေါ်မမူတည် (ကက စ. ၁၃၂ ¶၇–စ. ၁၃၄ ¶၁)
အောက်. ၂၂ ကျမ်းစာဖတ်ရှုခြင်း–ဟောရှေ ၁–၇ သီချင်း ၆၆
စကားပြောအရည်အသွေး–စိတ်ဝင်စားမှုနှိုးဆွသောနိဒါန်း (ပက စ. ၂၁၅ ¶၁–စ. ၂၁၆ ¶၅)
နံပါတ် ၁–ဟောရှေကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၁ စစ. ၂၂-၄ ¶၁-၈၊ ၁၄-၁၇)
နံပါတ် ၂–ဟောရှေ ၅:၁-၁၅
နံပါတ် ၃–a ဒုတိယမွေးခြင်းခံရခြင်းနှင့်ပတ်သက်၍ ရှုမြင်ပုံများကိုတုံ့ပြန်ခြင်း (ကက စ. ၁၃၄ ¶၃–စ. ၁၃၅ ¶၂)
နံပါတ် ၄–ခရစ်ယာန်စစ်များ စိတ်ရှည်သည်းခံမှုတင်ပြနိုင်သည့် နည်းလမ်းများ
အောက်. ၂၉ ကျမ်းစာဖတ်ရှုခြင်း–ဟောရှေ ၈–၁၄ သီချင်း ၅၉
စကားပြောအရည်အသွေး–လယ်ကွင်းဓမ္မအမှုတွင် လူတို့၏အာရုံစူးစိုက်မှုကို ရရှိခြင်း (ပက စ. ၂၁၇ ¶၁-၄)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
နို. ၅ ကျမ်းစာဖတ်ရှုခြင်း–ယောလ ၁–၃ သီချင်း ၁၆၆
စကားပြောအရည်အသွေး–နိဒါန်းတွင် သင့်အကြောင်းအရာကို သတ်သတ်မှတ်မှတ်ဖော်ပြခြင်း (ပက စ. ၂၁၇ ¶၅–စ. ၂၁၉ ¶၃)
နံပါတ် ၁–ယောလကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၂ စစ. ၄-၅ ¶၁-၅၊ ၁၂-၁၄)
နံပါတ် ၂–ယောလ ၂:၁-၁၄
နံပါတ် ၃–“စုံလင်သောမေတ္တာ” ရှိခြင်းဟူသည် အဘယ်အရာကိုဆိုလို (၁ ယော. ၄:၁၈)
နံပါတ် ၄–ဘုန်းကြီးများထံဝန်ခံခြင်း—အဘယ်ကြောင့် ကျမ်းစာနှင့်မညီသနည်း (ကက စစ. ၃၁၆ ¶၃–စ. ၃၁၇ ¶၈)
နို. ၁၂ ကျမ်းစာဖတ်ရှုခြင်း–အာမုတ် ၁–၉ သီချင်း ၂၁၁
စကားပြောအရည်အသွေး–ထိရောက်သောနိဂုံး (ပက စ. ၂၂၀ ¶၁-၃)
နံပါတ် ၁–အာမုတ်ကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၂ စစ. ၆-၈ ¶၁-၆၊ ၁၃-၁၇)
နံပါတ် ၂–အာမုတ် ၂:၁-၁၆
နံပါတ် ၃–အတွေ့အကြုံသည် အကောင်းဆုံးဆရာသမား အဘယ်ကြောင့်မဖြစ်နိုင်
နံပါတ် ၄–ဘုရားသခင်နှင့် လူကိုပြစ်မှားသောအပြစ်များ ဝန်ခံခြင်း (ကက စ. ၃၁၉ ¶၁-၇)
နို. ၁၉ ကျမ်းစာဖတ်ရှုခြင်း–ဩဗဒိ ၁–ယောန ၄ သီချင်း ၂၂၀
စကားပြောအရည်အသွေး–စိတ်တွင်စွဲမှတ်ထားရန်အချက်များ (ပက စ. ၂၂၀ ¶၄–စ. ၂၂၁ ¶၄)
နံပါတ် ၁–ဩဗဒိကျမ်းနှင့် ယောနကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၂ စစ. ၈-၁၂)
နံပါတ် ၂–ယောန ၁:၁-၁၇
နံပါတ် ၃–ဝိညာဏပရဒိသုသည် မြေကြီးပရဒိသုမတိုင်မီ အဘယ်ကြောင့်တည်ရှိရ
နံပါတ် ၄–b ကြီးလေးသောအပြစ်များကို အကြီးအကဲများထံ အဘယ်ကြောင့်ဝန်ခံသင့်သနည်း (ကက စ. ၃၁၉ ¶၈–စ. ၃၂၀ ¶၄)
နို. ၂၆ ကျမ်းစာဖတ်ရှုခြင်း–မိက္ခာ ၁–၇ သီချင်း ၁၈
စကားပြောအရည်အသွေး–လယ်ကွင်းဓမ္မအမှုတွင် (ပက စ.၂၂၁ ¶၅–စ. ၂၂၂ ¶၆)
နံပါတ် ၁–မိက္ခာကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၂ စစ. ၁၃-၅ ¶၁-၈၊ ၁၆-၁၉)
နံပါတ် ၂–မိက္ခာ ၂:၁-၁၃
နံပါတ် ၃–နူးညံ့သိမ်မွေ့ရမည်ဟုဆိုရာတွင် ဘာကိုဆိုလို
နံပါတ် ၄–ဖန်ဆင်းခြင်းကိုယုံခြင်းသည် အဘယ်ကြောင့်ဆင်ခြင်ဉာဏ်ရှိရာရောက် (ကက စစ. ၁၇၁-၂ ¶၂)
ဒီ. ၃ ကျမ်းစာဖတ်ရှုခြင်း–နာဟုံ ၁–ဟဗက္ကုတ် ၃ သီချင်း ၁၃၇
စကားပြောအရည်အသွေး–တင်ပြချက်တိကျမှု (ပက စ. ၂၂၃ ¶၁-၅)
နံပါတ် ၁–နာဟုံကျမ်းနှင့် ဟဗက္ကုတ်ကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၂ စစ. ၁၆-၂၁)
နံပါတ် ၂–ဟဗက္ကုတ် ၁:၁-၁၇
နံပါတ် ၃–ဖန်ဆင်းခြင်းဆိုင်ရာကျမ်းစာမှတ်တမ်းကို သဘောပေါက်နားလည်ခြင်း (ကက စ. ၁၇၃ ¶၁–စ. ၁၇၅ ¶၁)
နံပါတ် ၄–ထာဝရအသက်သည် အဘယ်ကြောင့် ငြီးငွေ့စရာမဟုတ်
ဒီ. ၁၀ ကျမ်းစာဖတ်ရှုခြင်း–ဇေဖနိ ၁–ဟဂ္ဂဲ ၂ သီချင်း ၇၈
စကားပြောအရည်အသွေး–“သစ္စာစကားတော်ကို ခိုင်မြဲစွာစွဲကိုင်ခြင်း” (ပက စ. ၂၂၄ ¶၁-၄)
နံပါတ် ၁–ဇေဖနိကျမ်းနှင့် ဟဂ္ဂဲကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၂ စစ. ၂၁-၆)
နံပါတ် ၂–ဇေဖနိ ၃:၁-၁၇
နံပါတ် ၃–လက်ဝါးကပ်တိုင်ကိုးကွယ်ခြင်းသည် အဘယ်ကြောင့် ကျမ်းစာနှင့်မညီသနည်း (ကက စ. ၃၀၃ ¶၁-၇)
နံပါတ် ၄–c ဝိညာဉ်ရေးစိတ်ဓာတ်က အိမ်ထောင်ရေးအပေါ် မည်သို့သြဇာသက်ရောက်သနည်း
ဒီ. ၁၇ ကျမ်းစာဖတ်ရှုခြင်း–ဇာခရိ ၁–၈ သီချင်း ၂၀၉
စကားပြောအရည်အသွေး–အချက်အလက်၏တိကျမှန်ကန်မှုကို စစ်ဆေးခြင်း (ပက စ. ၂၂၅ ¶၁-၃)
နံပါတ် ၁–ဇာခရိကျမ်း၏နိဒါန်း (ဘကမ-၀၂-၂ စစ. ၂၆-၈ ¶၁-၇)
နံပါတ် ၂–ဇာခရိ ၇:၁-၁၄
နံပါတ် ၃–ကိုယ်ယောင်ပြောင်းခြင်းမြင်ကွင်းသည် မည်သို့ပြည့်စုံခဲ့ပြီနည်း
နံပါတ် ၄–ရေလွှမ်းမိုးခြင်းမတိုင်မီက လူ့သက်တမ်းကို ယနေ့ကျွန်ုပ်တို့သုံးသောနည်းဖြင့် တွက်သလော (ကက စ. ၃၃၆ ¶၄–စ. ၃၃၇ ¶၂)
ဒီ. ၂၄ ကျမ်းစာဖတ်ရှုခြင်း–ဇာခရိ ၉–၁၄ သီချင်း ၂၀၂
စကားပြောအရည်အသွေး–အခြားသူများအား နားလည်သဘောပေါက်စေခြင်း (ပက စ. ၂၂၆ ¶၁–စ. ၂၂၇ ¶၁)
နံပါတ် ၁–ဇာခရိကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း၊ မာလခိကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၂-၂ စစ. ၂၈-၃၂)
နံပါတ် ၂–ဇာခရိ ၁၀:၁-၁၂
နံပါတ် ၃–ယေဟောဝါသက်သေများက ၁၉၁၄ တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခဲ့ပြီဟု အဘယ်ကြောင့်ဆိုကြသနည်း (ကက စ. ၃၃၇ ¶၃–စ. ၃၃၉ ¶၃)
နံပါတ် ၄–နှိပ်စက်ညှဉ်းပန်းခြင်းအတွက် မည်သို့ပြင်ဆင်နိုင်သနည်း
ဒီ. ၃၁ ကျမ်းစာဖတ်ရှုခြင်း–မာလခိ ၁–၄ သီချင်း ၁၁၈
စကားပြောအရည်အသွေး–အကျွမ်းမဝင်သောစကားအသုံးအနှုန်းများကို ရှင်းပြခြင်း (ပက စ. ၂၂၇ ¶၂–စ. ၂၂၈ ¶၁)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
[အောက်ခြေမှတ်ချက်များ]
a ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် ရှုမြင်ပုံများ၊ အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များအား တုံ့ပြန်ပုံများကို အချိန်ရသရွေ့ ဆွေးနွေးပါ။
b ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် ရှုမြင်ပုံများ၊ အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များအား တုံ့ပြန်ပုံများကို အချိန်ရသရွေ့ ဆွေးနွေးပါ။
c ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
d ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
e ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
f ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
g ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
h ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
i ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် ရှုမြင်ပုံများ၊ အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များအား တုံ့ပြန်ပုံများကို အချိန်ရသရွေ့ ဆွေးနွေးပါ။
j ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
k ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
l ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် ရှုမြင်ပုံများ၊ အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များအား တုံ့ပြန်ပုံများကို အချိန်ရသရွေ့ ဆွေးနွေးပါ။
a ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် ရှုမြင်ပုံများ၊ အခိုင်အမာပြောဆိုချက်များ၊ ကန့်ကွက်ချက်များအား တုံ့ပြန်ပုံများကို အချိန်ရသရွေ့ ဆွေးနွေးပါ။
b ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
c ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။