ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၆ စာ. ၁
  • ရဲရင့်သော်လည်း အသင့်အတင့်နေကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရဲရင့်သော်လည်း အသင့်အတင့်နေကြ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • အသင့်အတင့်နေထိုင်ခြင်းသည် လက်တွေ့ကျသလော
    နိုးလော့!—၂၀၀၆
  • ‘ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လေ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ဟောပြောစို့
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၁၁/၀၆ စာ. ၁

ရဲရင့်သော်လည်း အသင့်အတင့်နေကြ

၁ ကျွန်ုပ်တို့ဟောပြောရမည့်လူများစွာသည် ကျမ်းစာနှင့်ဆန့်ကျင်သော ယုံကြည်ချက်များကို စိတ်ရင်းမှန်ဖြင့် ခံယူထားကြသည်။ ကျွန်ုပ်တို့သည် ရဲရင့်စွာဟောပြောကြသော်လည်း “လူအပေါင်းတို့နှင့် အသင့်အတင့်နေ” လိုကြပြီး မလိုအပ်သောဆန့်ကျင်မှုများကို ရှောင်လိုကြသည်။ (ရော. ၁၂:၁၈; တ. ၄:၂၉၊ ၃၀) နိုင်ငံတော်သတင်းတရားကို ရဲရင့်စွာကြေညာစဉ် မည်သို့ အသင့်အတင့်နေနိုင်သနည်း။

၂ နှစ်ဦးနှစ်ဖက် သဘောတူညီချက်များကိုရှာပါ– အသင့်အတင့်နေသောသူသည် အငြင်းပွားမှုများကို ရှောင်သည်။ အိမ်ရှင်၏ခိုင်မာသောယုံကြည်ချက်များကို မလိုအပ်ဘဲ ချေပပြောဆိုခြင်းက ကျွန်ုပ်တို့၏သတင်းတရားကို လက်ခံစေမည်မဟုတ်ပါ။ သူ့ပြောဆိုချက်မှားယွင်းသည့်တိုင် သဘောတူညီမှုရနိုင်မည့်အချက်တစ်ချက်ကို လိမ္မာပါးနပ်စွာပြောပြနိုင်သည်။ နှစ်ဦးနှစ်ဖက်လက်ခံနိုင်ရာကို အလေးပေးပြောဆိုခြင်းဖြင့် အပျက်သဘောထားကို ဖယ်ရှားစေနိုင်ပြီး လူတို့၏နှလုံးကိုထိမိစေနိုင်သည်။

၃ အိမ်ရှင်၏မှားယွင်းသောအမြင်ကို လျစ်လျူရှုလိုက်ပါကအလျှော့ပေးလိုက်လျောရာ သို့မဟုတ် အမှန်တရား၏တန်ဖိုးကို လျော့ပေါ့စေရာကျသလော။ မကျပါ။ ခရစ်ယာန်ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့၏တာဝန်မှာ ကြုံတွေ့ရသည့် ယူဆချက်အမှားများကို ချေပရန်မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန်သာဖြစ်သည်။ (မ. ၂၄:၁၄) အိမ်ရှင်၏ မှားယွင်းသောအမြင်ကို လွန်ကဲစွာတုံ့ပြန်မည့်အစား ထိုသူ၏အတွေးအခေါ်ကို ထိုးထွင်းသိမြင်နိုင်သည့်အခွင့်အရေးအဖြစ် ယင်းကိုရှုမြင်ပါ။—သု. ၁၆:၂၃။

၄ ဂုဏ်သိက္ခာကို မထိပါးနှင့်– မှားယွင်းသောသွန်သင်ချက်များကို ရဲစွမ်းသတ္တိရှိရှိချေပပြောဆိုရမည့် အချိန်အခါများရှိပါသည်။ သို့သော် အသင့်အတင့်နေသောသူများအနေနှင့် ကျွန်ုပ်တို့သည် အမှားကို ယုံကြည်လက်ခံသွန်သင်သူများအား ခနဲ့သော၊ ရှုတ်ချသောအသုံးအနှုန်းများ မပြောဆိုကြပေ။ အထက်စီးဆန်သောသဘောထားက မိတ်ပျက်စေပြီး နှိမ့်ချကြင်နာသောအပြုအမူက အမှန်တရားချစ်မြတ်နိုးသူတို့၏စိတ်ကို စေ့ဆော်ပေးသည်။ နားထောင်သူများနှင့် သူတို့၏ယုံကြည်ချက်များကို လေးစားမှုတင်ပြခြင်းဖြင့် သူတို့၏ဂုဏ်သိက္ခာကို မထိပါးစေဘဲ သတင်းကောင်းလက်ခံရ လွယ်ကူစေပေမည်။

၅ တမန်တော်ပေါလုသည် မိမိဟောပြောသူများ၏ ယုံကြည်ချက်များကို ထည့်စဉ်းစားပြီး သူတို့နှလုံးကိုထိမိစေမည့်နည်းဖြင့် သတင်းကောင်းဟောပြောရန် ကြိုးစားခဲ့သည်။ (တ. ၁၇:၂၂-၃၁) သူသည် “အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလို့ငှာ” လိုလိုလားလားဖြင့် “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” ခဲ့သည်။ (၁ ကော. ၉:၂၂) သတင်းကောင်းကို ရဲရင့်စွာဟောပြောစဉ် အသင့်အတင့်နေခြင်းဖြင့် ကျွန်ုပ်တို့လည်း ထပ်တူပြုနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ