ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၇ စာ. ၅
  • အောက်မေ့ရာပွဲနှိုးဆော်ချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်မေ့ရာပွဲနှိုးဆော်ချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောက်မေ့ရာပွဲနှိုးဆော်ချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • အောက်မေ့ရာပွဲနှိုးဆော်ချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၃/၀၇ စာ. ၅

အောက်မေ့ရာပွဲနှိုးဆော်ချက်များ

ဤနှစ်အောက်မေ့ရာပွဲသည် ဧပြီ ၂ ရက်၊ တနင်္လာနေ့တွင် ကျရောက်သည်။ အကြီးအကဲများသည် အောက်ပါကိစ္စရပ်များကို အာရုံစိုက်သင့်သည်–

◼ အစည်းအဝေးအတွက် အချိန်သတ်မှတ်ရာတွင် အထိမ်းအမှတ်များကို နေမဝင်မချင်း ကမ်းပေးမည်မဟုတ်ကြောင်း သေချာစေပါ။

◼ ဟောပြောချက်ပေးသူအပါအဝင် ယောက်တိုင်းအား ပွဲတော်ကျင်းပမည့်အချိန်နှင့် နေရာအတိအကျကို အသိပေးထားသင့်သည်။

◼ သင့်လျော်သောမုန့်နှင့် စပျစ်ရည်အမျိုးအစားကို ရရှိထားသင့်ပြီး အသင့်ပြင်ထားသင့်သည်။—၂၀၀၃၊ ဖေဖော်ဝါရီ ၁၅၊ ကင်းမျှော်စင်၊ စစ. ၁၄-၁၅ ရှု။

◼ ပန်းကန်၊ ဖန်ခွက်၊ သင့်လျော်သည့်စားပွဲ၊ စားပွဲခင်းကို ခန်းမသို့ ကြိုတင်ယူထားပြီး နေရာချထားသင့်သည်။

◼ နိုင်ငံတော်ခန်းမ သို့မဟုတ် အစည်းအဝေးလုပ်မည့်အခြားနေရာကို ကြိုတင်၍ သေသေချာချာ သန့်ရှင်းရေးလုပ်ထားသင့်သည်။

◼ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ထားသင့်ပြီး သူတို့၏တာဝန်များ၊ လိုက်နာရမည့်လုပ်ထုံးလုပ်နည်း၊ သိက္ခာရှိရှိ ဝတ်စားဆင်ယင်ရန်လိုအပ်မှုတို့နှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။

◼ အိုမင်းမစွမ်းဖြစ်၍ မတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို အထိမ်းအမှတ်များဝေပေးရန် စီစဉ်ထားသင့်သည်။

◼ နိုင်ငံတော်ခန်းမတစ်ခုတည်းကို အသင်းတော်တစ်ခုထက်မက သုံးရန်စီစဉ်ပါက ခန်းမ၊ တံခါးဝ၊ လူသွားစင်္ကြံနှင့် ကားရပ်သည့်နေရာတို့တွင် မလိုအပ်ဘဲ လူများပြွတ်သိပ်မနေစေရန် အသင်းတော်အချင်းချင်း ကောင်းစွာညှိနှိုင်းဆောင်ရွက်သင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ