ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၇ စာ. ၆
  • “သင်မည်သို့ဖြေဆိုမည်နည်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သင်မည်သို့ဖြေဆိုမည်နည်း”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ စာရှုသူများထံသို့
    နိုးလော့!—၂၀၀၆
  • လေ့လာမှုသည် အကျိုးဖြစ်ထွန်းစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • စကားစမြည်စနိုင်ဖို့အတွက် အသွင်အပြင်သစ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • စာရှုသူများထံသို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၃/၀၇ စာ. ၆

“သင်မည်သို့ဖြေဆိုမည်နည်း”

၁။ မည်သည့်အခက်အခဲကို ကျွန်ုပ်တို့အများစု ရင်ဆိုင်နေရကြသနည်း။

၁ သင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ချစ်မြတ်နိုးသော်လည်း ကျမ်းစာမှတ်တမ်းများ၏ အသေးစိတ်အချက်အလက်များ သို့မဟုတ် ကျမ်းချက်များကို မှတ်မိရန် အခက်တွေ့သလော။ သင့်သားသမီးများအား သမ္မာကျမ်းစာ၏အခြေခံသွန်သင်ချက်များကို တိကျမှန်ကန်စွာ နားလည်စေလိုသလော။ လစဉ်ထုတ် နိုးလော့! စာမျက်နှာ ၂၃ ပါ “သင်မည်သို့ဖြေဆိုမည်နည်း” ဟူသောကဏ္ဍသည် လူကြီးလူငယ် အားလုံးအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပိုမိုသိကျွမ်းလာစေနိုင်သည်။—တ. ၁၇:၁၁။

၂။ “သင်မည်သို့ဖြေဆိုမည်နည်း” ဟူသောကဏ္ဍ၏ အပိုင်းအသီးသီးကို မည်သို့အသုံးပြုနိုင်မည်နည်း။

၂ ထိုကဏ္ဍကို သင်မည်သို့ ကောင်းစွာအသုံးချနိုင်မည်နည်း။ ၂၀၀၆၊ ဇန်နဝါရီလထုတ် နိုးလော့! က ဤသို့အကြံပြုသည်– “စာမျက်နှာ ၂၃ ကိုကျေးဇူးပြု၍ ခေတ္တကြည့်လိုက်ပါ။ စာမျက်နှာပါ အချို့သောအပိုင်းများကို လူငယ်များနှစ်သက်လိမ့်မည်ဖြစ်ကာ အခြားအပိုင်းများမှာ ကျမ်းစာပိုမိုတတ်ကျွမ်းသော ကျောင်းသားများအတွက် ကျမ်းစာဉာဏ်စမ်းမေးခွန်းများဖြစ်သည်။ ‘သမိုင်းတွင် အဘယ်အချိန်၌ ဖြစ်ခဲ့သနည်း’ ဟူသောအပိုင်းသည် ကျမ်းစာဇာတ်ကောင်များ အသက်ရှင်ခဲ့ချိန်နှင့် အရေးကြီးအဖြစ်အပျက်များ ဖြစ်ခဲ့ချိန်တို့ကိုပြသော အချိန်ဇယားမျဉ်းတစ်ကြောင်းဆွဲနိုင်ရန် သင့်အားကူညီပေးလိမ့်မည်။ ‘ဤစာစောင်မှ’ ဟူသောအပိုင်းမှမေးခွန်းများ၏ အဖြေများသည် မဂ္ဂဇင်း၏ဆောင်းပါးများတွင် ပါရှိသည်။ အခြားမေးခွန်းအများစု၏အဖြေများကို စာစောင်၏ သတ်မှတ်ထားသောစာမျက်နှာတွင် ဖော်ပြမည်ဖြစ်ပြီး ယင်းတို့ကို ပြောင်းပြန်ပုံနှိပ်ထားမည်ဖြစ်သည်။ ထိုအဖြေများကိုမဖတ်မီ သုတေသနပြုရှာဖွေကြည့်ပါလေ။ ပြီးနောက် သင်ယူသိရှိခဲ့ရာများကို အခြားသူများအားဝေမျှပေးပါ။ ‘သင်မည်သို့ဖြေဆိုမည်နည်း’ ဟူသော ဤကဏ္ဍသစ်ကို မိသားစုလိုက် သို့မဟုတ် အုပ်စုလိုက်ကျမ်းစာဆွေးနွေးခန်းများ၏ အခြေခံအဖြစ်ပင် အသုံးပြုနိုင်သည်။”

၃။ မိသားစုအချို့သည် ထိုကဏ္ဍမှ မည်သို့အကျိုးခံစားခဲ့ရပြီနည်း။ အဘယ်အပိုင်းကို သင်အကြိုက်ဆုံးနည်း။

၃ မိသားစုများစွာသည် ထိုကဏ္ဍကို မိသားစုသင်အံမှု၏ အခြေခံအဖြစ် အသုံးပြုကြသည်။ မိခင်တစ်ဦး ဤသို့ရေးသည်– “‘ကလေးများ၏ရုပ်ပုံရှာဖွေမှု’ ဆိုတဲ့အပိုင်းက ကျွန်မတို့ရဲ့ သုံးနှစ်အရွယ်သမီးလေးအတွက် စိတ်ဝင်စားစရာဖြစ်မယ်လို့ ကျွန်မတို့လင်မယား ယူဆတဲ့အတွက် မိသားစုသင်အံမှုမှာ အဲဒီကဏ္ဍကို သုံးခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်နိုးလော့!မဂ္ဂဇင်းကိုယူပြီး သူလိုချင်တာတွေ့တဲ့အထိ တစ်ရွက်ချင်းလှန်ပြီးရှာတာကို ကြည့်ရတာ သိပ်ကြည်နူးမိတယ်။” ဘရာဇီးနိုင်ငံမှ ဖခင်တစ်ဦး ဤသို့ဆိုသည်– “နိုးလော့! ရဲ့ ဒီကဏ္ဍကို ကျွန်တော်ကော၊ ကျွန်တော့်ရဲ့ခုနစ်နှစ်အရွယ်သားလေးကော အရမ်းကြိုက်တယ်။ အဲဒါက ပိုအာရုံစိုက်တတ်ဖို့၊ ကျမ်းချက်တွေရှာတတ်ဖို့၊ ရုပ်ပုံတွေရဲ့အဓိပ္ပာယ်ကို နားလည်ဖို့နဲ့ ရက်စွဲတွေကို သိလာဖို့ ကျွန်တော့်သားမိုးဇက်ကို ကူညီပေးတယ်။” အသက်ရှစ်နှစ်အရွယ် အက်ရှ်လေကလည်း ဤသို့ရေးသည်– “‘သင်မည်သို့ဖြေဆိုမည်နည်း’ ဆိုတဲ့ကဏ္ဍအတွက် သင်တို့ကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာထဲက အကြောင်းအရာတော်တော်များများကို ကျွန်မသိခဲ့ပြီ။”

၄။ မိသားစုသင်အံမှုတွင် ဤကဏ္ဍကို မည်သို့အသုံးပြုနိုင်သနည်း။

၄ “သင်မည်သို့ဖြေဆိုမည်နည်း” ကဏ္ဍကို မိသားစုသင်အံမှုတွင် မကြာခဏပါဝင်စေပါလေ။ ပိုခက်သောမေးခွန်းများ၏အဖြေကို ရှာတွေ့နိုင်ရန် ကင်းမျှော်စင်အညွှန်း သို့မဟုတ် ကင်းမျှော်စင်စာကြည့်တိုက်စီဒီရွမ်တို့ကို အသုံးပြုနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မည်သို့သုတေသနပြုရမည်ကို သားသမီးများအား သင်ကြားပေးနိုင်သည်။ အသက်ပိုကြီးသောသားသမီးများရှိပါက ‘ကျွန်ုပ်မည်သူနည်း’ သို့မဟုတ် ‘သမိုင်းတွင် အဘယ်အချိန်၌ ဖြစ်ပျက်ခဲ့သနည်း’ စသော မေးခွန်းများ၏အဖြေကို မိသားစုသင်အံမှုမတိုင်မီ ရှာဖွေထားရန် တာဝန်ပေးပါလေ။ သို့ဖြင့် သင်အံမှုအတွင်း သူတို့ရှာဖွေထားရာများကို ဝေမျှနိုင်မည်ဖြစ်သည်။ ထိုကဏ္ဍကို ထိရောက်စွာအသုံးပြုခြင်းဖြင့် သားသမီးတို့၏စိတ်တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စွဲမှတ်စေပြီး ငယ်သောအရွယ်မှစ၍ “ဓမ္မကျမ်းစာ” ကိုနားလည်လာစေနိုင်မည်ဖြစ်သည်။—၂ တိ. ၃:၁၅; တရား. ၆:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ