ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၇ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၄/၀၇ စာ. ၇

ကြေညာချက်များ

◼ ဧပြီနှင့်မေ– ကင်းမျှော်စင်နှင့်နိုးလော့! နှစ်မျိုးစလုံး ဝေငှပါမည်။ အောက်မေ့ရာပွဲနှင့် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာမပေါင်းသင်းသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သောအခါ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် ကျမ်းစာသင်အံမှုစတင်နိုင်ရန် ကြိုးစားပါ။ ဇွန်– ဖန်ဆင်းရှင် [အင်္ဂလိပ်] သို့မဟုတ် မိသားစုပျော်ရွှင်မှုစာအုပ်ကို ဝေငှပါ။

◼ အသင်းတော်အတွင်းရေးမှူးများသည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205) နှင့် အရန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205b) ပုံစံများ အလုံအလောက်ရှိထားသင့်သည်။ ယင်းတို့ကို စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့်မှာယူနိုင်သည်။ အနည်းဆုံးတစ်နှစ်စာရှိထားသင့်သည်။ မှန်မှန်ရှေ့ဆောင်လျှောက်လွှာပုံစံများကို ဌာနခွဲရုံးသို့မပို့မီ ပြည့်စုံစွာဖြည့်စွက်မှုရှိမရှိ သေချာစစ်ဆေးသင့်သည်။

◼ ဌာနခွဲရုံးသည် ဦးစီးကြီးကြပ်မှူးနှင့် အတွင်းရေးမှူးအားလုံး၏ လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်စပ်လျဉ်းသော နောက်ဆုံးအချက်အလက်များကို သိမ်းဆည်းထားရန် လိုအပ်သည်။ တစ်ချိန်ချိန်တွင် အပြောင်းအလဲရှိလျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ဦးစီးကြီးကြပ်မှူး/အတွင်းရေးမှူးလိပ်စာပြောင်းခြင်း (S-29) ပုံစံကို ဖြည့်စွက်လက်မှတ်ထိုးကာ ဌာနခွဲရုံးသို့ ချက်ချင်းပို့သင့်သည်။ ယင်းတွင် မည်သည့်တယ်လီဖုန်းသင်္ကေတ အပြောင်းအလဲမဆို ပါဝင်သည်။

◼ သင်သည် အခြားနိုင်ငံသို့ ခရီးသွားသည့်အခါ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီး တက်ရောက်မည်ဆိုပါက ရက်စွဲ၊ အချိန်၊ တည်နေရာများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိုနိုင်ငံရှိ ဌာနခွဲရုံးသို့ စာရေးတောင်းခံရမည်။ ဌာနခွဲရုံးများ၏လိပ်စာကို နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။

◼ ၂၀၀၇၊ မေ ၅ ရက်၊ စနေနေ့တွင် ဗေသလအဆောက်အအုံကို သန့်ရှင်းရေးလုပ်ရန် ပိတ်ထားပါမည်။ ယင်းကြောင့် ထိုနေ့တွင် အသင်းတော်များမှ အလည်အပတ်လာခြင်း၊ စာအုပ်စာတမ်းများ ထုတ်ယူခြင်းအစီအစဉ်များ မရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ