သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၇ ခုနှစ်၊ ဧပြီ ၃၀ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၇ ခုနှစ် မတ် ၅ မှ ဧပြီ ၃၀ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ဟောပြောချက်အောက်လိုင်းကို မည်သို့ရိုးရှင်းစေနိုင်သနည်း။ [ပက စ. ၁၆၈ ပိုဒ်. ၄]
၂။ ကျိုးကြောင်းဆီလျော်သည့်နည်းဖြင့် အကြောင်းအရာကိုစီစဉ်နိုင်သော နည်းလေးနည်းကို ဖော်ပြပါ။ [ပက စ. ၁၇၀ ပိုဒ်. ၃–စ. ၁၇၂ ပိုဒ်. ၅]
၃။ ဟောပြောချက်တစ်ခုတွင် ပါဝင်ရမည့်အရာများ ရွေးချယ်ရာတွင် အဘယ်အချက်များကို စိတ်စွဲမှတ်ထားသင့်သနည်း။ [ပက စ. ၁၇၃ ပိုဒ်. ၁-၂]
၄။ လက်တန်းဟောပြောခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။ [ပက စ. ၁၇၅ ပိုဒ်. ၃-၅]
၅။ စကားလက်ဆုံပြောဆိုပုံသည် အဘယ်ကြောင့်အရေးကြီးသနည်း။ ထိုအရည်အသွေးကို မည်သို့တိုးတက်စေနိုင်သနည်း။ [ပက စ. ၁၇၉ ပိုဒ်. ၄၊ လေးထောင့်ကွက်; စ. ၁၈၀၊ လေးထောင့်ကွက်]
တာဝန်နံပါတ် ၁
၆။ ညီအစ်ကိုတစ်ဦးသည် အပတ်အတွက်သတ်မှတ်ပေးထားသော ကျမ်းစာပေါ်လွင်ချက်ကိုတင်ဆက်ဖို့ တာဝန်ရသောအခါ မည်သို့ပြင်ဆင်သင့်သနည်း။ [ပက စ. ၄၇ ပိုဒ်. ၃-၄]
၇။ ခရစ်တော်၏ရွေးနုတ်ဖိုးမှ ကျွန်ုပ်တို့ရရှိသည့် အကျိုးကျေးဇူးများထက် အဘယ်အရာက ပို၍အရေးကြီးသနည်း။ [က၀၅ ၁၁/၁ စ. ၁၄ ပိုဒ်. ၁]
၈။ လူထုဟောပြောချက်တွင် ကျမ်းစာရည်ညွှန်းချက်များကို မည်သို့အသုံးပြုသင့်သနည်း။ [ပက စ. ၅၃ ပိုဒ်. ၁-၂]
၉။ သွန်သင်သူတစ်ဦးအနေနှင့် ယေရှု၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ကိုယ်တော်ကို မည်သို့တုပနိုင်သနည်း။ [ပက စ. ၅၇ ပိုဒ်. ၁]
၁၀။ သွန်သင်ရာတွင် ခြားနားချက်များကို အသုံးပြုခြင်းက အဘယ်ကြောင့်ထိရောက်မှုရှိသနည်း။ [ပက စ. ၅၇ ပိုဒ်. ၃-၄]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ “ရှေးလမ်းဟောင်းတို့ကိုရှာဖွေလျက် ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်း” ဟူသော ယေရမိ ၆:၁၆ ပါဆုံးမစကားကို မည်သို့လိုက်နာနိုင်သနည်း။
၁၂။ ယေဟောဝါသည် သစ္စာမဲ့သောဂျူးများအတွက် လက်တွေ့ကျသင်ခန်းစာပေးရန် ငှက်ကျားကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။ ယင်းမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။ (ယေ. ၈:၇)
၁၃။ ယနေ့ ဖျော်ဖြေမှုအပေါ် ရှုမြင်ပုံနှင့်ပတ်သက်၍ ယေရမိ ၁၅:၁၇ ကို မည်သို့လိုက်နာနိုင်သနည်း။
၁၄။ လူသားတို့သည် ကြီးမြတ်သောအိုးထိန်းသမား ယေဟောဝါ၏လက်၌ရှိသော အိုးမြေနှင့် မည်သို့တူကြသနည်း။ (ယေ. ၁၈:၅-၁၁)
၁၅။ ယေရမိ ၂၅:၁၇-၂၆ ပါ တိုင်းနိုင်ငံများက ယနေ့ခေတ်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။