မေးခွန်းသေတ္တာ
◼ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၊ လုပ်ငန်းတော်အစည်းအဝေး၊ လူထုအစည်းအဝေး၊ ကင်းမျှော်စင်သင်တန်းတို့တွင် အဖွင့်သီချင်းကို မည်သို့နှင့်မည်သူက မိတ်ဆက်ပေးသင့်သနည်း။
အောက်တိုဘာလထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက်ဖြစ်သော သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်စာရွက်တွင် ပတ်စဉ်သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် ရွေးချယ်ထားသည့် အဖွင့်သီချင်းများကို ဖော်ပြထားသည်။ ပတ်စဉ်လုပ်ငန်းတော်အစည်းအဝေးအတွက် အဖွင့်နှင့်နိဂုံးချုပ်သီချင်းများကို ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၂ တွင်ဖော်ပြထားသည်။ အလားတူ၊ ပတ်စဉ်ကင်းမျှော်စင်သင်တန်းအတွက် သီချင်းနံပါတ်များကို ကင်းမျှော်စင် စာမျက်နှာ ၂ တွင်တွေ့နိုင်သည်။ သီချင်းများသည် အစည်းအဝေးများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အစည်းအဝေးကို ကိုင်တွယ်မည့်ညီအစ်ကိုကသာ ယင်းကို မိတ်ဆက်ပေးသင့်သည်။ အလျင်ကျင်းပသောအစည်းအဝေး၏ သဘာပတိက မမိတ်ဆက်သင့်ပါ။
ဥပမာ၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးသည် ပရိသတ်ကို ကြိုဆိုပြီး အဖွင့်သီချင်းကို မိတ်ဆက်မည်၊ ကျောင်းအစီအစဉ်ကို ကိုင်တွယ်ပြီးနောက် လုပ်ငန်းတော်အစည်းအဝေး၏ ပထမဟောပြောသူကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ပေမည်။ ထိုညီအစ်ကိုသာ လုပ်ငန်းတော်အစည်းအဝေး အဖွင့်သီချင်းကို မိတ်ဆက်ပေးသင့်သည်။
အလားတူ၊ လူထုအစည်းအဝေးကို သဘာပတိက မိတ်ဆက်ပေးမည်။ သူသည် ပရိသတ်ကို လှိုက်လှဲစွာကြိုဆိုပြီးနောက် ဟောပြောသူရွေးချယ်ထားသည့် အဖွင့်သီချင်းကို အားလုံးပါဝင်သီဆိုရန် ဖိတ်ခေါ်မည်။ သူ (သို့မဟုတ် ကြိုတင်တာဝန်ပေးထားသည့် အရည်အချင်းရှိညီအစ်ကိုတစ်ဦး) သည် အဖွင့်ဆုတောင်းပေးမည်။ ထို့နောက် သဘာပတိသည် ဟောပြောသူကို မိတ်ဆက်ပေးပြီး ဟောပြောချက်ခေါင်းစဉ်ကို ကြေညာပေးမည်။ ဟောပြောချက်ပြီးနောက် သဘာပတိသည် ဟောပြောသည့်အကြောင်းအရာကို အကျဉ်းချုပ်ပြောဆိုမည်မဟုတ်ပေ။ သို့သော် ဟောပြောချက်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း အတိုချုပ်ပြောဆိုမည်။ နောက်အပတ်အတွက် လူထုဟောပြောချက်ခေါင်းစဉ်ကို ကြေညာပြီးနောက် ကင်းမျှော်စင်သင်တန်းကို အားလုံးတက်ရောက်ရန် ဖိတ်ခေါ်မည်။ ဧည့်ဟောပြောသူ၏အသင်းတော်သို့ မေတ္တာပို့သနှုတ်ဆက်လိုမလို ပရိသတ်ကို မေးရန်မလိုပေ။ ထို့နောက် သဘာပတိသည် ကင်းမျှော်စင်သင်တန်းကိုင်မည့်သူကို စင်မြင့်ပေါ်သို့ဖိတ်ခေါ်မည်။
ကင်းမျှော်စင်သင်တန်းကိုင်မည့်သူသည် အဖွင့်သီချင်းကို အကြောင်းအရာနှင့်ဆက်စပ်လျက် မိတ်ဆက်ပေးမည်။ ဆောင်းပါးပါအကြောင်းအရာများအတိုင်း သင်တန်းကိုင်တွယ်သွားမည်ဖြစ်ပြီး နိဂုံးချုပ်သီချင်းကို ကြေညာပေးမည်။ ကင်းမျှော်စင်သင်တန်းကိုင်သူသည် များသောအားဖြင့် လူထုဟောပြောချက်ပေးသူကို နိဂုံးချုပ်ဆုတောင်းပေးရန် ဖိတ်ခေါ်မည်။
အဆိုပါညွှန်ကြားချက်များကို သိရှိထားခြင်းက အသင်းတော်အစည်းအဝေးများကို စနစ်တကျ တစ်ပုံစံတည်း ကျင်းပနိုင်ရန် အထောက်အကူပြုပေမည်။