လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇူလိုင် ၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဇွန် ၁၅ ကင်းမျှော်စင်နှင့် ဇွန် နိုးလော့! ဝေငှပုံကိုသရုပ်ပြပါ။
၂၀ မိ– အဘယ်အရာက စစ်မှန်သောပျော်ရွှင်မှုရရှိစေသနည်း။ ၂၀၀၆၊ မေ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၂၈-၂၉၊ အပိုဒ် ၁၁-၁၂ ကိုအခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။ ဘဝတွင် အပျော်အပါး သို့မဟုတ် လောကအလုပ်အကိုင်ထက် ဓမ္မအမှုကို အဓိကထားရန် ရွေးချယ်သူတစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။ သူသည် အဘယ်ကြောင့် ဝိညာဏပန်းတိုင်များ ချမှတ်ခဲ့သနည်း။ ယင်းကြောင့် မည်သို့ပျော်ရွှင်မှုခံစားရသနည်း။
၁၅ မိ– စီးပွားရေးကိစ္စများနှင့် အသင်းတော်လုပ်ငန်းဆောင်တာများကို သီးခြားထားခြင်း။ ၁၉၉၇၊ မတ် ၁၅ ကင်းမျှော်စင် စာမျက်နှာ ၂၂၊ အပိုဒ် ၁၉-၂၁ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ ၂၀၀၇ မေ ၉ ရက်စွဲဖြင့် ဌာနခွဲစာမှ သက်ဆိုင်သောအချက်များ ပါဝင်စေပါ။
သီချင်း ၉၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၂၀ မိ– အသင်းတော်ငြိမ်သက်မှုနှင့် သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း စာအုပ်၊ စာမျက်နှာ ၁၄၄ မှ စာမျက်နှာ ၁၅၀ ပါခေါင်းစဉ်ငယ်အထိကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။
၁၅ မိ– “ကင်းမျှော်စင်၏ စိတ်လှုပ်ရှားဖွယ်အပြောင်းအလဲများ။”a
သီချင်း ၁၈၉ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဇူလိုင် ၁ ကင်းမျှော်စင်ဝေငှပုံကို သရုပ်ပြပါ။
၂၀ မိ– အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။ ၂၀၀၅၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင်စာမျက်နှာ ၂၁-၃ ကိုအခြေခံ၍ဟောပြောရန်။ ဧည့်ဝတ်ကျေပွန်သော ကြေညာသူတစ်ဦး၊ နှစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။ သူတို့သည် ဧည့်ဝတ်ကျေပွန်ရန် မည်သို့ကြိုးစားခဲ့ကြသနည်း။ ယင်းကြောင့် သူတို့နှင့် သူတို့၏မိသားစုများ မည်သို့ကောင်းချီးခံစားခဲ့ရသနည်း။
၁၅ မိ– ထိရောက်သောနိဒါန်းများ ပြင်ဆင်ခြင်း။ ဆင်ခြင်စာအုပ် စာမျက်နှာ ၉၊ အပိုဒ် ၁-၂ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဩဂုတ်လအတွက် ဝေငှရန်စာပေတင်ဆက်ပုံကို ဖော်ပြသော သရုပ်ပြနှစ်ခု ပါဝင်စေပါ။
သီချင်း ၆၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၃၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦး ကိုင်တွယ်ရန်။ ဆောင်းပါးတစ်ခုလုံးကိုဖတ်ပြီး ဆွေးနွေးရန်။ ၂၀၀၅၊ မေ ၂၂ နိုးလော့! စာမျက်နှာ ၁၃-၁၄ [လိပ်] “The Dangers of Deception and Secrecy” နှင့် “Choosing the Real Over the Virtual” ခေါင်းစဉ်အောက်မှ မှတ်ချက်များ ပါဝင်စေပါ။
၂၀ မိ– “စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။”b အပိုဒ် ၃ ကိုဆွေးနွေးစဉ် စုံစမ်းနှောင့်ယှက်မှုများ ရုတ်တရက် ပေါ်ပေါက်လာချိန်တွင် ခိုင်မာသောယုံကြည်ခြင်းက အကူအညီပေးပုံကို မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်စီစဉ်ထားနိုင်သည်။
သီချင်း ၁၃ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ကျွန်ုပ်တို့ အဘယ်ကြောင့် ထပ်ခါထပ်ခါ ပြန်သွားရ။”c အပိုဒ် ၅ ကိုဆွေးနွေးစဉ် ယခင်က သတင်းကောင်းကိုဆန့်ကျင်၊ စိတ်မဝင်စားသော်လည်း အဘယ်ကြောင့် သမ္မာတရားကိုစိတ်ဝင်စားခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၂၁၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။