ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၈ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသင်အံမှုများ ကျင်းပရာတွင် “ဘုရားသခင့် မေတ္တာတော်” စာအုပ်ကို မည်သို့အသုံးပြုနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်—ကျွန်ုပ်တို့၏ ကျမ်းစာသင်အံမှု အဓိကအထောက်အကူ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • သမ္မာကျမ်းစာသွန်သင်ရာကို လိုက်နာရန်အခြားသူတို့အား ကူညီလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၁/၀၈ စာ. ၇

မေးခွန်းသေတ္တာ

◼ စိတ်ဝင်စားသူတို့နှင့် ကျမ်းစာသင်အံရာတွင် အဘယ်စာပေနှစ်မျိုးကို အသုံးပြုသင့်သနည်း။

ကျမ်းစာသင်အံမှုများ စတင်ပြီးကျင်းပရာတွင် ကျွန်ုပ်တို့အဓိကအသုံးပြုသောစာအုပ်မှာ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြစ်၏။ သင့်လျော်ရာဝေစာစသော အခြားစာပေတစ်ခုဖြင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်ကို ကန့်ကွက်စရာမရှိသော်လည်း ဖြစ်နိုင်လျှင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ချက်ချင်းအသုံးပြုသင့်သည်။ သမ္မာကျမ်းစာ သွန်သင်ရာစာအုပ်ကို အသုံးပြုခြင်းဖြင့် ရလဒ်ကောင်းများရရှိခဲ့ပြီ။

သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ပြီးစီး၍ သင်သား ဆက်တိုးတက်နေလျှင် ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်ကိုသုံးကာ ဆက်သင်အံသင့်သည်။ (ကော. ၂:၇) ထိုစာအုပ်၏စာမျက်နှာ ၂ တွင် စာအုပ်၏ရည်ရွယ်ချက်ကို ဤသို့ဖော်ပြသည်– “ဘုရားသခင်ကို ချစ်သောသူအပေါင်းအား ကိုယ်တော်၏တန်ဖိုးအနဂ္ဂထိုက်တန်သော အမှန်တရား၏ ‘အမြင့်၊ အနက်ကို . . . စိတ်ထဲတွင် နားလည်သိမြင်ရန်’ သမ္မာကျမ်းစာက တိုက်တွန်းထားသည်။ (ဧဖက် ၃:၁၈၊ ကဘ) ထိုရည်ရွယ်ချက်ပန်းတိုင်ဖြင့် ဤစာအုပ်ကို ပြုစုရေးသားလိုက်ခြင်းဖြစ်သည်။ ဤစာအုပ်သည် သင့်အား ဝိညာဉ်ရေးတိုးတက်၍ ဘုရားသခင့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် လမ်းကျဉ်းပေါ်တွင် ကောင်းစွာလျှောက်လှမ်းနိုင်ရန် အထောက်အကူပြုမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။”

သင်သားသည် ထိုစာအုပ်နှစ်မျိုးစလုံး မပြီးစီးမီ နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီလျှင်ပင် ဒုတိယစာအုပ်ပြီးသည်အထိ ဆက်၍သင်အံသင့်သည်။ သင်သား နှစ်ခြင်းခံပြီးသွားသည့်တိုင် ကျမ်းစာသင်ပေးသူသည် နာရီ၊ ပြန်လည်ပတ်မှု၊ သင်အံမှုတို့ကို မှတ်တမ်းသွင်းနိုင်သည်။ ထို့ပြင် ကျမ်းစာသင်ပေးသူနှင့်လိုက်ပါလာပြီး သင်အံမှုတွင်ပါဝင်သော ကြေညာသူတစ်ဦးသည် အချိန်ကို မှတ်တမ်းသွင်းနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ