ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၈ စာ. ၆
  • သင်ရွှေ့ဆိုင်းနေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ရွှေ့ဆိုင်းနေသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးအပိုင်းအစများ၊ ကျွန်ုပ်၏သွေးပါဝင်သော ဆေးကုထုံးများကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • သင်ဆုံးဖြတ်ပြီးပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • သင်ဆုံးဖြတ်ပြီးပြီလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • သွေးအလိုမရှိ—စိန်ခေါ်ချက်ကို ဆေးဝါးရင်ဆိုင်ခြင်း ဗီဒီယိုခွေကို သင်ကြည့်ရမည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၁/၀၈ စာ. ၆

သင်ရွှေ့ဆိုင်းနေသလော

အဘယ်အရာကို ရွှေ့ဆိုင်းနေခြင်းနည်း။ နှစ်ခြင်းခံပြီးသားသက်သေခံများအတွက် ပြင်ဆင်ပေးထားသော ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြား ဖြည့်စွက်ခြင်းကိုဖြစ်သည်။ ‘နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်မသိ’ သောကြောင့် ကြိုတင်ဆုံးဖြတ်ထားရန်၊ အရေးပေါ်အခြေအနေတွင် အဘယ်ဆေးဝါးကုသမှုနှင့် လုပ်ထုံးလုပ်နည်းများကို သင်လက်ခံကြောင်း စာရေးဖော်ပြထားရန် အလွန်အရေးကြီးသည်။—ယာ. ၄:၁၄; တ. ၁၅:၂၈၊ ၂၉။

မိသားစုဝင်အားလုံးသည် သူတို့၏ ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားတွင် နေ့စွဲ၊ ကိုယ်ပိုင်လက်မှတ်နှင့် သက်သေတို့ကို ပြည့်စုံစွာဖြည့်စွက်ထားကြောင်း သေချာစေပါ။ နေ့စွဲနှင့် သက်သေ မပါရှိသည့်ကတ်ပြားဖြင့် ဆေးရုံရောက်လာသော ညီအစ်ကိုအချို့သည် ယင်းကတ်ပြား တရားမဝင်ဟုပြောဆိုခံရ၍ ပြဿနာကြုံခဲ့ရပါသည်။ နှစ်ခြင်းမခံရသေးသော သားသမီးအားလုံးတွင်လည်း အပြည့်အစုံ ဖြည့်စွက်ထားသည့် ကတ်ပြားများရှိပါသလော။ ထိုသို့မပြုထားလျှင် သင့်ကလေး အရေးကြုံပါက သွေးနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ခံယူချက်နှင့် မည်သူ့ထံ အကြောင်းကြားရမည်ကို ဆေးရုံအမှုထမ်းများ မည်သို့သိရှိနိုင်မည်နည်း။ ထို့နောက် အားလုံးသည် မိမိတို့နှင့်အတူ ထိုကတ်ပြားများကို အချိန်အခါမရွေး ဆောင်ထားကြောင်း ဂရုစိုက်ပါ။ ယင်းတို့ကို အမြဲဆောင်ထားပါ။

ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားသည် အရေးကြုံချိန်အတွက် ဖြစ်သောကြောင့် ခွဲစိတ်ကုသရမည့်အချိန်တွင်မူကား (ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားကို အခြေခံ၍) ကိုယ်နှင့်သက်ဆိုင်သောအချက်အလက်များ၊ ခွဲစိတ်မှုအမျိုးအစား၊ ဆရာဝန်အမည်၊ ဆေးရုံအမည် စသည်တို့ပါဝင်သည့် ပိုမိုပြည့်စုံသော ညွှန်ကြားချက်စာတစ်စောင် ကြိုတင်ရေးသားထားလျှင် ကောင်းပေမည်။ သင်နှင့်ဆရာဝန်သည် ဆိုးရွားသောအခြေအနေများကို မမျှော်လင့်လျှင်ပင် မည်သည့်အရေးအကြောင်းမျိုးတွင်မဆို ဤညွှန်ကြားချက်အတိုင်း လိုက်လျှောက်ပေးစေလိုကြောင်း ရှင်းပြထားပါ။—သု. ၂၂:၃။

ဆေးကုထုံးအချို့ကို လက်ခံခြင်းသည် ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်နှင့်အညီ လူတစ်ဦး ကိုယ်ပိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်။ သင်နှင့် သင့်သားသမီးများအတွက် အဘယ်ဆေးဝါးကုသမှုနှင့် လုပ်ထုံးလုပ်နည်းများကို လက်ခံလိုကြောင်း သင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပြီလော။ ကျောက်ရောဂါ၊ ပိုလီယိုရောဂါ၊ မေးခိုင်ရောဂါ၊ ဝမ်းရောဂါ၊ ခွေးရူးရောဂါ၊ အူရောင်ငန်းဖျားနှင့် အသားဝါရောဂါတို့အတွက် ကာကွယ်ဆေးများကို သွေးမှထုတ်လုပ်ထားခြင်းမဟုတ်ကြောင်း သင်သိပေမည်။ သို့သော် အဆိပ်ရှိသောမြွေ သို့မဟုတ် ပင့်ကူအကိုက်ခံရသူကို ကုသရာတွင် အသုံးပြုသော သွေးရည်ကြည်များမှာ သွေးအပိုင်းအစများမှ ထုတ်ယူထားခြင်းဖြစ်သည်။ မိခင်နှင့်မွေးခါစကလေး၏ ရီးဆက်ပစ္စည်း (သွေးဆဲလ်နီတွင်ပါရှိသောပစ္စည်း) မတည့်ပါက သွေးအပိုင်းအစများမှ ထုတ်လုပ်သော အထူးသွေးရည်ကြည်ထိုးဆေးကို မိခင်ဖြစ်သူ လက်ခံရန် ဆရာဝန်များက တိုက်တွန်းပေမည်။ ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြချက်ကို ၂၀၀၄၊ ဇွန် ၁၅ ရက်နှင့် ၂၀၀၀၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်များတွင်ပါသော “စာရှုသူများထံမှ မေးခွန်းလွှာ၊” ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ၂၀၀၆၊ နိုဝင်ဘာလထုတ် ကြားညှပ်စာရွက် “သွေးအပိုင်းအစများ၊ ကျွန်ုပ်၏သွေးပါဝင်သော ဆေးကုထုံးများကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း” တွင်ကြည့်ပါ။ သင့်ဆရာဝန်နှင့် မယုံကြည်သူမိသားစုဝင်များအား သင့်ဆုံးဖြတ်ချက်ကို ကောင်းစွာရှင်းပြသင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ