သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၇ မှ ဖေဖော်ဝါရီ ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေး
၁။ ကျမ်းချက်များ၏အဓိပ္ပာယ်ကို ပရိသတ်နားလည်သဘောပေါက်စေရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်ဖို့ လိုအပ်သနည်း၊ ယင်းကို အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။ [be-BU စ. ၂၂၈ ပိုဒ်. ၂-၃]
၂။ ကျွန်ုပ်တို့၏တင်ဆက်မှုသည် ပရိသတ်အတွက် သိမှတ်ဖွယ်ရာဖြစ်စေရန် အဘယ်ကြောင့်အရေးကြီးသနည်း၊ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။ [be-BU စ. ၂၃၀ ပိုဒ်. ၃-၅၊ လေးထောင့်ကွက်]
၃။ သုတေသနပြုခြင်းက ကျွန်ုပ်တို့၏ဟောပြောချက်များကို အဘယ်နည်းများဖြင့် ပို၍သိမှတ်ဖွယ်ရာဖြစ်စေနိုင်သနည်း။ [be-BU စ. ၂၃၁ ပိုဒ်. ၁-၃]
၄။ အကျွမ်းတဝင်ရှိသောကျမ်းချက်များကို ပို၍သိမှတ်ဖွယ်ရာဖြစ်လာစေရန် ကျွန်ုပ်တို့မည်သို့ကိုင်တွယ်နိုင်သနည်း။ [be-BU စ. ၂၃၁ ပိုဒ်. ၄-၅]
၅။ ကျွန်ုပ်တို့ဖတ်ရှုသောကျမ်းချက်များကို ကျိုးကြောင်းဆင်ခြင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။ [be-BU စ. ၂၃၂ ပိုဒ်. ၃-၄]
တာဝန်နံပါတ် ၁
၆။ မဿဲကျမ်းသည် ဂျူးပရိသတ်များကို စိတ်ထဲ အဓိကထားပြီး ရေးသားခဲ့ခြင်းဖြစ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။ [bsi-08-1-BU စ. ၄ ပိုဒ်. ၆-၇]
၇။ စင်မြင့်ပေါ်မှ ဘုရားသခင့်ညွှန်ကြားမှုရရှိရန် ကျွန်ုပ်တို့၏နှလုံးကို မည်သို့ပြင်ဆင်နိုင်သနည်း။ (၆ ရာ. ၂၀:၃၃၊ ကဘ) [be-BU စ. ၁၃ ပိုဒ်. ၄–စ. ၁၄ ပိုဒ်. ၄]
၈။ မိဘများသည် မိမိတို့၏ကလေးများ “ကယ်တင်ရာရောက်စေခြင်းငှာ ဉာဏ်ပညာ” ရရှိလာရန် အဘယ်အရာပြုလုပ်နိုင်သည်။ (၂ တိ. ၃:၁၅၊ သမ) [be-BU စ. ၁၆ ပိုဒ်. ၃-၄]
၉။ မဿဲသတင်းကောင်းကျမ်းစောင်က ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံမှုကို မည်သို့ပေါ်လွင်စေသနည်း။ [bsi-08-1-BU စ. ၅ ပိုဒ်. ၃၂]
၁၀။ မဿဲသတင်းကောင်းကျမ်းစောင်က ယေရှုအား ကတိထားရာမေရှိယနှင့် ဘုရင်အဖြစ် ဖော်ပြနေစဉ် မာကုသတင်းကောင်းကျမ်းစောင်တွင်မူ ကိုယ်တော်ကို မည်သို့ဖော်ပြထားသနည်း။ [bsi-08-1-BU စ. ၇ ပိုဒ်. ၇-၈]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ အမျက်ဒေါသကို ဖွင့်ချလိုက်ခြင်းသည် အမျက်သိုထားခြင်းထက် ပို၍အပြစ်ကြီးသလော။ (မ. ၅:၂၁၊ ၂၂၊ ကဘ) [က၀၈ ၁/၁၅ “ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် အသက်ရှင်၏—မဿဲကျမ်းမှပေါ်လွင်ချက်များ”]
၁၂။ ခရစ်ယာန်များသည် ‘ရိုးရှင်းသော မျက်စိ’ မည်သို့ထားကြသနည်း။ (မ. ၆:၂၂၊ ၂၃) [က၀၆ ၁၀/၁ စ. ၂၉]
၁၃။ “ဤအရာအလုံးစုံတို့ကို သင်တို့သည်နားလည်ကြသလော” ဟုမိမိတပည့်တော်များကို ယေရှုမေးခဲ့သောအခါ ကိုယ်တော်အဘယ်အချက်ကို ဖော်ပြနေခြင်းဖြစ်သနည်း။ (မ. ၁၃:၅၁၊ ၅၂) [က၀၈ ၁/၁၅ “ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် အသက်ရှင်၏—မဿဲကျမ်းမှပေါ်လွင်ချက်များ”]
၁၄။ ယေရှုသည် မိမိကုသပေးခဲ့သူတို့အား “သတင်းတော်ကိုမဖွင့်ရမည်အကြောင်း” အဘယ်ကြောင့် မှာကြားလေ့ရှိသနည်း။ (မ. ၁၂:၁၆) [က၈၈ ၅/၁၅ စ. ၁၀; cl-BU စစ. ၉၃-၄]
၁၅။ ‘အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအားပေးခြင်း’ နှင့် ‘ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရခြင်း’ နှင့်စပ်လျဉ်း၍ ယေရှု၏အဓိကဆိုလိုချက်ကား အဘယ်နည်း။ (မာ. ၄:၂၄၊ ၂၅) [က၈၀ ၆/၁၅ စ. ၁၂ (လိပ်); gt-BU အခန်း ၄၃]