သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်ကြမည်။ ကျောင်းကြီးကြပ်မှူးသည် ဇန်နဝါရီ ၄ မှ ဖေဖော်ဝါရီ ၂၂ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ ဣသရေလလူမျိုးအချို့အား ကတိထားရာပြည်ကို ဝင်ရောက်သိမ်းပိုက်ရာတွင် အဘယ်အရာများက နှောင့်နှေးစေခဲ့သနည်း၊ ယင်းမှ အဘယ်အရာ သင်ယူနိုင်သနည်း။ (ယောရှု ၁၈:၂၊ ၃) [it-1 စ. ၃၅၉ ပိုဒ်. ၅]
၂။ ယောရှု ၂၄:၁၄၊ ၁၅ တွင်တွေ့ရသည့်အတိုင်းယောရှုပြောရန် သူ့အား အဘယ်အရာက ဧကန်မုချလှုံ့ဆော်ပေးခဲ့သနည်း၊ ယင်းက ကျွန်ုပ်တို့အပေါ် မည်သို့သက်ရောက်မှုရှိသင့်သနည်း။ [က၀၈ ၅/၁၅ စစ. ၁၇-၁၈ ပိုဒ်. ၄-၆]
၃။ ဗာလဝတ်ပြုကိုးကွယ်သူများနှင့် သူတို့၏ဝတ်ပြုမှုပုံစံသည် ဣသရေလလူတို့အတွက် ထောင်ချောက်နှင့် သွေးဆောင်မှုဖြစ်လာသည့် နည်းတစ်နည်းမှာ အဘယ်နည်း။ (သူကြီး. ၂:၃) [က၀၈ ၂/၁၅ စ. ၂၇ ပိုဒ်. ၂-၃]
၄။ ဧဟုဒသည် ဓားကို ရဲစွမ်းသတ္တိရှိရှိအသုံးပြုခြင်းမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။ (သူကြီး. ၃:၁၆၊ ၂၁) [က၉၇ ၃/၁၅ စ. ၃၁ ပိုဒ်. ၄]
၅။ ဂိဒေါင်နှင့် သူ၏လူ ၃၀၀ တို့ကို ယေဟောဝါကယ်တင်ခဲ့ပုံအကြောင်း ကျွန်ုပ်တို့လေ့လာသောအခါ ဘာအားပေးမှုရရှိသနည်း။ (သူကြီး. ၇:၁၉-၂၂) [က၀၅ ၇/၁၅ စ. ၁၆ ပိုဒ်. ၈]
၆။ အဘယ်နည်းဖြင့် ယေဟောဝါ၏စိတ်တော်သည် “ဣသရေလလူတို့ခံရသောဒုက္ခဆင်းရဲကြောင့် သည်းမခံနိုင်အောင်” ဖြစ်ခဲ့သနည်း။ (သူကြီး. ၁၀:၁၆၊ သမ္မာ) [cl-BU စစ. ၂၅၄-၂၅၅ ပိုဒ်. ၁၀-၁၁]
၇။ ယေဖသသည် သစ္စာကတိပြုချိန်တွင် လူတစ်ဦးကို ယဇ်ပူဇော်ပါမည်ဟူ၍ စိတ်ထဲရှိခဲ့သလော။ (သူကြီး. ၁၁:၃၀၊ ၃၁) [က၀၅ ၁/၁၅ စ. ၂၆ ပိုဒ်. ၁]
၈။ ရှံဆုန်၏ခွန်အားသည် စာသားအတိုင်း သူ၏ဆံပင်တွင် ရှိသလော။ (သူကြီး. ၁၆:၁၈-၂၀) [က၀၅ ၃/၁၅ စ. ၂၈ ပိုဒ်. ၅-၆]
၉။ တရားသူကြီး ၁၆:၃ တွင်ဖော်ပြခဲ့သည့် ရှံဆုန်၏အံ့ဖွယ်လုပ်ရပ်ကို နားလည်ခြင်းက ကျွန်ုပ်တို့ကို မည်သို့ထောက်ကူနိုင်သနည်း။ [က၀၄ ၁၀/၁၅ စ. ၁၅ ပိုဒ်. ၇-၈]
၁၀။ လူ့စိုးလ်နှင့်ပတ်သက်၍ တရားသူကြီး ၁၆:၃၀ တွင်တွေ့ရသောဖော်ပြချက်မှ အဘယ်အရာသင်ယူနိုင်သနည်း။ [က၉၂ ၂/၁၅ စ. ၅ ပိုဒ်. ၄; sp-E စစ. ၁၃-၁၄]