သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၁၀ ခုနှစ်၊ ဧပြီ ၂၆ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၁၀ ခုနှစ်၊ မတ် ၁ ရက်မှ ဧပြီ ၂၆ ရက်အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ် အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ “ထာ၀ရဘုရားသည် ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲစေတော်မူသည်” ဟူသောနောမိ၏အသုံးအနှုန်းက အဘယ်အရာကို ဆိုလိုသနည်း။ (ရု. ၁:၂၁) [က၀၅ ၃/၁ စာ. ၂၈ ပိုဒ်. ၃]
၂။ အဘယ်အရည်အသွေးများက ရုသကို “ကောင်းမြတ်သောအမျိုးသမီး” ဖြစ်စေခဲ့သနည်း။ (ရု. ၃:၁၁) [က၀၅ ၃/၁ စာ. ၃၀ ပိုဒ်. ၁]
၃။ “သားတစ်ကျိပ်ထက် သင်၌ငါသာ၍ကောင်းသည် မဟုတ်လော” ဟူသော ဧလကာန၏စကားက သူ့ဇနီးကို မည်သို့ခွန်အားဖြစ်စေခဲ့သနည်း။ (၁ ရာ. ၁:၈) [က၉၀ ၃/၁၅ စာ. ၂၇ ပိုဒ်. ၅-၆]
၄။ ဘုရင်တစ်ပါးတင်မြှောက်ပေးရန် အစ္စရေးတို့တောင်းဆိုခဲ့ခြင်းက အဘယ်ကြောင့် မသင့်လျော်သနည်း။ (၁ ရာ. ၈:၅) [က၀၅ ၉/၁၅ စာ. ၂၀ ပိုဒ်. ၁၇; it-2-E စာ. ၁၆၃ ပိုဒ်. ၁]
၅။ ရှမွေလသည် “အသက်ကြီး၍ဆံပင်ဖြူ” ချိန်တွင် အခြားသူတို့အတွက် ဆုတောင်းပေးခြင်းဖြင့် မည်သို့ပုံသက်သေပြခဲ့သနည်း၊ ယင်းက အဘယ်အချက်ကို ပေါ်လွင်စေသနည်း။ (၁ ရာ. ၁၂:၂၊ ၂၃) [က၀၇ ၆/၁ စာ. ၂၉ ပိုဒ်. ၁၄-၁၅]
၆။ ကေနိအမျိုးသားတို့ကို ရှောလု အဘယ်ကြောင့် အထူးထောက်ထားစာနာခဲ့သနည်း။ (၁ ရာ. ၁၅:၆) [က၀၅ ၃/၁၅ စာ. ၂၂ ပိုဒ်. ၁၀]
၇။ “သင်သည် အဘယ်သူ၏သားဖြစ်သနည်း” ဟု ဒါဝိဒ်အားမေးရန် ရှောလုကို အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ (၁ ရာ. ၁၇:၅၈) [က၀၇ ၈/၁ စာ. ၃၁ ပိုဒ်. ၃၊ ၅]
၈။ ဂါသမြို့တွင် ပြဿနာကို ဒါဝိဒ်ကိုင်တွယ်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ (၁ ရာ. ၂၁:၁၂၊ ၁၃) [က၀၅ ၃/၁၅ စာ. ၂၄ ပိုဒ်. ၄]
၉။ ယောနသန်၏ မေတ္တာနှင့်နှိမ့်ချမှုသည် မိတ်ဆွေဖြစ်သူ ဒါဝိဒ်ကို အားပေးထောက်မဖို့ လိုအပ်လာချိန်တွင် မည်သို့ပေါ်လွင်ထင်ရှားခဲ့သနည်း။ (၁ ရာ. ၂၃:၁၇) [lv စာ. ၃၀ ပိုဒ်. ၁၀၊ အောက်ခြေမှတ်ချက်]
၁၀။ အင်ဒေါရမြို့မှ နတ်ဝင်သည်မိန်းမနှင့် ရှောလုတွေ့ဆုံခဲ့ခြင်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရရှိသနည်း။ (၁ ရာ. ၂၈:၈-၁၉) [က၀၅ ၃/၁၅ စာ. ၂၄ ပိုဒ်. ၇]