“လုပ်ငန်းတော်အစည်းအဝေးအပိုင်းတွေကို ကိုင်တွယ်မယ့်သူများအတွက် ညွှန်ကြားချက်များ”
ဒီလထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှစပြီး လုပ်ငန်းတော်အစည်းအဝေးအစီအစဉ် ကိုင်တွယ်ပုံကို ပိုရိုးရှင်းစေအောင် ပြင်ဆင်လိုက်ပါတယ်။ အောက်ပါညွှန်ကြားချက်တွေနဲ့ သတိပေးချက်တွေက မေ ၂၀၀၉ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှ “လုပ်ငန်းတော်အစည်းအဝေးအတွက် ပြင်ဆင်နိုင်ပုံ” ဆောင်းပါးပါ အကြောင်းအရာတွေကို ပြင်ဆင်ထားခြင်းဖြစ်တယ်။
◼ ဟောပြောရန်– ပရိသတ်ပါဝင်ဆွေးနွေးခြင်းမရှိဘဲ ပေးထားတဲ့အကြောင်းအရာကို အခြေခံပြီး ဟောပြောဖို့ဖြစ်တယ်။ ဟောပြောသူက အသင်းတော်အတွက် အကျိုးအဖြစ်ဆုံးအချက်တွေကို အဓိကထား ဟောပြောသင့်တယ်။
◼ မေးဖြေဆွေးနွေးရန်– ကင်းမျှော်စင်သင်တန်းနဲ့ ဆင်တူတယ်၊ တိုတုတ်တဲ့နိဒါန်းနဲ့ နိဂုံးပါဝင်ပြီး အပိုဒ်အားလုံးကို မေးခွန်းမေးရမှာဖြစ်တယ်။ သင်တန်းကိုင်သူက စကားများများပြောခြင်းကို ရှောင်သင့်တယ်။ အချိန်ခွင့်ပြုသရွေ့ အဓိကကျမ်းချက်တွေကိုဖတ်နိုင်တယ်။ ညွှန်ကြားချက်မပေးထားရင် စာပိုဒ်များကို ဖတ်ဖို့မလိုပါ။
◼ ဆွေးနွေးရန်– ပရိသတ်ဘက်မှ အနည်းငယ်ပါဝင်ဆွေးနွေးတဲ့ ဟောပြောချက်ဖြစ်တယ်။ ဟောပြောချက်လည်းမက၊ မေးဖြေဆွေးနွေးခန်းလည်းမကျပါ။
◼ သရုပ်ပြခန်းများနှင့် လူတွေ့မေးမြန်းခန်းများ– သရုပ်ပြရန်ညွှန်ကြားချက်က ဒီအပိုင်းကိုတာဝန်ရတဲ့ ညီအစ်ကိုက သရုပ်ပြခန်းတစ်ခုပြုလုပ်ဖို့ စီစဉ်သင့်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ သရုပ်ပြခန်းမှာ သူကိုယ်တိုင်ပါဝင်ဖို့မလိုဘူး။ သူရွေးချယ်တဲ့သူတွေက အချက်ကိုပေါ်လွင်အောင် သရုပ်ပြနိုင်ပြီး ပုံသက်သေကောင်းသူဖြစ်သင့်တယ်။ ဖြစ်နိုင်မယ်ဆိုရင် သူတို့နဲ့အတူ ကြိုတင်ပြင်ဆင်ဖို့ စီစဉ်သင့်တယ်။ အလုပ်တွေဘယ်လိုပြီးမြောက်ခဲ့တဲ့အကြောင်း သရုပ်ပြခန်းမှာ ကြေညာသူအသစ်တွေနဲ့ အတွေ့အကြုံမရှိတဲ့သူတွေကို မသုံးခြင်းက အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ့ အချို့ကို အိမ်ရှင်အဖြစ်အသုံးပြုခြင်းဖြင့် အခွင့်အရေးပေးနိုင်တယ်။ တင်ဆက်မှုတစ်ခုကို သရုပ်ပြတဲ့ကြေညာသူတွေက ပရိသတ်ကို မျက်နှာမူသင့်တယ်။ လူတွေ့မေးမြန်းခန်းမှာ ပါဝင်တဲ့သူတွေက မိမိတို့ထိုင်ခုံကနေမဟုတ်ဘဲ စင်မြင့်ပေါ်ကနေ ဖြေဆိုသင့်တယ်။ သရုပ်ပြခန်းတွေနဲ့ လူတွေ့မေးမြန်းခန်းတွေကို အစမ်းလေ့ကျင့်သင့်တယ်။ အစည်းအဝေးက အချိန်ကျော်နေပြီဆိုရင် ဟောပြောသူက မိမိအပိုင်းကို အတိုချုပ်ရမှာဖြစ်တယ်။ သရုပ်ပြခန်းနဲ့ လူတွေ့မေးမြန်းခန်းတွေကို ဖျက်လိုက်မှာမဟုတ်ဘူး။ ဓမ္မအမှုထမ်းတွေက ပါဝင်မယ့်သူတွေကိုမရွေးချယ်ခင် အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဒါမှမဟုတ် နောက်အကြီးအကဲတစ်ဦးကို မေးမြန်းသင့်တယ်။
အထူးညွှန်ကြားချက်ပါတဲ့ ဟောပြောချက်အပိုင်းဖြစ်မယ်ဆိုရင် ညွှန်ကြားချက်တွေကို အသေအချာလိုက်လျှောက်သင့်တယ်။ အထက်မှာဖော်ပြထားတဲ့အတိုင်း လုပ်ငန်းတော်အစည်းအဝေး ဟောပြောချက်အပိုင်းတွေကို တင်ဆက်ခြင်းအားဖြင့် ညီအစ်ကိုတွေက လုပ်ငန်းတော်အစည်းအဝေးကို “တင့်တယ်လျောက်ပတ်စွာ၊ စည်းစနစ်တကျ ဖြစ်စေ” ရာမှာ ပါဝင်နိုင်ကြပါလိမ့်မယ်။—၁ ကော. ၁၄:၄၀။