မတ် ၂၈ အပတ်အတွက်ဇယား
မတ် ၂၈ တွင်စမည့်အပတ်
သီချင်း ၄၅ နှင့်ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၁ ပိုဒ်. ၁၆-၂၁ (၂၅ မိ.)
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ယောဘ ၁၁-၁၅ (၁၀ မိ.)
နံပါတ် ၁– ယောဘ ၁၃:၁-၂၈ (၄ မိ. သို့မဟုတ် ထိုထက်နည်း)
နံပါတ် ၂– ယေရှုကို “ဥပုသ်နေ့၏သခင်” ဟု အဘယ်ကြောင့်ခေါ်သနည်း—မ. ၁၂:၈ (၅ မိ.)
နံပါတ် ၃– ယေရှုသည် လူမဖြစ်လာမီ ကောင်းကင်၌နေခဲ့ဖူးသလော—rs စ. ၂၄၂ ပိုဒ်. ၁-၂ (၅ မိ.)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။ ဧပြီလမှာဝေငှမယ့်စာပေကို ဖော်ပြပါ၊ မဂ္ဂဇင်းများကိုလက်ခံထားသူထံ ပြန်လည်ပတ်တဲ့အခါ ကျမ်းစာသင်အံမှုစတင်နိုင်ပုံ သရုပ်ပြတစ်ခုပါဝင်စေပါ။
၁၀ မိ– ဒေသအလိုက်နှင့် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို ကူညီထောက်ပံ့ခြင်း။ ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၁၂၇ ကနေ စာမျက်နှာ ၁၂၉၊ အပိုဒ် ၂ အထိကိုအခြေခံပြီး ဟောပြောပါ။
၁၀ မိ– ဧပြီလမှာ ဝေမယ့်မဂ္ဂဇင်းတွေကို ပြင်ဆင်ပါ။ ဆွေးနွေးရန်။ မဂ္ဂဇင်းတွေရဲ့မာတိကာကို တစ်မိနစ်၊ နှစ်မိနစ် အချိန်ယူ သုံးသပ်ပါ။ အဲဒီနောက် ဆောင်းပါးနှစ်ခု၊ ဒါမှမဟုတ် သုံးခုကိုရွေးပြီး တင်ဆက်မှုမှာသုံးနိုင်တဲ့ မေးခွန်းတွေနဲ့ ကျမ်းချက်တွေကို အကြံပြုဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
၁၀ မိ– “သင် မှန်မှန်ရှေ့ဆောင် လုပ်ခဲ့ဖူးသလား။” မေးဖြေဆွေးနွေးရန်။ ဖြစ်နိုင်မယ်ဆိုရင် မှန်မှန်ရှေ့ဆောင်ကနေ နားခဲ့ပြီး အခြေအနေပြောင်းလဲသွားလို့ မှန်မှန်ရှေ့ဆောင်ပြန်လုပ်ခဲ့တဲ့ ကြေညာသူတစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။ ဘာကြောင့် မှန်မှန်ရှေ့ဆောင် ပြန်လုပ်နိုင်သလဲ။ ဘယ်ကောင်းချီးတွေ ခံစားရသလဲ။
သီချင်း ၆ နှင့်ဆုတောင်းချက်