“သနားစာနာ” ပါ
၁။ ဒီနေ့လူတွေ ဘယ်အရာကို အလွန်လိုအပ်နေသလဲ။
၁ ဒီနေ့အချိန်မှာ လူများစွာဟာ တစ်ခါနဲ့မျှမတူအောင် သနားစာနာမှု လိုအပ်နေကြတယ်။ ပျက်စီးယိုယွင်းလာတဲ့ ကမ္ဘာ့အခြေအနေကြောင့် လူများစွာဟာ ပျော်ရွှင်မှုမရှိ၊ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်ကင်းမဲ့နေကြတယ်။ သန်းနဲ့ချီတဲ့သူတွေက အကူအညီလိုအပ်နေကြပြီး ကျွန်ုပ်တို့ခရစ်ယာန်တွေအနေနဲ့ လူသားချင်းကို အမှန်တကယ်စိတ်ဝင်စားကြောင်း တင်ပြနိုင်တဲ့ အနေအထားမှာရှိတယ်။ (မ. ၂၂:၃၉; ဂလ. ၆:၁၀) စိတ်ဝင်စားကြောင်း ဘယ်လိုပြသနိုင်သလဲ။
၂။ သနားစာနာမှုပြနိုင်တဲ့ အကောင်းဆုံးနည်းက ဘာလဲ။
၂ သနားစာနာတဲ့လုပ်ရပ်တစ်ခု– စစ်မှန်ပြီး တည်မြဲတဲ့နှစ်သိမ့်မှုကို ဘုရားသခင်တစ်ပါးတည်းပဲ ပေးနိုင်တယ်။ (၂ ကော. ၁:၃၊ ၄) “သနားစာနာ” မှုပြခြင်းအားဖြင့် ယေဟောဝါကိုတုပဖို့ ကိုယ်တော် ကျွန်ုပ်တို့ကို တိုက်တွန်းတယ်၊ လူတွေထံ နိုင်ငံတော်သတင်းကောင်း သွားဟောပြောဖို့ ကိုယ်တော် ကျွန်ုပ်တို့ကို တာဝန်ပေးထားတယ်။ (၁ ပေ. ၃:၈) “နှလုံးကြေကွဲသောသူတို့” ကိုနှစ်သိမ့်ပေးနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ဒီလုပ်ငန်းမှာ အတတ်နိုင်ဆုံးပါဝင်ခြင်းဖြစ်တယ်။ အကြောင်းကတော့ ဘုရားသခင့်နိုင်ငံတော်ကသာလျှင် ဆင်းရဲဒုက္ခရောက်နေတဲ့ လူသားတွေအတွက် တစ်ခုတည်းသော စစ်မှန်တဲ့ မျှော်လင့်ချက်ဖြစ်လို့ပဲ။ (ဟေရှာ. ၆၁:၁) လူသားတွေကို သနားစာနာတဲ့အတွက် မကြာမီမှာ ယေဟောဝါက ဆိုးယုတ်မှုအားလုံးကိုဖယ်ရှားပြီး ဖြောင့်မတ်တဲ့ ကမ္ဘာသစ်ကို တည်ထောင်ပါလိမ့်မယ်။—၂ ပေ. ၃:၁၃။
၃။ လူသားတွေအပေါ် ယေရှု ရှုမြင်သလို ကျွန်ုပ်တို့ ဘယ်လို ရှုမြင်နိုင်သလဲ။
၃ လူတွေကို ယေရှု ရှုမြင်သလို ရှုမြင်ပါ– လူအုပ်ကြီးကို ယေရှုဟောပြောတဲ့အခါမှာ သူတို့ကို အုပ်စုတစ်စုအဖြစ်လောက်ပဲ မရှုမြင်ခဲ့ဘူး။ တစ်ဦးချင်းစီကို ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေး တည်ဆောက်ဖို့လိုတဲ့သူအဖြစ် ရှုမြင်ခဲ့တယ်။ သူတို့တွေက လမ်းပြမယ့်သူမရှိတဲ့ ထိန်းသူမဲ့သိုးတွေနဲ့ တူတယ်။ သူတို့ကို ကိုယ်တော်မြင်တဲ့အခါ စိတ်ထိခိုက်ပြီး စိတ်ရှည်စွာ သွန်သင်ပေးခဲ့တယ်။ (မာ. ၆:၃၄) လူတွေကို ယေရှု ရှုမြင်သလို ရှုမြင်မယ်ဆိုရင် တစ်ဦးချင်းစီအပေါ် စစ်မှန်တဲ့သနားစာနာမှု တင်ပြနိုင်မှာဖြစ်တယ်။ ဒါက ကျွန်ုပ်တို့ရဲ့ လေသံနဲ့ မျက်နှာမှာ ပေါ်လွင်နေမှာဖြစ်တယ်။ ဟောပြောခြင်းက ကျွန်ုပ်တို့ရဲ့ ဦးစားထားရာဖြစ်မယ်၊ လူတစ်ဦးချင်းစီရဲ့ စိုးရိမ်ပူပန်မှုပေါ်မူတည်ပြီး စကားအသုံးအနှုန်းတွေကို အလိုက်သင့် ပြောင်းလဲမှာဖြစ်တယ်။—၁ ကော. ၉:၁၉-၂၃။
၄။ သနားစာနာမှုကို ကျွန်ုပ်တို့ ဘာကြောင့် အမြဲတင်ပြသင့်သလဲ။
၄ လူမျိုးတကာမှထွက်လာတဲ့ လူအုပ်ကြီးက နိုင်ငံတော်သတင်းတရားအပြင် သူတို့အပေါ်ပြသတဲ့ စိတ်ဝင်စားမှုကြောင့် ကောင်းစွာတုံ့ပြန်ခဲ့ကြတယ်။ ကျွန်ုပ်တို့က သနားစာနာမှုကို အမြဲတင်ပြခြင်းအားဖြင့် သနားစာနာမှုရှိတဲ့ ဘုရားသခင်ယေဟောဝါကို ဂုဏ်တင်ရာရောက်ပြီး ကိုယ်တော့်မျက်နှာသာ ရရှိစေပါလိမ့်မယ်။—ကော. ၃:၁၂။